အသက်ကြီးလာသည့်အချိန်တွင် နေ့တိုင်းသန်စွမ်းနေ့ဖို့သည်အဘယ်ကြောင့် သော့ချက်ဖြစ်သနည်း။
![]() |
အသက်ကြီးလာသည့်အချိန်တွင် နေ့တိုင်းသန်စွမ်းနေ့ဖို့သည်အဘယ်ကြောင့် သော့ချက်ဖြစ်သနည်း။
ကမ္ဘာပေါ်ရှိအရာများအားလုံးကဲ့သို့ အိုမင်းခြင်းသည် ကျွန်ုပ်တို့တည်ရှိမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အချိန်နာရီများကို မရပ်တန့်နိုင်သော်လည်း ကျွန်ုပ်တို့အားလုံး၏ထိန်းချုပ်မှုအောက်တွင် ကျွန်ုပ်တို့သည် ဘယ်လိုကောင်းစွာ အသက်ရှင်နေထိုင်နိုင်သနည်း။ အသက်ရွယ်ကြီးသည့်အချိန်တွင် သန်မာခြင်း နှင့် ပျော်ရွှင်ခြင်း၊ ကျွန်ုပ်တို့စားသောက်သောအစားအစာများမှစ၍ ကျွန်ုပ်တို့လုပ်ငန်းများထိန်းသိမ်းခြင်းနှင့် ကျွန်ုပ်တို့ကိုယ်တိုင် မိမိကိုယ်ကို နေ့စဉ်ဘဝ၌ မည်သ်ို့ထားရှိသည့် အကျင့်စရိုက်စသည့်အရာအားလုံးသည် အဓိကပါဝင်ပတ်သက်ပါသည်။
တက်ကြွစွာနေထိုင်ခြင်းဆိုသည်မှာ အားကစားရုံ၌လေ့ကျင့်ခန်းပြုလုပ်ခြင်းမဟုတ်ပါ။
ကျန်းမာသောဘဝကို ရှင်သန်ရန်လေ့ကျင့်ခန်းနှင့် အစားအသောက်သည် သော့ချက်ဖြစ်သော်လည်း ၎င်းတို့သည် အားလုံးမပြည့်စုံနိုင်ပါ။ တတ်ကြွစွာနေထိုင်ခြင်းတွင် လေ့ကျင့်ခန်းလုပ်ခြင်းသာမက သူငယ်ချင်းများနှင့် အတူလုပ်ကိုင်ခြင်း၊ ရပ်ရွာများကို ကူညီခြင်းနှင့် ခရီးသွားခြင်းတို့ပါဝင်သည်။ ဝါသနာပါရာ ၂ မျိုး ၃ မျိုးကိုပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်ဆဲလ်များလုပ်ဆောင်ခြင်းကို ပိုမိုကောင်းမွန်အောင်ကူညီပေးပါသည်။ ထို့ကြောင့်ရုပ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို နှေးကွေးစေပါသည်။ ၎င်းလှုပ်ရှားမှုများသည် သင့်ကို တွန်းအားပေးသည့် လှုပ်ရှားမှုများဟု ခေါ်သောအရာများဖြစ်ကြသည်။ ၎င်းတို့သည် စိတ်နှင့်ခန္ဓာအတွက် လိုအပ်သော လေ့လာမှု၊ ထိတွေ့ခံစားမှုနှင့် Serotonin (တည်ငြိမ်စေသော စိတ်ခံစားမှု၏အဓိကဟော်မုန်း) ထုတ်လုပ်ရန်အတွက် အခွင့်အလမ်းများပေးပါသည်။ ထို့အပြင် မည့်သည့်ပုံစံနှင့်မဆို တက်ကြွစွာနေထိုင်ခြင်းသည် နှလုံးကျန်းမာရေးကို တိုးတက်စေသည့်အပြင် ဦးနှောက်၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကို အထောက်အကူပြုပါသည်။ ကမ္ဘာအနှံ့ခရီးသွားပါ၊ သင်၏စာရင်းထဲမှအရာများကို စတင်ပြုလုပ်ပါ၊ ဖြစ်နိုင်လျှင် သူငယ်ချင်းတစ်ယောက် နှင့်အတူပြုလုပ်ပါ။
လူမှုဆက်ဆံရေးနှင့် စိတ်ဝင်စားဖွယ်ရများကိုရှာဖွေခြင်း
ကျွန်ုပ်တို့လူသားများသည် တာဝန်များမလိုအပ်သော ပျော်ရွှင်စရာများကိုသာ လုပ်ဆောင်ရသော နေ့ရက်များကို အလိုရှိကြသည်။ ကျွန်ုပ်တို့ဖြတ်သန်းသည့်နေ့ရက်များတွင် မိမိနှင့်စိတ်တူကိုယ်တူ လူများနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်ခြင်း နှင့် ဂရုစိုက်တတ်သော မိသားစု ရှိခြင်းသည် ပိုမိုကောင်းမွန်စေပါသည်။ ပျော်ရွှင်ခြင်းသည် ကျွန်ုပ်တို့၏ အသက်အရွယ်ပေါ်တွင် သိသိသာသာ သက်ရောက်မှုရှိပါသည်။ အထီးကျန်ခြင်းသည် အသက်ကိုတိုစေသည်မှာအပြောသက်သက်မဟုတ်ပါ။ ၎င်းအထီးကျန်ခြင်းသည် ဘဝ၏အရည်အသွေးကို အမှန်တကယ်အန္တရာယ်ဖြစ်စေပါသည်။ အထီးကျန်ခြင်းသည် နာတာရှည်ရုပ်ပိုင်းဆိုင်ရာရောဂါများ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့ပင် အန္တရာယ်ရှိသည်ဟု ဆိုကြသည်။ သင့်ကိုအမှန်တကယ်ဂရုစိုက်သူများနှင့်တွေ့သောအခါ သင်ရောဂါတစ်ခုခုနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုရောဂါကို အလွယ်တကူဖြတ်ကျော်နိုင်ပါသည်။
အစားအစာအတွက်စဉ်းစားခြင်း
ကျွန်ုပ်တို့အသက်ကြီးလာသည့်တိုင် နုပျိုသောနှလုံးနှင့် ဂရုစိုက်ရန်အတွက် ခန္ဓာကိုယ်ရှိသေးသည်။ ကျွန်ုပ်တို့စားသုံးသော အစားအစာကို အနည်းငယ်အာရုံစိုက်ခြင်းဖြင့် အိုမင်းခြင်းနှင့် ဆက်စပ်သောရောဂါများ၏ အန္တရာယ်ကို များစွာလျှော့ချနိုင်ပါသည်။ နောက်ဆုံးတွင် သင်၏နုပျိုသောစိတ်ကို ထိန်းသိမ်းနိုင်ရန်အတွက် ကျန်းမာသောခန္ဓာကိုယ်လိုအပ်ပါသည်။ သင်သည် လူမှုမီဒီယာများပေါ်ရှိ အစားအစာခေတ်ရေစီးကြောင်းကို လိုက်နာရန်မလိုပါ။ အလွန်အကျွံပြုပြင်ထားသော အသားများနှင့် သကြား၊ ဆိုဒီယမ်များစွာပါဝင်သည့် ထုပ်ပိုးထားသည့်အစားအစာများကို စားသုံးရန်ရှောင်ကြဉ်ပါ။ ကျန်းမာရေးကိုဦးစားပေးပြီး အရောင်ရင့်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ သို့မဟုတ် အမျှင်ဓာတ်နှင့် ကာရိုတိုနိုက်ကြွယ်ဝသော အစားအစာများကို ပိုမိုစားသုံးပါ။
ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ပြောင်းလဲခြင်း သို့မဟုတ် အစားအသောက်အစီစဉ်များပြောင်းလဲခြင်း မပြုလုပ်မီဆေးဖက်ဆိုင်ရာ ပညာရှင်တစ်ဦးဦး၏ အကြံဉာဏ်များယူပြီး ဒဏ်ရာများရခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်ခြင်းများမှ ရှောင်ရှားပါ။ ထို့အပြင် Ensure ကဲ့သို့အာဟာရဖြည့်စွက်စာများကို သောက်သုံးခြင်းသည် သင်၏လိုအပ်နေသောအာဟာရများကို ဖြည့်ဆည်းပေးနိုင်ပါသည်။ Ensure တွင်ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ဗီတာမင် ဒီ၊ ကေ နှင့် HMB ( Hydroxymethylbutyrate ကြွက်သားတည်ဆောက်မှုအတွက် Leucine ၏ဇီဝဖြစ်ပျက်မှု) နှင့်အတူ လူကြီးများ၏နေ့စဉ်သန်မာမှုများကို ထိန်းသိမ်းရန်နှင့် အာဟာရလိုအပ်ချက်များ နှင့် ကိုက်ညီရန်အတွက် သိပ္ပံနည်းကျဖော်စပ်ထားပါသည်။
References:
- https://abbottnutrition.com.my/adult-nutrition/Doing-Love-Most-Important
- https://www.nytimes.com/guides/well/how-to-age-well
- https://www.cbsnews.com/news/which-hobbies-help-an-aging-brain/
This design is incredible! You definitely know how to keep a reader amused. Between your wit and your videos, I was almost moved to start my own blog (well, almost…HaHa!) Fantastic job. I really enjoyed what you had to say, and more than that, how you presented it. Too cool!|
Awesome blog! Do you have any helpful hints for aspiring writers? I’m hoping to start my own blog soon but I’m a little lost on everything. Would you suggest starting with a free platform like WordPress or go for a paid option? There are so many choices out there that I’m completely confused .. Any tips? Appreciate it!|
Hello to all, the contents existing at this web page are genuinely remarkable for people knowledge, well, keep up the good work fellows.|
Thank you for the auspicious writeup. It in fact was a amusement account it. Look advanced to more added agreeable from you! However, how could we communicate?|
When I originally commented I clicked the “Notify me when new comments are added” checkbox and now each time a comment is added I get three emails with the same comment. Is there any way you can remove people from that service? Thank you!|
Spot on with this write-up, I actually think this website needs far more attention. I’ll probably be returning to read through more, thanks for the info!|
Why visitors still use to read news papers when in this technological globe all is existing on net?|
This excellent website really has all the information I needed concerning this subject and didn’t know who to ask. |
Thank you, I have recently been searching for info approximately this topic for ages and yours is the greatest I have discovered till now. But, what about the conclusion? Are you positive about the source?|
Greetings! Very helpful advice within this article! It’s the little changes that make the greatest changes. Many thanks for sharing!|