အဘယ်ကြောင့်အာဟာရနှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်ကြွက်သားသန်စွမ်းမှုကိုထိန်းသိမ်းပေးထားသနည်း

ကျွန်ုပ်တို့သည် အိုမင်းသွားသောအခါ ကိုယ်ခန္ဓာဖွဲ့စည်းမှုများပြောင်းလဲသွားသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ကောင်းမွန်သောအာဟာရကို ရရှိရန်နှင့် ကြွက်သားသန်စွမ်းမှုကို လေ့ကျင့်ထိန်းသိမ်းရန် ယခင်ထက်ပို၍အရေးကြီးလာပါသည်။ “အသုံးပြုပါ ဆုံးရှုံးပါ” သို့မဟုတ် “ကောင်းမွန်စွာ ဆီထည့်ထိန်းသိမ်းထားသောစက်သည် ကောင်းမွန်စွာလည်ပတ်သည်” ဟူသောစကားကဲ့သို့ပင် ကြွက်သားသန်စွမ်းမှုအားထိန်းသိမ်းရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုသည် အခြားအရာများထက်ပို၍ အကျိုးရှိသည်။

သင်၏ အမှီအခို ကင်းမဲ့မှု ကို ကူညီပေးသည်။

ကျွန်ုပ်တို့၏ အရိုးကြွက်သားစနစ်သည် လူတစ်ဦီး ကိုယ်အလေးချိန်၏ တစ်ဝက်ခန့်ရှိသည်။ ထို့ကြောင့် ၎င်းစနစ်၏ မည်သည့်အစိတ်အပိုင်းမဆို နှောင့်ယှက်မှုများရှိလျှင် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများတွင် အမှီအခို ကင်းမဲ့မှု ကို များစွာ လျော့နည်းသွားစေပါသည်။ Sarcopenia ( အသက်နှင့်ဆိုင်သောကြွက်သားဆုံးရှုံးမှု) သည် သင့်အား ဆုပ်ကိုင်မှုအားဆုံးရှုံးမှုကြောင့်ပစ္စည်းများလွတ်ကျခြင်းကဲ့သို့ ခဏတာအဆင်မပြေမှုများသာမက ရေရှည်တွင် ကြွက်သားသန်စွမ်းအားနည်းခြင်းကိုပါ ဖြစ်စေပါသည်။ Sarcopenia သည် အသက်ကြီးသည့်အချိန်တွင်သာ ဖြစ်တတ်သည့်ရောဂါတစ်ခု ဟုသတ်မှတ်ထားခြင်းမဟုတ်ပါ။ ၎င်းသည် အသက် ၄၀ နှစ်နှင့် နောက်ပိုင်း ဆယ်စုနှစ်တစ်ခုစီတိုင်းတွင် ကြွက်သား ၃% မှ ၅% နှုန်းအထိကြွက်သား ဆုံးရှုံးမှုများဖြစ်ပွားသည်။ ကျွန်ုပ်တို့၏ အရိုးကြွက်သားစနစ်အားကျန်းမာစေရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံးမလုပ်ဆောင်ပါက ထိုဆုံးရှုံးနှုန်းသည် ပိုမိုမြင့်မားနိုင်ပါသည်။

ဖျားနာမှုနည်းအောင်ကူညီပေးသည်။

ကျန်းမာသောကြွက်သား ပဒေသာစနစ်က သင့်အထွေထွေကျန်းမာရေးအတွက် ဘယ်လိုအရေးကြီးကြီး ကျွန်ုပ်တို့သည် ကြွက်သားကျန်းမာခြင်းဖြင့် ခုခံအားစနစ်ကို သက်ရောက်ပုံကို မေ့ထားတတ်ကြသည်။ အချိန်ကြာမြင့်စွာနေမကောင်းဖြစ်ခြင်းသည် ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများသာမက သင့်ဘဝတွင်‌ ပျော်ရွှင်စွာမနေရသောကြောင့် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါသည်။ ကြွက်သားများသန်စွမ်းသော လူကြီးတစ်ဦး နေမကောင်းဖြစ်သည့်အချိန်တွင် အမိုင်နိုအက်စစ်များထုတ်လုပ်မှုကောင်းသောကြောင့် နေမကောင်းဖြစ်ခြင်းမှ အမြန်သက်သာစေရန်ကူညီပေးပါသည်။ လူကြီးများတွင် နာတာရှည်ရောင်ရမ်းခြင်း (ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ခြင်း) ကြွက်သားများသန်မာအောင်တည်ဆောက်ထားခြင်းဖြင့် မော်လီကျူးများထုတ်လုပ်ပေးသောကြောင့် ၎င်းရောင်ရမ်းမှုများကို လျှော့ချရန်ကူညီပေးနိုင်ပါသည်။ ထို့အပြင် အခြားနာတာရှည်ရောဂါ ဖြစ်ပွားခြင်းများကိုလည်း လျော့နည်းစေပါသည်။

သင့်နှလုံးကျန်းမာရေးကို ကူညီပေးသည်။

ဘဝတွင်ကောင်းမွန်စွာနေထိုင်သည့်တိုင် နှလုံး အလုပ်လုပ်ခြင်းသည် အဘယ်ကြောင့်အမြဲတမ်း ပေါ်ပေါက် လာရကြောင်းသင်သိလိုပါသလား။ အဘယ်ကြောင့်ဆိုသော်သင်၏ နှလုံးသည် ကြွက်သားကိုထိန်းသိမ်းသကဲ့သို့ ထိန်းသိမ်းသင့်သည့် အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သင်သည် ပိုမိုသန့်ရှင်းသောအစားအစာနှင့် လေ့ကျင့်ခန်းကိုလုပ်နေစဉ် ခန္ဓာကိုယ်တွင်းရှိအဆီနှင့် ကိုလက်စထရောကို လျော့နည်းစေသည်။ ၎င်းသည် နှလုံးကျန်းမာရေးနှင့် သွေးတွင်းအဆီများအပေါ် သက်ရောက်စေသောအရာများဖြစ်သည်။ “အသုံးပြုခြင်း သို့မဟုတ် ဆုံးရှုံးခြင်း” ဟူသည့်စကားပုံကိုပြန်ပြောရမည်ဆိုလျှင် နှလုံးလေ့ကျင့်ခြင်း၊ ကျန်းမာစေခြင်း၊ သွေးစီးဆင်းမှုကို တိုးတက်စေခြင်း နှင့် ကြွက်သားအတွင်းအာဟာရဓာတ်များကို ဖြန့်ဝေခြင်းတို့ဖြစ်သည်။ နောက်ဆုံးအကျိုးရလဒ်မှာ ကျန်းမာသန်စွမ်းပြီး သက်လုံကောင်းသော ခန္ဓာကိုယ် နှင့် နှလုံးများကြောင့် သက်တောင့်သက်သာရှိပါက သင်၏ဘဝကို ပိုမိုပျော်မွေ့ပါလိမ့်မည်။

သင်သည်မြင့်မားသော အကျိုးသက်ရောက်မှုများနှင့် ဒဏ်ရာများကို လျော့ချနိုင်ရန်အတွက် အဓိက အစာ အာဟာရအစီစဉ်များနှင့် လေ့ကျင့်ခန်းများကို ပြောင်းလဲခြင်းမပြုလုပ်မီ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အမြဲတမ်းတိုင်ပင်သင့်ပါသည်။ အကယ်၍သင်သည် သင်စားသုံးလိုက်သော အစားအစာများမှ လိုအပ်သော အာဟာရများကိုတိုးစေလိုလျှင် ဖြည့်စွက်ခြင်းသည် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ Ensure ဖြည့်စွက်အာဟာရများတွင် ကယ်လ်ဆီယမ်၊ ဖော့စဖောရတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဒီ၊ ကေ နှင့် HMB ( Hydroxymethylbutyrate ကြွက်သားတည်ဆောက်ရာတွင် leucine ၏ဇီဝဖြစ်ပျက်ခြင်း) တို့နှင့် ဖော်စပ်ထုတ်လုပ်ထားသောကြောင့် လူကြီးများ၏ ကြွက်သားသန်စွမ်းမှု ထိန်းသိမ်းရာတွင် အကူအညီပေးပါသည်။

သင့်ခန္ဓာကိုယ်အား အကောင်းဆုံးထိန်းထားနိုင်၍ အကျိုးများပေမယ့် သင့်အနေနှင့် စားသောက်ပုံ၊ လေ့ကျင့်ခန်းအသစ် စတင်မည်ဆိုလျှင် ဆေးဘက်ဆိုင်ရာ ပညာရှင်၏ အကြံဉာဏ်ကို ရယူရမည်။

သင့်ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ကို မြှင့်တင်ပြီး လိုအပ်သောအာဟာရဓာတ်များရရှိစေရန် Ensure ကဲ့သို့ဖြည့်စွက်စာများသည် သင်၏ လိုအပ်သော ကယ်လ်ဆီယမ်၊ ဖော့စဖောရက်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဒီ၊ ကေ တို့ကို လုံလောက်စေနိုင်ပါသည်။

Ensure တွင်ပါဝင်သည့် HMB ( Hydroxymethylbutyrate, ကြွက်သားတည်ဆောက်မှုအတွက် leucine၏ ဇီဝဖြစ်ပျက်မှု) သည် သင့်ခန္ဓာကိုယ်၏ ကြွက်သားသန်စွမ်းမှုကို ထိန်းသိမ်းရာတွင် ကူညီပေးပါသည်။

References:

  1. https://abbottnutrition.com.my/adult-nutrition/flex-your-strength
  2. https://www.eatingwell.com/article/275991/how-to-eat-and-exercise-to-prevent-age-related-muscle-loss-from-sarcopenia/
  3. https://www.smh.com.au/lifestyle/health-and-wellness/how-muscle-helps-to-build-a-healthy-immune-system-20200706-p559ec.html
  4. https://www.ph.abbott/products/nutrition/list-of-products/ensure-gold.html

Additional Readings:

  1. https://www.ncbi.nlm.nih.gov/pmc/articles/PMC2100208/