အဘယ်ကြောင့်လူကြီးများ၏ အာဟာရသည် ပြုစုစောင့်ရှောက်သူ၏ဦးစားပေးဖြစ်သင့်သနည်း။

ကျွန်ုပ်တို့အသက်အရွယ်ရလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သဘာဝအာဟာရဓာတ်များကို စီမံဆောင်ရွက် နိုင်စွမ်းသည်ပြောင်းလဲလာသည်။အစားအစာရွေးချယ်မှုကို စိတ်ဆန္ဒအလျောက်ရွေးချယ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူကြီး အများစုသည် အာဟာရချို့တဲ့သည်မှာပိုများပါသည်။ ကောင်းမွန်သော အာဟာရသည် ဟန်ချက်ညီမှုနှင့် ခန္ဓာကိုယ်မှလိုအပ်သောအရာအားလုံးကို ထောက်ပံ့ပေးသည်။ အသက်ကြီးရင့်လာသည့်အပြင်ထပ်ဖြည့်ထားသော ကျန်းမာရေးအခြေအနေများနှင့်အညီ ချစ်ခင်သူတစ်ဦး၏ အာဟာရလိုအပ်ချက်များအားဂရုစိုက်ခြင်းသည် စောင့်ရှောက်သူ၏ ဦးစားပေးဖြစ်သင့်သည်။

ဘာကြောင့်လဲ?

သင့်လျော်သောအာဟာရဓာတ်ချို့တဲ့ခြင်းကအခြားကျန်းမာရေးအခြေအနေများသို့ဘေးထွက်ဆိုးကျိုးများထပ်တိုးလာပြီးချစ်ခင်သူတစ် ဦး ၏ဘဝအရည်အသွေးကိုလျော့ကျစေနိုင်သည်။ လုံလောက်သောအာဟာရသည် စောစောစီးစီး အရိုးပွခြင်း၊ နှလုံးရောဂါများ၊ ကိုလက်စထရောမြင့်မားခြင်း၊ ပုံမှန်မဟုတ်သောသွေးဖိအားတို့ကို ကာကွယ်ပေးပြီး လူကြီးများတွင် ထိုအခြေအနေများရှိနေလျှင် ၎င်းတို့ကို ပိုမိုကောင်းမွန်စွာစီမံရန် ကူညီပေးလိမ့်မည်။လူကြီးတစ်ဦးသည် ဤအာဟာရဓာတ်များ လုံလောက်စွာရရှိနေကြောင်း သေချာပါစေ။

အမျှင်ဓာတ်များ – အမျှင်ဓာတ်သည် ခန္ဓာကိုယ်အနှံ့သို့ ရွေ့လျားရန်ကူညီပေးသည်။ နေထိုင်မှုပုံစံများပြောင်းလဲခြင်း (သို့မဟုတ်) အမျှင်ဓာတ်ချို့တဲ့သည့်ပုံမှန်မဟုတ်သောအစားအစာ၏ ရာဇဝင်သည်နှင့် အမျှင်ဓာတ်ချို့တဲ့ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။

အသားဓာတ် – အသားဓာတ်သည် တက်ကြွမှုအတွက်သာမဟုတ်ပါ။ပရိုတင်းလုံလုံလောက်လောက်မရသော လူကြီးများသည် ကြွက်သားများအားနည်းပြီး အနာကျက်ခြင်းကို နှေးကွေးစေပြီး ခုခံအားကျဆင်းသည်။ လူကြီးများသည် ခန္ဓာကိုယ်မှလုပ်ဆောင်နိုင်စွမ်းအားနည်းသောကြောင့် လူငယ်များနှင့် နှိုင်းယှဉ်လျှင် ပရိုတင်းပမာဏ ၂ဆလိုအပ်သည်။

ကယ်လ်စီယမ် – ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးဆုံးရှုံးမှုမြန်ဆန်ပြီး အရိုးတစ်သျှူးအစားထိုးရာတွင် ခန္ဓာကိုယ်သည်နှေးကွေးသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် ပြိုကွဲခြင်းနှင့်အသစ်ပြုပြင်ခြင်းကို အမြဲမပြတ်လုပ်နေသည်။ အကယ်၍ လူကြီးတစ်ဦးသည်ကယ်လ်စီယမ်ဆုံးရှုံးနေပါက ၎င်းတို့၏ ခန္ဓာကိုယ်သည် အရိုးများနှင့်သွားများမှ ကယ်လ်စီယမ်များထုတ်ယူမည်ဖြစ်သောကြောင့် ကြွပ်ဆပ်သောအရိုးများနှင့် ဝါးခြင်းဆိုင်ရာပြဿနာများကိုဖြစ်စေသည်။

ဗီတာမင် A နှင့် B – ကြွက်သားနှင့်အာရုံကြောအားနည်းခြင်းသည် လူကြီးများတွင်အဖြစ်များပြီး ဗီတာမင် A နှင့် B နှစ်ခုလုံးသည် သိမြင်မှုလုပ်ဆောင်မှုအတွက်မရှိမဖြစ်လိုအပ်သည်။အာရုံကြောအားနည်းခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း နှင့် အစောပိုင်းအာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများသည် သက်ကြီး ရွယ်အိုများ၏ စားသောက်မှုပုံစံများကို ထိခိုက်စေရုံသာမက ၎င်းတို့၏ယေဘူယျ ဘဝ အရည်အသွေးကိုပါထိခိုက်စေသည်။

အဆီဓာတ် သို့မဟုတ် အဆီများ – ၎င်းအရာများသည် လူကြီးတစ်ဦးတွင် အများကြီးမရှိတာသေချာဖို့ သင်သေချာလုပ်ရမည့်အချက်ဖြစ်သည်။အရသာကျဆင်းလာမှုကို ဖြည့်ဆည်းရန်ပြည့်ဝဆီများ ဆိုဒီယမ်နှင့် သကြားများစားသုံးကြသည်။၎င်းသည်သွေးကြောများနှင့် သွေးပြန်ကြောများတွင် အဆီလွှာများဖြစ်ပေါ်စေပြီး အဝလွန်ခြင်းကို ဖြစ်စေသည်။ လူကြီးတစ်ဦးသည် ၎င်းတို့၏အသက်အရွယ်ပျမ်းမျှထက် ကိုယ်အလေးချိန်ပိုများနေသောကြောင့်အခြားရောဂါများကိုရှောင်ရှားရန် မှန်မှန်ကန်ကန် စားနေသည်ဟုမဆိုလိုပါ။

တိုးတက်ရန်နည်းလမ်းများ

ရှုပ်ထွေးမှုနည်းသောလုပ်ငန်းစဉ်သည် လူကြီးများ၏ အာဟာရကိုတိုးတက်စေပြီး ၎င်းတို့နှင့်လိုက်လျော ညီထွေရှိလေပိုကောင်းလေဖြစ်သည်။ စောင့်ရှောက်သူသည် လူကြီးတစ်ဦး၏ အာဟာရကို ပံ့ပိုးပေးခြင်းဖြင့် တိုးတက်စေနိုင်သည်။

ကိုယ်ကာယ လှုပ်ရှားမှု – သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးသည်၊ အာရုံကြောများတက်ကြွစေခြင်း၊ ကြွက်သားများနိုးကြားခြင်းနှင့် မှတ်ဉာဏ်အားကောင်းစေသည်။၎င်းသည် ဆာလောင်မွတ်သိပ်မှုကို အားပေးအားမြှောက်ပြု၍ အာဟာရတိုးတက်စေရန်ကူညီသည်။

ရေဓာတ်များ တိုးခြင်း – စားသုံးမှု သို့မဟုတ် အခြားရေဓာတ်ပါဝင်မှုများသောအစားအစာများ။ ၎င်းအရာ ၂ခုလုံး၏ တိုးတက်လာသည့်ပမာဏသည် ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးလိမ့်မည်ဖြစ်သောကြောင့် လူကြီးများသည် အသက်အရွယ်ရလာသည်နှင့်အမျှ ရေငတ်ခြင်းကို ခံစားကြရသည်။

ကယ်လိုရီပါဝင်မှုနည်းသောအစားအစာများ – အစေ့အဆန်များ၊ လတ်ဆတ်သောဟင်းသီးဟင်းရွက်များ (သို့မဟုတ်) သစ်သီးများ၊ ပဲအနီများ၊ လွှတ်မွေးထားသောကြက်သားများနှင့် အော်ဂဲနစ်ဥများသည် နှလုံးလုပ်ငန်းဆောင်တာများကို တိုးတက်စေရုံသာမက လူကြီးများသည် ပိုမိုပြည့်စုံပြီး အားအင်ခံစားရလိမ့်မည်။ အာဟာရဖြည့်စွက်စာများ ( ဥပမာ Ensure ကဲ့သို့သော သောက်သုံးရသည့်အာဟာရဖြည့်စွက်စာများ) ကို အစာအစားထိုး သို့မဟုတ် နေ့စဉ်လိုအပ်ချက်များအကြား ဖြည့်ဆည်းပေးနိုင်သည်။

အမျိုးအစားစုံလင်မှု – အစားအစာများကို လူကြီးများအတွက်ရွေးချယ်ခွင့်ပေးရုံတင်မကဘဲ ၎င်းတို့လိုအပ်နေသောအာဟာရဓာတ်များရှရှိစေသောကြောင့် အစားအစာအမျိုးအစား စုံလင်မှုသည် အဓိကကျပါသည်။

ပုံစံများပြောင်းလဲခြင်း – ပုံစံများပြောင်းလဲခြင်းသည် လူကြီးများအား ဝါးစားခြင်း၊ မျိုချခြင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများကြောင့် အစာစားခြင်း ဆိုင်ရာပြဿနာများကို ကျော်လွှားရန် ကူညီပေးလိမ့်မည်။

လူမှုပေါင်းသင်းဆက်ဆံရေးတိုးတက်စေခြင်း – လူမှုပေါင်းသင်းဆက်ဆံရေးတိုးတက်လာခြင်းသည် စိတ်ကို လှုံ့ဆော်ပေးပြီး အထီးကျန်မှုကိုကာကွယ်ပေးသည်။ အစားအစာကို အပေါင်းအဖော်များနှင့်စားခြင်းသည် ပိုအဆင်ပြေစေပါသည်။အခြားသူများအစားအစာများ ပျော်ရွှင်စွာစားသောက်ခြင်းကို မြင်နိုင်ခြင်းဖြင့် ၎င်းသည် သင်၏ချစ်ရသူကို တူတူလုပ်ဆောင်ရန်အားပေးနိုင်သည်။

References:

  1. https://www.parentgiving.com/elder-care/special-nutrition-considerations-for-senior-and-the-elderly/
  2. https://medlineplus.gov/nutritionforolderadults.html
  3. https://www.homecareassistancewaterloo.ca/importance-of-nutrition-for-the-elderly/
  4. https://ensureindia.in/our-story