ကြွက်သားများပြန်လည်ကောင်းမွန်စေရန် ပြုစုစောင့်ရှောက်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

လေ့ကျင့်ခန်းအနည်းငယ်ကို တစိုက်မတ်မတ် ပြုလုပ်ခြင်းသည် မလုပ်ခြင်းထက် သာလွန်သည်မှာ အမှန်ပင်ဖြစ်သည်။ နာကျင်ခြင်း.၊ ဒဏ်ရာများ သို့မဟုတ် အလေ့အထများပြောင်းလဲခြင်းကဲ့သို့ အရာများသည် ကျန်းမာရေးအခြေအနေကြောင့်ဖြစ်နိုင်သည်။ လေ့ကျင့်ခန်းလုပ်ရန် အသက်ကန့်သတ်ချက်မရှိခြင်းဟု ယုံကြည်ရန်မှာ အကြောင်းပြချက်ပိုများပါသည်။ လေ့ကျင့်ခန်းသည် အသက်ရှည်ခြင်းအတွက် အဓိကသော့ချက်ဖြစ်ပြီး လူကြီးတစ်ဦး၏ ဘဝတွင် လေ့ကျင့်ခန်းမပြုလုပ်ပါက ကြွက်သားအားနည်းခြင်း (သို့မဟုတ်)ဆုံးရှုံးခြင်း (Sarcopenia) ကြောင့် ချော်လဲနိုင်ခြေပိုများခြင်း၊ နှလုံးပြဿနာများနှင့် ကြီးမားသည့်ဆုံးရှုံးမှုမှာ လွတ်လပ်စွာလှုပ်ရှားနိုင်မှု ဆုံးရှုံးခြင်းဖြစ်သည်။ ယနေ့ကျွန်ုပ်တို့သည် ကြွက်သားကျန်းမာရေးကိုအထောက်အကူပြုသည့် အိုမင်းခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်းဆိုင်ရာ ယုံကြည်မှု ၃ ခုကို လေ့လာသွားပါမည်။

အိုမင်းခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်းဆိုင်ရာယုံကြည်မှုများ

အသက်ရှည်ခြင်းနှင်ကြွက်သားကျန်းမာရေးသည် တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုသည် ပို၍အရေးကြီးလာပါသည်။ ဒဏ်ရာကိုစိုးရိမ်ခြင်းမှသည် “လေ့ကျင့်ခန်းလုပ်ခြင်းသည် ငယ်ရွယ်သူများအတွက်သာဖြစ်သည်” ဟူသည်အထိ အများစု ယုံကြည်နေမှုများသည် စိတ်ဓာတ်ကျမှုကို ပိုမိုဖြစ်စေပါသည်။

ယုံကြည်ခြင်း ၁။ “ငါအသက်ကြီးနေပြီ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ရန် အားနည်းနေသည်”

အမှန်မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အတွက် သင့်လျော်သော လေ့ကျင့်ခန်းပုံစံအချို့သည် နာကျင်မှုကို စီမံခန့်ခွဲခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် အထူးသဖြင့် ကြွက်သားခွန်အားကို တိုးမြင့်လာစေနိုင်သည်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း နှင့် အချို့သော နှလုံးကျန်းမာရေးဆိုင်ရာ လုပ်ရိုးလုပ်စဉ်များသည် ထိခိုက်မှုနည်းသောလေ့ကျင့်ခန်းများဖြစ်သောကြောင့် အသက် ၇၀ နှင့်အထက် လူကြီးများအတွက်ဘေးကင်းပါသည်။ ၎င်းတို့သည် အဆစ်အမြစ်ပေါ်တွင် အလွန်အမင်းတင်းမာမှုများမဖြစ်စေဘဲ ခံနိုင်ရည်ရှိသောကြိုးများ၊ ပေါ့ပါးသော အလေးများ သို့မဟုတ် အေရိုးဗစ်လုပ်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများသည် သင့်အိမ်တွင် သက်တောင့်သက်သာ လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင်နေမကောင်းဖြစ်ခြင်းမှ ပြန်လည်ကောင်းမွန်လာသည့်အခါတွင် လုပ်ဆောင်နိုင်သည်။

ယုံကြည်ခြင်း ၂ ။ “ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းသည် ငါတို့အသက်အရွယ်တွေအတွက် ထိခိုက်ဒဏ်ရာရနိုင်ချေ ပိုများသည်။”

အကယ်၍ ဘေးကင်းလုံခြုံစွာရွေးချယ်ထားသောလေ့ကျင့်ခန်းများသည် သင်စတင်လုပ်ဆောင်ပြီး သင့်လျော်ပါက ပုံမှန်လုပ်ပေးခြင်းသည် ခွန်အားကို တည်ဆောက်ပေးပါသည်။ အထူးသဖြင့် ၎င်းလေ့ကျင့်ခန်းများသည် ကြွက်သားဆုံးရှုံးမှုကို တိုက်ဖျက်ပေးကာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဟန်ချက်ညီစေသောကြောင့် သင့်အနာဂတ်တွင် ဒဏ်ရာဖြစ်နိုင်ချေကို လျှော့ချပေးသည်။ တစ်ပတ်လျှင် သင့်အတွက် ဘေးကင်းပြီး ခံနိုင်ရည်ရှိသောလေ့ကျင့်ခန်းကို ၂ ကြိမ်ခန့်လုပ်ဆောင်ခြင်းဖြင့် စတင်ကာ ဖြစ်နိုင်လျှင် စက်၏အကူအညီ ဆရာဝန်၏အကြံဉာဏ်များကိုရယူလုပ်ဆောင်သင့်ပါသည်။ ၎င်းသည် Sarcopenia ကို တိုက်ဖျက်ရန် ကူညီပေးပါသည်။

ယုံကြည်ခြင်း ၃။ “လေ့ကျင့်ခန်းလုပ်ခြင်းသည် ပျင်းဖို့ကောင်းသည်။ အဓိကအချက်ကဘာလဲ။ ငါအသက်ကြီးနေပြီ ထားလိုက်ပါတော့”

ကိုယ်လက်လှုပ်ရှားမှုကို သင် သို့မဟုတ် သင်ချစ်ရသောသူကို စိတ်မဝင်စားစေသော်လည်း ကိုယ်လက်လှုပ်ရှားမှုသည် ရောင်ရမ်းမှုကို လျှော့ချပေးပြီး  Endorphin ကို ထုတ်ပေးသောကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပါသည်။ သီချင်းနားထောင်ခြင်း၊ ကားနဲ့သွားမည့်အစားလမ်းလျှောက်သွားခြင်း၊ နေ့စဉ်လှုပ်ရှားမှုများကို သင်နှင့်အတူပြုလုပ်မည့်သူငယ်ချင်းများထားခြင်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားစာများစားခြင်းသည် သင်၏ကြွက်သားများကို ကောင်းစွာအလုပ်လုပ်နိုင်မည့် ရွေးချယ်စရာများဖြစ်သည်။ ကြွက်သားများ ပြန်လည်ကောင်းမွန်စေရန် အရေးကြီးဆုံးအာဟာရမှာ ပရိုတင်းများ( ဥပမာ- ရေချိုငါး၊ မြန်မာကြက်သား၊ပဲပင်များ၊ဥများ) HMB ( Hydroxymethylbutyrate ၊ ကြွက်သားထိန်းသိမ်းမှုအတွက် တာဝန်ရှိသော အမိုင်နိုအက်စစ် leucine၏ ဇီဝဖြစ်ပျက်မှု) ကိုယ်ခံအားမြှင့်တင်ပေးမည့်အစားအစာများ ( ဥပမာ – ဘလူးဘယ်ရီ၊ ချဉ်သောအသီးများ၊ ဟင်းနုနွယ်ရွက်) အစေ့အဆံများနှင့် အာဟာရမရှိသော သရေစာများကို အခွံမာသီးနှင့် သစ်သီးများဖြင့် အစားထိုးပါ။

ကြွက်သားများတည်ဆောက်ရန် သို့မဟုတ် ပြန်လည်ကောင်းမွန်လာစေရန် အတွက် အရေးကြီးသော ကြွက်သားဂရုစိုက်မှုအကြောင်းအရာများသည် အဆုံးမရှိသော်လည်း အားလုံးမှာ အကျိုးရှိပါသည်။ သို့သော်တစ်ခါတစ်ရံတွင် သင်လိုအပ်သမျှ ရရှိရန် အထူးသဖြင့် အာဟာရဓာတ်များရရှိရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် Ensure Gold ကဲ့သို့ ကမ္ဘာ့နံပါတ် ၁ အာဟာရဖြည့်စွက်စာများသည် အရည်အသွေးမြင့် ပရိုတင်း၊ ဗီတာမင် D နှင့် ကယ်လ်စီယမ်အပါအဝင် သတ္တုဓာတ် ၂၈ မျိုး၊ HMB နှင့် ပြည့်စုံသော အာဟာရကို Enusre Gold with HMB ကထောက်ပံ့ပေးပါသည်။ HMB ကို  အစားအစာများတွင် တွေ့ရသောပမာဏသည် အလွန်နည်းပါသည်။ နှစ်ကြိမ်သောက်သုံးရုံဖြင့် နေ့စဉ်အကြံပြုထားသော ပမာဏ ၁.၅ ဂရမ်ကို ပံ့ပိုးပေးရန် Ensure Gold with HMB ကို ဖော်စပ်ထားပါသည်။ သင်၏ သို့မဟုတ် ချစ်ရသူတစ်ဦး၏ဘဝတွင် Ensure Gold ဖြင့် HMB ကို ပေါင်းထည့်ခြင်းဖြင့်၊ ကြွက်သားခွန်အားကို အလွန်တိုးတက်စေပြီး ဆန္ဒပြည့်ဝသောဘဝတွင် နေထိုင်နိုင်သည်။

အခမဲ့ နမူနာ ရယူပါ။

References:

  1. https://www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm
  2. https://blog.hurusa.com/exercise-after-70
  3. https://www.abbotthens.com/articles/help-your-body-bounce-back-from-illness-or-injury-with-good-nutrition
  4. https://abbottnutrition.com.my/products/ensure-gold

Additional Readings:
5. https://www.livestrong.com/article/551850-how-to-make-your-body-not-weak-after-youre-sick/