ကြွက်သားတည်ဆောက်ခြင်းအတွက် မျှတသောအစားအသာက်သည် ဘာကြောင့်အရေးကြီးသနည်း။
![]() |
ကြွက်သားတည်ဆောက်ခြင်းအတွက် မျှတသောအစားအသာက်သည် ဘာကြောင့်အရေးကြီးသနည်း။
အသက်အရွယ်မရွေးကောင်းမွန်စွာစားသောက်ခြင်းသည် အရေးကြီးပါသည်။ သို့သော် လူကြီးများအတွက် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် အသက်ကြီးလာနှင့်အမျှ အာဟာရဓာတ်များ ထုတ်ယူရာတွင် ထိရောက်မှုနည်းသောကြောင့် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏အရိုးများ၊ ကြွက်သားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်တို့သည် ကျွန်ုပ်တို့စားသုံးသည့်အရာပေါ်တွင် များစွာမူတည်ပါသည်။ဒီနေ့တွင် ကြွက်သားတည်ဆောက်ဖို့အတွက် အရေးကြီးဆုံးအကြောင်းရင်း ၃ မှာ မျှတတဲ့အစားအစာစားခြင်းက အရေးကြီးတဲ့အကြောင်းအရင်းဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများသည် အစားအစာများရွေးချယ်မှုထက်ပိုပါသည်။
၎င်း၏အဓိကအချက်မှာ ကောင်းသောရွေးချယ်မှုများအကြောင်းဖြစ်သည်။ လတ်ဆတ်သော ပန်းသီးတစ်လုံးစားခြင်းဖြင့် မည်မျှ သန့်ရှင်းသည်ဟု ခံစားရသကဲ့သို့၊ ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုများကို မကြာခဏ ပြုလုပ်ခြင်းက သင့်အား ပိုမိုကြည်လင်စေပါသည်။ ၎င်းသည် အစားအသောက်အရသာသာမက အိုမီဂါဖက်တီးအက်ဆစ်ကဲ့သို့ပါရှိသော အာဟာရဓာတ်များသည် အာရုံစူးစိုက်မှုကို တိုးတက်စေသည်။ သင်ပိုမိုအာရုံစိုက်ပြီး စိတ်အားထက်သန်လာသည့်အခါတွင် သင်၏ ဘဝအပေါ် အကောင်းမြင်စိတ်များပိုမိုလာမည်ဖြစ်ပြီး သင်ကျန်းမာနေရုံသာမက သင့်အနားရှိလူများကိုပါ ပျော်ရွှင်မှု ခံစားရမည်ဖြစ်သည်။ သွေးတိုးရောဂါ၊ သွေးလွှတ်ကြောပိတ်ဆို့ခြင်း၊ ဆီးချိုရောဂါ၊ အားနည်းခြင်းနှင့် အဆစ်အမြစ်များနာကျင်ခြင်း ကြွက်သားဆုံးရှုံးမှုနှင့် အခြားအရာများကို တားဆီးကာကွယ်နိုင်ပြီး သင်နှစ်သက်သောအရာများကို ဆက်လက်လုပ်ဆောင်နိုင်သည်။
ကိုယ်ခံအားစနစ်တိုးတတ်စေခြင်း
အရည်အသွေးမြင့် အာဟာရဓာတ်များနှင့် ပရိုတင်းဓာတ်များပါရှိသော အစားအစာများသည် သင့်ခန္ဓာကိုယ်အတွင်းပိုင်းကို ပြုပြင်ပေးပြီး ကြွက်သားများတည်ဆောက်ရန် ကူညီပေးသည်။ ကြွက်သားများ ကျန်းမာလေလေ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်းကြောင့် ခုခံအားစနစ်၏ စွမ်းရည်ကို ကြာရှည်ထိန်းထားနိုင်သည်။ ၎င်းသည် သင်၏ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းလာစေပြီး ရောဂါပိုးများကို ထိရောက်စွာ တိုက်ဖျက်ရန် လိုအပ်ပါသည်။ဥပမာအားဖြင့် မဂ္ဂနီဆီယမ်က ခုခံအားဆဲလ်တွေကို အားကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးသောကြောင့် ရောဂါပိုးများ တုံ့ပြန်မှုကို တိုးတက်စေပါတယ်။ ဗီတာမင် D သည် ကယ်လ်စီယမ် စုပ်ယူမှုကို မြှင့်တင်ပေးသောကြောင့် ကိုယ်ခံအား လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးသည်။ ကျန်းမာသောအရိုးများသည် ခြင်ဆီမှ ထိရောက်သောသွေးနီဥများထွက်ရှိခြင်းကိုဆိုလိုသည်၊ ၎င်းသည် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခုခံအားနှင့် သန်မာမှုကိုဖြစ်ပေါ်စေသည်။
ကြွက်သားတည်ဆောက်မှုကို ဘယ်လိုကူညီပေးမလဲ။
သင့်ကြွက်သားခွန်အားကိုစမ်းသပ်ရန် ဟန်ချက်ညီသောစမ်းသပ်မှုကဲ့သို့ပင်၊ အာဟာရမျှတမှုသည်လည်း ၎င်းတို့၏ခွန်အားကို ထောက်ပံ့ပေးသည်။ ဗီတာမင် 12 မျိူးသည် သင့်ခန္ဓာကိုယ်၏ အာရုံကြောလုပ်ငန်းဆောင်တာများကို ထိန်းသိမ်းရန် ကူညီပေးပြီး သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေသောကြောင့် သင့်ကြွက်သားများ၏ တုံ့ပြန်မှုကို ထောက်ပံ့ပေးခြင်းနှင့် ညီမျှသည်။ အမျှင်ဓာတ်သည် ကြွက်သားတည်ဆောက်မှုကို တိုက်ရိုက်မဟုတ်ဘဲ လုပ်ငန်းစဉ်ကို ကူညီပေးသည်။ ၎င်းသည် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးကာ အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ရွေးချယ်မှုများကို ရှောင်ရှားရန် ကူညီပေးသည်။
ပရိုတင်းများကို ပြုပြင်ရန်နှင့် ပြန်လည်တည်ဆောက်ရန် ကူညီပေးသည့် အမိုင်နိုအက်ဆစ်ဟုခေါ်သော ကြွက်သားတည်ဆောက်မှုတုံးများနှင့် ဖွဲ့စည်းထားသည်။ ပြုပြင်ခြင်းကို အထောက်အကူဖြစ်စေရန်အတွက် ကြွက်သားများသည် အမိုင်နိုအက်ဆစ်များကို ချေဖျက်ရန်အတွက် HMB သို့မဟုတ် Hydroxymethylbutyrate လိုအပ်ပါသည်။ ၎င်းသည် ပရိုတင်းစုပ်ယူမှုကို ပိုမိုထိရောက်စေသည်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူကြီးများသည် ၎င်းတို့၏ခန္ဓာကိုယ်မှ HMB ဆုံးရှုံးသွားသောကြောင့် အစားအစာ သို့မဟုတ် ဖြည့်စွက်စာများ ထောက်ပံ့ပေးရန် အရေးကြီးသည်။ တစ်နေ့လျှင် HMB 1.5 ဂရမ်ခန့် လိုအပ်သော်လည်း အစားအစာမှ သဘာဝအတိုင်း ရရှိရန်အတွက် တစ်ထိုင်တည်းတွင် ကြက်ဥ ၅၀ ကို စားရပါမည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ သုတေသနပြုလုပ်၍ Ensure Gold with HMB သည် အရည်အသွေးမြင့် ပရိုတင်းများ၊ အမျှင်များ၊ ဗီတာမင် နှင့် သတ္တုဓာတ် ၂၈ မျိုး (ကိုယ်ခံစွမ်းအားစနစ်ကို ပံ့ပိုးပေးသည့် ၁၂ မျိုး) နှင့် HMB သည် သင့်အသက်ရှင်နေထိုင်ရန်အတွက် အာဟာရဆိုင်ရာ မိတ်ဖက်အဖြစ် ဖော်စပ်ထားသောကြောင့် သင့်ဘဝတွင် သင်ချစ်သောသူများနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ပါသည်။
References:
- https://www.helpguide.org/articles/healthy-eating/eating-well-as-you-age.htm
- https://www.el-well.com/importance-healthy-balanced-diet-older-adults/
- https://aging.com/elderly-nutrition-101-10-foods-to-keep-you-healthy/
- https://abbottfamily.com.sg/brands/ensure/ensure-gold-hmb-liquid