ကိုယ်ခံအားကောင်းဖို့ သက်ကြီးရွယ်အိုများအတွက် ဘာကြောင့်အရေးကြီးသနည်း။
![]() |
ကိုယ်ခံအားကောင်းဖို့ သက်ကြီးရွယ်အိုများအတွက် ဘာကြောင့်အရေးကြီးသနည်း။
ကိုယ်ခံအားစနစ်သည် အန္တရာယ်ရှိသော ပြင်ပမှဝင်လာသည့်အရာများ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုများနှင့် ကင်ဆာဆဲလ်ကဲ့သို့သော အရာများကို တိုက်ခိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အားကျန်းမာစေပါသည်။ ၎င်းသည် Lymphocyte ဟုခေါ်သော သွေးဖြူဥဆဲလ်များ ကို လက်ခံပြီးပြန်ထုတ်ပေးသော Lymphnode များအပါအဝင် ခန္ဓာကိုယ်ရှိအင်္ဂါများနှင့် သွေးဆဲလ်များရှိ ရှုပ်ထွေးသောကွန်ယက်တစ်ခုဖြစ်ပါသည်။ Lymph နှင့် သွေးကြောများသည် ရောဂါပိုးရှိသော Lymphocytes များကို ခန္ဓာကိုယ်တစ်လျှောက်သယ်ဆောင်ပေးပါသည်။
အသက်ကြီးလာသည်နှင့်အမျှ သူတို့၏ကိုယ်ခံအားစနစ်သည်လည်းစွမ်းဆောင်ရည်ကျဆင်းလာ (ယိုယွင်းလာ) ပါသည်။ ၎င်းတွင်ဆေးဘက်ဆိုင်ရာအသုံးအနှုန်းရှိသည် – ခုခံအားကျဆင်းမှု (သို့မဟုတ်) အသက်အရွယ်နှင့်အလိုက် ကိုယ်ခံအားစနစ်၏ တဖြည်းဖြည်းကျဆင်းခြင်းဖြစ်သည်။ သင်၏လမ်းလျှောက်ခြင်း(သို့မဟုတ်) ပြေးခြင်းအမြန်နှုန်း သကဲ့သို့ ခန္ဓာကိုယ်အတွင်းရှိ ရောဂါကူးစက်မှုကို တားဆီးနိုင်စွမ်းသည်လည်း လျော့နည်းသွားပါသည်။
လူတစ်ဦီး၏ကိုယ်ခံအားစနစ်ကိုအားဖြည့်ခြင်းနှင့် ၎င်းအားတတ်နိုင်သမျှကြိုတင်၍ ကျန်းမာစွာထိန်းသိမ်း ထားခြင်းသည် အသက်အရွယ်ရလာတာနှင့်အမျှအရေးကြီးသော အကြောင်းအရင်းဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် သက်ကြီးရွယ်အိုများတွင် ကိုယ်ခံအားစနစ်သည် အရင်ကလောက်မခိုင်မြဲတော့ သောကြောင့် ၎င်းတို့ခန္ဓာကိုယ်သည် ရောဂါကူးစက်မှုကို သိရှိစေရန် ပို၍ကြာမြင့်စေပါသည်။ ခန္ဓာကိုယ်သည် ဘက်တီးရီးယားများ (သို့မဟုတ်) ဗိုင်းရပ်စ်များ၏ ပြိုင်ပွဲများတွင် စတင်ဆုံးရှုံးသွားသည်။ သင်ငယ်စဉ်ကထက်ပင် ရောဂါကူးစက်မှုသည် ပိုမို၍ ပြင်းထန်သကဲ့သို့ ခြိမ်းခြောက်မှုများလည် ပိုများလာပြီး ၎င်းတို့ဖြစ်ပွားပြီးလျှင် ပြန်လည်ကောင်းမွန်လာရန် အလွန်နှေးကွေးပါသည်။
သက်ကြီးရွယ်အိုများဘာလုပ်သင့်သနည်း။
မည်သည့်တိုက်ခိုက်မှုမျိုးမဆို ကိုယ်ခံအားစနစ်စစ်တပ်သည် အစာအိမ်မှစ၍ချီ တက် သည်။ ကျန်းမာသော ကိုယ်ခံအားစစ်သည်များသည် ကောင်းမွန်သောအာဟာရများ ပုံမှန်ရရှိရန်လိုပါသည်။ အဝလွန်ခြင်းကို ရှောင်ရှားခြင်းနှင့် ဆီးချိုရောဂါကဲ့သို့သောနာတာရှည်ရောဂါများကို ထိန်းချုပ်ခြင်းသည် ကိုယ်ခံအားစနစ်အပေါ် ဖိစီးမှုကိုလျော့ချပေးပါသည်။
အကယ်၍သင်သည် စားလိုက်သော အစားအစာများတွင် အာဟာရပြည့်ဝစေရန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်ဟုမယူဆပါက ဥပမာအားဖြင့် သင်သည် ဟင်းသီးဟင်းရွက်များကို မကြိုက်ပါ။ နေ့စဉ် Multivitamin နှင့် Mineral ဖြည့်စွက်ဆေးများသောက်သုံးခြင်းသည် ကိုယ်ခံစွမ်းအားအတွက် အကျိုးရှိစေသည့်အပြင် အခြားကျန်းမားရေးအကျိုးကျေးဇူးများကိုပါဖြစ်စေပါသည်။ Ensure ကဲ့သို့သော ဖြည့်စွက်အစာများသည် မျှတသော အာဟာရဓာတ်များပါဝင်ပြီး၊ Minerals နှင့် HMB ကဲ့သို့သောပရိုတင်းကို အကျိုးပြုစေသည့်အာဟာရဓာတ်များပါဝင်တာကြောင့် ကြွက်သားနှင့် သန်စွမ်းမှုကို တည်ဆောက်ရာတွင် ကူညီပေးပြီး သက်ကြီးရွယ်အိုများကို ကျန်းမာသန်စွမ်းစေပါသည်။
ကာကွယ်ဆေးထိုးခြင်းသည် သက်ကြီးရွယ်အိုများအကြားတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါကဲ့သို့သော အဖြစ်များသည့် ကူးစက်ရောဂါများကို ကာကွယ်ရန်ပထမဆုံးကာကွယ်မှုဖြစ်ပါသည်။ အကြံပြုချက်များအရ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးခြင်းသည် ၎င်းတို့အတွက် ကူးစက်ရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်လည်း ကျန်းမာသောလူနေမှုပုံစံတစ်ခုဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦး၏ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုတိုးတက်စေသည်၊ သွေးပေါင်ချိန်ကို လျော့ချပေးသည်၊ ကိုယ်အလေးချိန်ကိုထိန်းညှိခြင်းနှင့် အခြားရောဂါများဖြစ်ပွားမှုမှလည်းကာကွယ်ပေးပါသည်။ ကျန်းမာသောအစားအစာကို စားသုံခြင်းကဲ့သို့ပင် လေ့ကျင့်ခန်းလုပ်ခြင်းသည်လည်း ယေဘုယျအားဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကို တိုး တက် ကောင်းမွန်စေပါသည်။ ၎င်းသည် ကိုယ်ခံအားစနစ်၏ ဆဲလ်များကို ကိုယ်တွင်းတွင် လွတ်လပ်စွာသွားလာနိုင်သောကြောင့် ၎င်းဆဲလ်များ၏ လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အထောက်အကူပြုပေးပါသည်။
References: