ပြုစုစောင့်ရှောက်သူများသိသင့်သောအချက်များ – လူကြီးများတွင်အာဟာရချို့တဲ့ရခြင်း အကြောင်းအရင်းများ။
![]() |
ပြုစုစောင့်ရှောက်သူများသိသင့်သောအချက်များ – လူကြီးများတွင်အာဟာရချို့တဲ့ရခြင်း အကြောင်းအရင်းများ။
အာဟာရချို့တဲ့မှုသည် ၎င်း၏အခြေခံသဘောတရားအဓိပ္ပာယ်တွင် အာဟာရဓာတ်များဆုံးရှုံးခြင်းကို ဆိုလိုသည်။ လူတစ်ဦးသည်အစာကို ပုံမှန်စားနေသော်လည်း ၎င်းတို့တွင် ကောင်းမွန်စွာလည်ပတ်ရန်မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်များချို့တဲ့နေနိုင်သည်။ အာဟာရမပြည့်ဝခြင်းသည် မည်သည့်အသက်အရွယ်မဆို အန္တရာယ်ရှိသည်။ အထူးသဖြင့် ၎င်းသည် အချိန်ကြာသည့်တိုင်ရောဂါလက္ခဏာမပြတတ်ပါ။ ယေဘူယျအားဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အခြားအချက်များကြောင့်သက်ကြီးရွယ်အိုများအတွက်အထူးခက်ခဲသည်။ အာဟာရချို့တဲ့ခြင်းကို မည်သည့်အရာတွေကဖြစ်စေသနည်း။ ဤနေရာတွင် သင်ကအကောင်းဆုံး မည် သို့ပြုလုပ်မည်ဆိုသည့်အချက်များနှင့် အတူ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများကို စူးစမ်းလေ့လာပါ။
ရုပ်ပိုင်းဆိုင်ရာအကြောင်းတရားများ
သင်ချစ်ခင်ရသော လူကြီးများသည် ၎င်းတို့၏အရသာဆုံးရှုံးမှုကို ဖြည့်တင်းရန်အတွက် ဆားနှင့် ပိုချိုသော အစားအစာကို စားသုံးချင်သည်ကို သတိပြုမိကောင်းပြုမိပါလိမ့်မည်။ ၎င်းသည် အရသာဆုံးရှုံးခြင်း၏ လက္ခဏာတစ်ခုဖြစ်ပြီး ၎င်းတို့သည် ပုံမှန်အစားအစာကို မခံစားနိုင်သောကြောင့် ကျန်းမာသောအစားအစာများ စားချင်စိတ်ကို များစွာထိခိုက်စေသည်။ Sarcopenia ဟုခေါ်သောကြွက်သားဆုံးရှုံးမှုသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အချိုးအစားကို လျော့နည်းစေပြီး နှေးကွေးသောဇီဝရုပ်ဖြစ်ပျက်မှုကို ဖြစ်စေသောကြောင့် ကျွန်ုပ်တို့၏ ဆာလောင်မှုကို လျော့နည်းစေသည်။ မည်သည့်ဖျားနာမှု သို့မဟုတ် နဂိုရှိရင်စွဲအခြေအနေများသည် ရောင်ရမ်းမှုကြောင့် အာဟာရချို့တဲ့ခြင်းကို ဖြစ်စေသည်။ ချစ်ခင်ရသူတစ်ဦးအားဂရုစိုက်သည့်အခါ သူတို့၏ခံတွင်းကျန်းမာရေးကို စောင့်ကြည့်ပါ အဘယ်ကြောင့်ဆိုသော်၎င်းသည်အခြေအနေမကောင်းသောအခါ ဝါးခြင်းနှင့် မျိုချရခက်ခဲခြင်းတို့ကြောင့် လူကြီးများစားနိုင်သောအစားအစာများကို ကန့်သတ်ထားသည်။
လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာအကြောင်းများ
လူနေမှုစရိတ်မြင့်တက်မှုနှင့်အတူ လူတို့သည်၎င်းတို့၏အငြိမ်းစားယူချိန်သည့်အချိန်ကို ကျော်လွန်၍ အစားအစာနှင့်ဆေးဝါးများအတွက် အားထုတ်အလုပ်လုပ်ကြရသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ထို့ကြောင့်အာဟာရချို့တဲ့မှုသည် လူမှုစီးပွားရေးအကြောင်းများကြောင့်ဖြစ်နိုင်သည်။ လူမှုဆက်ဆံရေး ဖိအားများကြောင့် သင်အကောင်းဆုံးကို အမြဲကြည့်ပါ၊ ရုပ်ပိုင်းဆိုင်ရာနှင့် သိမြင်နိုင်စွမ်းကျဆင်းနေသော လူကြီးတစ်ဦးသည် အထီးကျန်ဆန်မှုကို ခံစားရလိမ့်မည်။ လူကြီးတစ်ဦး၏ အခြားချစ်ခင်ရသူများသည် ၎င်းနှင့်အတူမရှိသောကြောင့် စိတ်ဓာတ်ကျဆင်းပြီး ၎င်းတို့၏အစာစားနိုင်စွမ်းကို ထိခိုက်စေသည်။ လူမှုဆက်ဆံရေးသည်လူတို့၏သဘောသဘာဝနှင့် ကောင်းမွန်သောစားသောက်မှုသည် ကောင်းမွန်သောအဖော်ပြုခြင်းဖြစ်သည်ဆိုသည့်စကားအတိုင်း တစ်ယောက်တည်းနေထိုင်သော လူကြီးများသည် ညံ့သောအစားအစာများကို ရွေးချယ်ခြင်း (သို့မဟုတ်) လုံးဝမစားခြင်းများဖြစ်နိုင်သည်။
ကြားဝင်ဖြည့်နိုင်သည့်နည်းလမ်းများကို အကြံပြုပါ။
သင်ချစ်ခင်မြတ်နိုးရသူတစ်ဦးသည် အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျနေသည်ကို သတိပြုမိခြင်း၊ မကြာခဏမောပန်း နွမ်းနယ်ခြင်း၊ အစာစားခြင်းသိသိသာသာလျော့နည်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပါက ၎င်းတို့အားနောက်ထပ်အာဟာချို့တဲ့မှုဆိုင်ရာပြဿနာများကို လျော့ချရန် ၎င်းတို့ကို ပံ့ပိုးပေးပါ။ကြားဝင်နိုင်သည့် ရိုးရှင်းသည့်နည်းလမ်းများမှာ
- ၎င်းတို့စားချင်သောအစားအစာများကို မေးမြန်းပါ။
- ၎င်းတို့၏သွားနှင့်ခံတွင်းအပါအဝင်ပုံမှန်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို သေချာစွာပြုလုပ်ပါ။
- အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသော အပေါ့စားလေ့ကျင့်ခန်းမှ သန်စွမ်းမှုဆိုင်ရာလေ့ကျင့်ခန်းထိ ပြုလုပ်အားပေးပါ။
- ၎င်းတို့၏စိတ်ကျန်းမာရေးကို သေချာစွာစစ်ဆေးပါ။
- ၎င်းတို့၏လူနေမှုပတ်ဝန်းကျင်ကို ပြောင်းလဲပါ ( ဥပမာ လူမှုရေးအသင်းများသို့ဝင်ပါ၊ မိမိ၏ဝါသနာကို ရှာဖွေပါ၊ အခြားမိသားစုဝင်များနှင့်ဆက်သွယ်ပါ (သို့မဟုတ်) လက်ရှိခေတ်သစ်လှုပ်ရှားမှုများကို စိတ်ဝင်စားပါ။)
- သူတို့အများဆုံးစားသောအစားအစာများကို သိသာသောအချိန်၌ အရွယ်အစားကို တိုးပါ။
- ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ ကျန်းမာရေးအရသာမြှင့်တင်ရန် ပါဝင်ပစ္စည်းများကို ထည့်ပါ။
- အစားအစာပုံစံများကို ပြောင်းပါ။
- အမျှင်ဓာတ်မြင့်မားသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ထည့်ပါ။
- သင့်တော်သောခံတွင်းဖြည့်စွက်အာဟာရများကို ကျွေးပါ။ ( ဥပမာအားဖြင့် Ensure အာဟာရဖြည့်စွက်စာက အနှစ် ၄၀ ကျော်လေ့လာစမ်းသပ်မှုများဖြင့် သိပ္ပံနည်းကျဖော်စပ်ထားပြီး အရည်သွေးမြင့်ပရိုတင်း၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နှင့် ဗီတာမင်များပါဝင်ကာပြီးပြည့်စုံပါတယ်။)
ကျန်းမာသောပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းပေါင်းစပ်မှုနှင့်အတူ သဘာဝအာဟာရဓာတ်ပါဝင်သော အစားအစာများ ထက်ပိုကောင်းသည့်အရာမရှိပါ။ အာဟာရဖြည့်စွက်စာများကို ရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်နိုင်သော်လည်း ၎င်းကို ဘယ်တော့မှ အစားအစာတစ်ခုအဖြစ်အစားမထိုးသင့်ပါ။ အာဟာရဖြည့်စွက်စာများသည် ပုံစံအမျိုးမျိုုးနှင့် ပါဝင်ပစ္စည်းမျိုးစုံနှင့်လာသည်နှင့်အမျှ သင့်တော်မှန်ကန်သော ပစ္စည်းများကို ရှာရခက်ပေမည်။ သင်ချစ်ခင်ရသူအတွက်မည်သည့်အရာကသင့်တော်သည်ကို ရှာဖွေရန်နှင့် အခြားနေရာများတွင် ဒဏ်ရာများကိုလျော့ချရန်နှင့်အာဟာရချို့တဲ့မှုကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းရန်အတွက် ဆေးပညာရှင်နှင့်အမြဲတိုင်ပင်သင့်သည်။
References:
- https://bpac.org.nz/BPJ/2011/may/elderly.aspx
- https://www.webmd.com/healthy-aging/what-to-know-about-malnutrition-in-older-adults#1-5
- https://www.ncbi.nlm.nih.gov/pmc/articles/PMC3396084/
- https://ensureindia.in/our-story