ကြွက်သားဆုံးရှုံးမှုနှင့် ကျန်းမားရေးကိုထိခိုက်စေခြင်း
![]() |
ကြွက်သားဆုံးရှုံးမှုနှင့် ကျန်းမားရေးကိုထိခိုက်စေခြင်း
သက်ရှိအားလုံးအတွက် ကြွက်သားများသည် ယေဘူယျအားဖြင့် လုပ်ရှားဖို့အတွက်ဖြစ်သည့်အပြင် ကောင်းမွန်သောကြွက်သာများရှိနေခြင်းဟာလည်း ရုပ်ပိုင်းဆိုင်ရာအတွက် အထောက်အပံ့ပေးပါသည်။ အကယ်၍ သင့်ကြွက်သားများက ကောင်းကောင်းမလုပ်ဆောင်နိုင်ဘူးဆိုရင်? လှေကားထိပ်ဆုံးသို့ရောက်သည့်အခါ အသက်မရှူနိုင်ဖြစ်နေပါသလား? မကြာသေးခင်ကပဲ ဖျားနာခြင်းနှင့် ကိုယ်အလေးချိန်များကျဆင်းခြင်းဖြစ်ထားပါသလား? လမ်းလျှောက်သည့်အခါ ပုံမှန်ထက်
လမ်းလျှောက်ရာတွင်အဆင်မပြေသောကြောင့် စိတ်ပျက်စရာကောင်းသည်ဟုခံစားရပါသလား။ ကြွက်သားဆုံးရှုံးမှုသည်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသောနည်းလမ်းတစ်ချို့ကို အောက်တွင် ဖော်ပြထားပါသည်။
ဒါဟာတစ်ကယ်ဖြစ်သည့်ဖြစ်ရပ်တစ်ခုပါ။
သင့်ခန္ဓာကိုယ်တွင် ကြွက်သား ၆၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်အလေးချိန်၏ ၄၀% သည် ကြွက်သားများဖြစ်သည့်အပြင် ၎င်းတို့အား ဆုံးရှုံးခြင်းသည် လှုပ်ရှားမှု၊ ခွန်အား၊ စွမ်းအင်အခြေအနေ၊ ခုခံအားစနစ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အလုပ်လုပ်ဆောင်မှုကိုပါ တိုက်ရိုက်သက်ရောက်နိုင်သည်။ သင်၏အသက် ၇၀အရွယ်ရောက်သောအခါတွင် သင်ခန္ဓာကိုယ်၏ ကြွက်သားများသည် ၂၅% ခန့်ဆုံးရှုံးသွားလိမ့်မည်။
သန်စွမ်းမှုကို ကျော်လွန်ခြင်း
သက်ကြီးပိုင်း၏ လှုပ်ရှားမှုတွင် ကြွက်သားထုသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး သက်ကြီးရွယ်အိုများတွင် ၎င်းကြွက်သားဆုံးရှုံးမှု များသည့်အခါ သက်ကြီးရွယ်အိုများ၏ လွတ်လပ်မှုပါ ဆုံးရှုံးနိုင်သည်။ အားနည်းသော ကြွက်သားများသည် ခန္ဓာကိုယ် လှုပ်ရှားမှုတွင်ထိရောက်စွာမဆောင်ရွက်နိုင်ပါ။ ထို့ကြောင့် သက်ကြီးပိုင်းများတွင် ပြုတ်ကျနိုင်ချေရှိပြီး ထိုမှသည် ဆိုးရွားစွာထိခိုက်ခြင်း သေဆုံးခြင်းများ ဖြစ်နိုင်သည်။ ကြွက်သားအားနည်းခြင်းသည် ခြေထောက်တွင် သာမက လက်မောင်းနှင့် လက်ဝါးတွင် လည်းဖြစ်နိုင်ပါသည်။ ၎င်းသည် ဇွန်းများ၊ လက်ဖက်ရည်ခွက်များ ‘မ’ ယူခြင်းနှင့် အဝတ်အစားဝတ်ခြင်းတွင်သိသာနိုင်သည်။ ထို့အပြင် သင်၏အဆုတ်နှင့် နှလုံးကိုလည်း မမေ့ပါနှင့်။ သင်၏နှလုံးသည် ကြွက်သားဖြစ်ပြီး သွေးကိုထိရောက်စွာစုပ်ယူနိုင်ရန် ခိုင်မာဖို့လိုအပ်ပါသည်။ အကယ်၍နှလုံးသည် သွေးကို ကောင်းစွာမစီးဆင်းနိုင်ပါက ခန္ဓာကိုယ်၏သွေးလည်ပတ်မှုအားနည်းပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများ သာမက ခြေလက်များဖောရောင်ခြင်း၊ မကြာခဏကြွက်တတ်ခြင်း၊ အစာခြေစနစ်ပြဿနာများ၊ အနာများဖြစ်ခြင်းနှင့် အရေပြားအရောင်ပြောင်းခြင်းတို့ဖြစ်စေပါသည်။ သက်ကြီးရွယ်အိုတစ်ဦးအနေနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများရှိပါက ကြွက်သားများပိုမိုရှုပ်ထွေးစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော်အသက်ရှုရာတွင် ကူညီပေးသည့်နံရိုးနံရံရှိ ကြွက်သားများကကောင်းစွာအလုပ်မလုပ်နိုင်သသောကြောင့်ဖြစ်ပါသည်။
ချုပ်ကိုင်ခြင်းနှင့် အာဟာရများရယူခြင်း
အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများသည် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို ကောင်းစွာတုံ့ပြန်ကြသည်။သက်ကြီးရွယ်အိုများအနေဖြင့် ကြံ့ခိုင်မှုနှင့်ကြွက်သားခံနိုင်ရည်ကို မြှင့်တင်ရန်ရိုးရှင်းသောလေ့ကျင့်ခန်းများကို ကြည့်ရှုနိုင်သည်။ ကြွက်သားများ သန်စွမ်းမှုကို ထိန်းသိမ်းရန် နေ့စဉ်အစားအစာထဲသို့ ပရိုတင်းများပါဝင်အောင်စားသုံးပါ။သို့သော် ဖျားနာခြင်းကဲ့သို့သော ရောဂါများကြောင့် ပရိုတင်းတစ်ခုတည်းပါဝင်အောင်စားသုံးမှုသည် အာဟာရပြည့်မှီရန် လုံလောက်မှု မရှိနိုင်ပါ။ ထို့ကြောင့် အာဟာရပြည့်ဝစွာရရှိရန်လည်းအရေးကြီးပါသည်။ HMB (Hydroxyl methyl butyrate) အမိုင်နိုအက်စစ်၏ Metabolite Leucine သည် ကြွက်သားများပြုပြင်ပြောင်းလဲရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ပရိုတင်းနှင့်ပေါင်းစပ်သည့်ပစ္စည်းဖြစ်သည်။ HMB ကို အသား၊ငါး၊ကြက်ဥ၊ ကဲ့သို့သော အစားအစာအချို့တွင်သာ တွေ့နိုင်သည်။ ၎င်းကို သဘာဝအလျောက်ရရှိနိုင်ရန်ခက်ခဲသောကြောင့် သက်ကြီးရွယ်အိုများအတွက် ဖြည့်စွက်အာဟာကျွေးခြင်းဖြင့်ရယူနိုင်ပါသည်။ Ensure Gold တွင် HMBပါဝင်ပြီး သိပ္ပံနည်းကျ ပေါင်းစပ်သက်သေပြထားသောကြောင့် တစ်နေ့ ၂ ခွက် သောက်သုံးပြီးလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ၈ ပတ်အတွင်း ကြွက်သား၏သန်စွမ်းမှုကို သိသာစေပါသည်။
References:
- https://abbottfamily.com.sg/articles/active-aging/muscle-matters-as-you-age#
- https://abbottfamily.com.sg/articles/active-aging/5-things-you-need-to-know#)
- https://www.nutritionnews.abbott/healthy-living/aging-well/losing-muscle-8-ways-it-may-impact-your-health/
- https://abbottnutrition.com.my/products/ensure-gold