အသက်ကြီးချိန်တွင် ကိုယ်ခံအားစနစ်ကောင်းခြင်းသည် အဘယ့်ကြောင့် အဓိကသော့ချက်ဖြစ်သနည်း။

၎င်းအချက်သည်အသက်ရှည်စွာနေထိုင်ခြင်းနှင့် မသက်ဆိုင်ပါ သို့သော် အသက်ရွယ်ကြီးမြင့်ချိန်တွင် ကျန်းကျန်းမာမာနှင့် ကြော့မော့ စွာနေထိုင်ခြင်းဖြစ်ပါသည်။ ။ သို့သော်ထိုသို့မျှော်မှန်းခြင်းထက် ကာယနှင့် စိတ်ကျန်းမာရေးကိုဂရုစိုက်ခြင်း နှင့်  ကျန်းမာသန်စွမ်းလိုစိတ်ရှိခြင်းသည် ပို၍ အကျိုးရှိသည် မဟုတ်ပါသလား။ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ကိုယ်ခံအားစနစ်ကောင်းခြင်းသည် အိုမင်းခြင်း၏ အောင်မြင်မှုအတွက်သော့ချက်ဖြစ်ပါသည်။

အသက်ကြီးလာသည်နှင့်အမျှ သင်၏ကိုယ်ခံအားစနစ်သည် မည်သို့ဖြစ်ပျက်နေသနည်း။

သင်ကိုယ်တိုင်ကိုယ်ခံအားစနစ်ပျက်စီးစေသည့် အကြောင်းအရင်းကို ထောက်ပြနိုင်ခြင်းမရှိပါ။ သို့သော် ၎င်းကို ပျက်စီးစေသည့်အကြောင်းပြချက်များစွာရှိပါသည်။ ဖျားနာရာမှ နာလံထူဖို့ကြာရှည်ခြင်းနှင့် ပုံမှန်ရိုးရှင်းသော အလုပ်များကိုလုပ်ပြီးကြွက်သားများနာကျင်ရာမှ ပြန်လည်သက်သာရန်ကြာရှည်ခြင်း တို့သည် သက်ကြီးရွယ်အိုးများ တစ်ယောက်နှင့် တစ်ယောက်ကွဲပြားကြသည်။ ဖျားနာခြင်းနှင့် ရောဂါများကို ဖြစ်ပေါ်စေသောဆဲလ်များကို တိုက်ခိုက်ရန် တာဝန်ယူထားသော T-Cell သည် အသက်ကြီးလာသည်နှင့်အမျှ ထုတ်လုပ်မှု ကျဆင်းလာပါသည်။ ၎င်းသည် သင်ယခင်ဖြစ်ဖူးသော ဖျားနာခြင်းများကို ကောင်းစွာ တိုက်ထုတ်နိုင်သော်လည်း ရောဂါအသစ်များအတွက်မှု ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ သင်၏ခန္ဓာကိုယ်လုပ်ဆောင်မှုများနှေးကွေးလာသကဲ့သို့ သင်ခန္ဓာကိုယ်ရှိ သွေးဖြူဥထုတ်လုပ်မှုလည်းလျော့နည်းလာပါသည်။ အဘယ်ကြောင့်ဆို့သော် သင်ကုသခြင်း၏ အကျိုးသက်ရောက် မှုဖြစ်ပါသည်။ ရောဂါကာကွယ်ပေးသော ဓာတ်များလျော့နည်းလာသည်နှင့်အမျှ အသက်ကြီးရွယ်အိုများတွင် ဖျားနာခြင်းကဲ့သို့ဖြစ်စေသော အဆုတ်ရောင်ဂါ၊ တုပ်ကွေး ရောဂါ၊ နှလုံးသွေးကြောရောဂါနှင့် မေးခိုင်ရောဂါတို့သည် ပိုမိုဖြစ်ပွားလာစေပါသည်။ ကာကွယ်ဆေးထိုးခြင်းသည် လည်းထိရောက်မှုလျော့နည်းလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများသည် ကိုယ်ခံစွမ်းအားမြှင့်တင်လိုပါက ၎င်းတို့ကိုယ်တိုင် မြှင့်တင်ရန်လိုအပ်ပါသည်။

အောင်မြင်သော သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ကျန်းမာရေးကို အမြဲကောင်းနေအောင်ထားရမည်။

အောင်မြင်သော သက်ကြီးရွယ်များ၏ တစ်စိတ်တစ်ပိုင်းသည် ရောဂါများကို ပုံမှန်စစ်ဆေးရန်ဖြစ်ပါသည်။ အကယ်၍ သင်အဝလွန်နေလျှင် သင့်အစာအိမ်အတွင်းရှိနေရာများသည် အဆီများဖုံးလွှမ်းနေသောကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေသောကြောင့် သင့်အသက်အရွယ်နှင့်ခန္ဓာကိုယ်အချိုးအစားအတွက် သင့်လျော်သော ကိုယ်အလေးချိန်ဖြစ်အောင်ပြုလုပ်ပါ။ အဝလွန်ခြင်းကြောင့် တစ်သျှူးများပြိုကွဲခြင်းနှင့် ကိုယ်ခံအားစနစ်အတွက် အနှောင့်အယှက်ဖြစ်စေပါသည်။ သင့်အလုံးစုံကျန်းမာရေးကောင်းမွန်ရန်ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းကကူညီနိုင်ရုံသာမက လတ်ဆတ် သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးခြင်း သည် သင့်ခန္ဓာကိုယ်၏ ဓာတ်တိုးဆန့်ကျင်ခြင်းကို မြင့်တတ်စေပါသည်။

အောင်မြင်သော အိုမင်းခြင်း၏သော့ချက်တစ်ခုမှာ သင်၏မကောင်းသောအကျင့်စရိုက်များကို ဖြတ်တောက်ပစ်ပါ။

သင်သည်ဆေးလိပ်သောက်ခြင်းအလေ့အထရှိခြင်း (သို့မဟုတ်) လူငယ်ဘဝတွင် ညဘက်ထွက်ပြီး ပျော်ပွဲများတွင် ယမကာများစွာကို သောက်ပြီး ပျော်မွေ့တတ်ပါသလား။ ထိုနှစ်မျိုးလုံးသည်သင်၏ကိုယ်ခံအားစနစ်ကို ထိခိုက်စေတတ်သောကြောင့် ထိုအကျင့်ဆိုးများကို အမြန်ဆုံးဖြတ်သင့်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် သင့်သွေးထဲရှိဓာတ်တိုးပစ္စည်းများကို ပျက်စီးစေပြီး အဆုတ်ရောင်ခြင်းကို တိုးစေပါသည်။ ၎င်းသည် သွေးထဲရှိ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသောအရာများကို တိုက်ထုတ်ရမည့်အစား ပြုပြင်ခြင်းကို လုပ်ဆောင်စေပါသည်။ ဆေးလိပ်နှင့် အရက်များ အလွန်အကျွံ သောက်သုံးခြင်းကို ကြာရှည်စွာမပြုလုပ်သင့်ပါ။ ထိုအရာများသည် အူထဲရှိ ကိုယ်ခံစွမ်းအားဆဲလ်များနှင့် ကျန်းမာစေသော ဘက်တီးရီးယားများကိုဖျက်ဆီးပြစ်ပါသည်။ ထိုအရာများသည် အသက်ကြီးလာသည့်အခါ ကျန်းမာရေးကို ထိစေပါသည်။ အဘယ်ကြောင့်ဆိုသော် အူသည်ကိုယ်ခံအား တစ်ခုလုံး၏  အဓိကတာဝန်ဖြစ်ပါသည်။ ကိုယ်ခံအားစနစ်တုံ့ပြန်မှုနှေးကွေးပြီးလျှင် ထိုအရာကို နောက်ထပ်ချို့ယွင်းအောင်ထပ်မလုပ်သင့်ပါ။

References:

  1. https://www.webmd.com/healthy-aging/guide/seniors-boost-immunity#1
  2. https://www.msdmanuals.com/home/immune-disorders/biology-of-the-immune-system/effects-of-aging-on-the-immune-system
  3. https://health.clevelandclinic.org/5-tips-make-immune-system-stronger-age/
  4. https://health.usnews.com/health-care/patient-advice/articles/2018-03-14/how-aging-affects-your-immune-system

Supplemental Reading:

    1. https://www.seniorliving.com/article/strong-immune-system-key-successful-aging
    2. https://www.health.harvard.edu/staying-healthy/how-to-boost-your-immune-system