ကြွက်သားဆုံးရှုံးမှုကို တိုက်ဖျက်ရာတွင် Vitamin E ၏အရေးပါပုံ

Vitamin E သည် ကျန်းမာရေးပညာရှင်များနှင့် အလှအပရေးရာ Blogger တိုင်း၏ နှုတ်ဖျားတွင် အရွယ်တင်ခြင်းနှင့် ပတ်သတ်ပြီး ရေပန်းစားသည့် ဗီတာမင် တစ်မျိုးဖြစ်သော်လည်း သက်ကြီးပိုင်းများ၏ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည်ကို သင်သိပါသလား။  သက်ကြီးရွယ်အိုများတွင် ကြွက်သားဆုံးရှုံးခြင်းဟူသည်မှာ အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးခြင်း Sarcopenia ပါဝင်ပြီး အရွယ်ရောက်မှု၏ ရှုပ်ထွေးသော ဇီဝဖြစ်စဉ်တွင် ပျံ့နှံနေသော အရွယ်ရောက်ခြင်းဆိုင်ရာ လက္ခဏာများအားလုံး အကျုံးဝင်သည်။ Sarcopenia ဟုခေါ်သည့် ကြွက်သားထုဆုံးရှုံးခြင်းနှင့် သန်စွမ်းမှုလျော့ကျခြင်းတွင် အာရုံကြောနှင့်ကြွက်သားအားနည်းခြင်း၊  အရိုးကြွက်သားမျှင်အမျိုးအစားများပြောင်းလဲခြင်း၊ ကြွက်သားအသစ်များ ဖြစ်ပွားမှုလျော့နည်းခြင်း တို့အများဆုံးတွေ့ရပြီး ၎င်းတို့သည် နာတာရှည်ရောင်ရမ်းခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည့် Oxidative Stress၊  ကလာပ်စည်း စွမ်းအင်ထုတ်လုပ်မှု ချွတ်ယွင်းခြင်းစသည့်လက္ခဏာများ ဖြစ်ပွားစေနိုင်သည်။

 

 

Vitamin E အခြေခံသဘောတရားများ

Vitamin E ၏ မော်လီကျူးများတွင် antioxidants နှင့် anti-inflammatory စွမ်းရည်များပါဝင်ပါသည်။ ၎င်း antioxidant ဂုဏ်သတ္တိများကြောင့် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များနုပျိုခြင်းကို မြှင့်တင်ပေးပြီး ပျက်စီးခြင်းကို လျော့ချပေးပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဖြစ်ပေါ်လာသော နာကျင်မှုကို သက်သာစေရန် Vitamin E သည် ကူညီပေးပါသည်။ ၎င်းသည်လေ့ကျင့်ခန်းလုပ်ချိန်တွင် ထုတ်လွှတ်လိုက်သော ဓာတ်တိုးပစ္စည်း (Free Radical) မှ ကာကွယ်ပေးပါသည်။

 

သက်ကြီးရွယ်အိုများအတွက် ဘာကြောင့်အရေးကြီးသနည်း။

Vitamin E သည်သက်ကြီးရွယ်အိုများတွင် ကြွက်သားများပြန်လည်ပြုပြင်ပေးခြင်းနှင့်အတူ ရောဂါကူးစက်မှုများကိုကုသပေးခြင်း၊ သွေးကြောကျဉ်းရောဂါများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် အခြားစိတ်ကျန်းမာရေးနှင့် သက်ဆိုင်သောရောဂါများတွင် ကူညီပေးပါသည်။ Vitamin E တွင် Antioxidant ပါဝင်သောကြောင့် သက်ကြီးရွယ်အိုများ၏ ကြွက်သားများ ဆုံးရှုံးခြင်းကို နှေးကွေးစေရန်ကူညီပေးပါသည်။ သင့်ဘဝတစ်လျှောက်လုံးတွင် ကြွက်သားများအား ပြဲထွက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည့် သဘာဝဖြစ်စဉ်အတိုင်း တည်ဆောက်ပြီး ပြန်လည်တည်ဆောက်မှု မရှိခဲ့လျှင်၊ သို့မဟုတ် မလုံလောက်လျှင် ကြွက်သားဆဲလ်သေခြင်းသည် ပိုမိုမြန်ဆန်လာမည်။ အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားဆုံးမှုနှင့်ပတ်သတ်ပြီး သင့်အနေနှင့် မတားဆီးနိုင်သော်လည်း နှေးကွေးအောင်ပြုလုပ်နိုင်သည်။ စနေ၊တနင်္ဂနွေများတွင်သာ လေ့ကျင့်ခန်းများလုပ်လေ့ရှိသော သက်ကြီး ရွယ်အိုများ အနေဖြင့်  တစ်နေရာရာမှ Vitamin E ကို ရယူနိုင်ခြင်းဖြင့် ကြွက်သားများကို ပိုမို လျှင်မြန်စွာကောင်းမွန်စေပါသည်။

 

သိမှတ်ဖွယ်ရာများ

Vitamin E သည် ကျွန်ုပ်တို့သက်တမ်းတစ်လျှောက်တွင် ကြွက်သားတစ်သျှူးများကို ကူညီပံ့ပိုးရန်အတွက် အရေးပါသောအာဟာရဖြစ်သောကြောင့် ၎င်းကို ယုံကြည်ရသောအရင်းမြစ်များမှရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုသို့အကောင်းဆုံးအရင်းမြစ်များအတွက် Ensure ခွန်အားဖြည့် ဖြည့်စွက် သောက်စရာနှင့် သူတို့၏ ထုတ်ကုန်များသည် သင့်လိုအပ်မှုအလိုက် စိတ်ကြိုက် ရရှိနိုင်သည်။ ပြည့်စုံမျှတသော အာဟာရပေးစွမ်းနိုင်သည့် Ensure တွင် ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုးပါဝင်သောကြောင့် ပြီးပြည့်စုံသောအာဟာရဓာတ်ကို ထိန်းညှိပေးပြီး  သင့်အားကျန်းမာသန်စွမ်းပြီး စွမ်းအင်များကို ပြည့်ဝစေပါသည်။သို့သော် အစားအစာနှင့်ပေါင်းစပ်လိုက်သောအခါဖြည့်စွက်အစာများသည် အကောင်းဆုံးရလဒ်ကို ရရှိစေသည်။ Vitamin E ကြွယ်ဝသော အစားအစာများဖြစ်သည့် နေကြာစေ့၊ ဟင်းနုနွယ်ရွက်၊ ဟင်းသီးဟင်းရွက်ဆီများ၊ မြေပဲ၊ထောပတ်သီး၊ဗာဒံစေ့၊ ပုဇွန်နှင့် ပန်းပွင့်စိမ်း စသည်တို့အား သက်ကြီးရွယ်အိုများ အနေဖြင့်၎င်းတို့ နေ့စဉ်စားသောက်နေသောအစားအစာထဲသို့ ထည့်သွင်းစားသောက်သင့်ပါသည်။

 

References:

  1. https://europepmc.org/article/med/29420990
  2. https://www.ncbi.nlm.nih.gov/pmc/articles/PMC4109111/#:~:text=As%20vitamin%20E%20has%20been,by%20grip%20and%20knee%20strength.
  3. https://www.nutraingredients.com/Article/2015/05/20/Vitamin-E-is-vital-to-building-muscles-and-repairing-cells-say-researchers
  4. https://edition.cnn.com/2004/HEALTH/01/30/hln.fit.vitamin.e/index.html#:~:text=Vitamin%20E%20may%20help%20ease,cause%20soreness%20in%20the%20muscles.
  5. https://food.ndtv.com/health/10-vitamin-e-rich-foods-and-vitamin-e-benefits-you-need-to-know-1246937