အားလပ်ရက်များအတွင်း သင်ချစ်ခင်ရသူရဲ့ ကြွက်သားကျန်းမာရေး ထိန်းသိမ်းခြင်း

သီတင်းကျွတ်ဟာ ပွဲလမ်းများစွာရှိတဲ့နေ့ဖြစ်ပေမယ့် မိသားစုနဲ့အတူ အေးချမ်းဆိတ်ငြိမ်စွာဖြတ်သန်းဖို့အတွက် တန်ဖိုးရှိတဲ့ အားလပ်ရက်တစ်ရက်လည်းပဲဖြစ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘများ၊ မိမိချစ်ခင်ရသူများနဲ့ အတူရှိနေချိန်များဟာ ပြုံးပန်းများပွင့်ဝေစေပါတယ်၊ သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးရာလည်းကျပါတယ်။ ဒါဟာ သီတင်းကျွတ်ချိန်ခါ တစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးအတွက်ဖြစ်ပါတယ်။ လူကြီးများဟာ အထူးသဖြင့် ကြွက်သားများနဲ့ပတ်သက်တဲ့အခါ အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ဖြစ်ပါစေ အနှောင့်အယှက်များကြုံရတဲ့အခါ စိတ်ဖိစီးမှုများဖြစ်ပေါ်လာတတ်ပါတယ်။ 1, 3 သူတို့ကို သက်ဆိုင်ရာဆေးဝါးများမှီဝဲရန်နဲ့ အစားကိုလည်း ကောင်းမွန်စွာစားသုံးရန် သေချာပါစေ။ (ဥပမာ – အစားအစာတွင်ပါရှိသော အာဟာရများကိုဖြည့်စွက်ရန် Ensure Gold ရဲ့ ထောက်ပံ့ကူညီမှုကိုရယူပါ) ထို့အတူ လူကြီးများရဲ့ လှုပ်ရှားသွားလာနိုင်စွမ်းကိုထိခိုက်စေနိုင်တဲ့ ကြွက်သားအားနည်းတဲ့လက္ခဏာများကဲ့သို့သော ကျန်းမာရေးပြဿနာများကို သတိပြုပါ။ 7, 8

အဆက်အသွယ်မပြတ်စေခြင်း (ပြုစုစောင့်ရှောက်သူများအတွက်)

သင့်ရဲ့မိဘတွေက အသက်အရွယ်ရလာရပြီဆိုတာနဲ့ပဲ သူတို့က ပျော်ပွဲရွှင်ပွဲများကို မနှစ်သက်တော့ဘူးလို့ အဓိပ္ပာယ်မရပါဘူး။ သူတို့ကိုယ်တိုင်က သွားလာလှုပ်ရှားဖို့ မတတ်နိုင်တော့ဘူးလို့ထင်နေခဲ့ရင်တောင်မှပဲ သူတို့ရဲ့ အသိမိတ်ဆွေသူငယ်ချင်းများကို ဖိတ်ကြားပြီး အိမ်တွင်း ပျော်စရာပွဲလေးဖန်တီးပေးလိုက်ပါ။ သင်ကလည်း လူကြီးမိဘတွေဆီ သွားရောက်လည်ပတ်နေနိုင်ဖို့ကို ဦးစားပေးပါ၊ ဒီလိုမဟုတ်ရင်တောင် မတူညီတဲ့ပလက်ဖောင်းများစွာမှ ဗီဒီယိုခေါ်ဆိုမှုများ၊ စာဖြင့် နှုတ်ဆက်စကားပေးပို့ခြင်းများ လုပ်ဆောင်ရပါမယ်။ ဒီလို ထိတွေ့ဆက်ဆံနေနိုင်ဖို့က သိပ်ကိုအရေးကြီးပြီး သူတို့ရဲ့ကျန်းမာရေးကို စောင့်ကြည့်နေနိုင်ဖို့ပဲဖြစ်ပါတယ်။ 2, 5

 

သင်အလည်အပတ်ရောက်ရှိချိန်မှာ

သင် ချစ်ခင်ရသူတွေနဲ့တွေ့တဲ့အခါ သူတို့ရဲ့ အလွယ်တကူသိရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ လက္ခဏာများကို ဦးစွာ စစ်ဆေးပါ။ ဒါဟာ ယဉ်ကျေးမှုအရဖြစ်နေနိုင်‌ပေမယ့် တစ်ခါတစ်ရံမှာ သင်ရဲ့လူကြီးမိဘတွေက သင့်ကို အခက်အခဲမဖြစ်စေလိုတာကြောင့် သူတို့ရဲ့ ဒဏ်ရာများ၊ သို့မဟုတ် ကျန်းမာရေးဝေဒနာများကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒီအတွက်ကြောင့် ကြွက်သားအားနည်းခြင်းရဲ့လက္ခဏာတွေကို သတိပြုမိဖို့လိုပါတယ်။ ခြေထောက်တစ်ဖက်ကို မှီနေရသလား၊ တစ်ခုခုကိုကောက်ကိုင်လိုက်တဲ့အခါမှာ လက်တွေ သိပ်တုန်နေသလား၊ သိသိသာသာ ကိုယ်အလေးချိန်ကျသွားပြီလား၊ ထိုင်/ထရန် တွန့်ဆုတ်နေပါလား၊ လဲမကျအောင် နံရံ၊ လက်ရန်း၊ ဒါမှမဟုတ် အိမ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ကိုင်ထားရသလား၊ အဲဒါတွေက ကြွက်သားအားနည်းခြင်း ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေထဲကတချို့ပဲဖြစ်ပါတယ်။ 5, 6

သင် ချစ်ရသူတွေရဲ့ ကြွက်သားကျန်းမာရေးကို ဘယ်လိုအကူအညီပေးမလဲ

Sarcopenia ဆိုတာ အသက် ၄၀နောက်ပိုင်းမှာ ဆယ်စုနှစ်တစ်ခုလျှင် ကြွက်သားထုထည် ၈% နှုန်း ဆုံးရှုံး8သွားတဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ဇီမကမ္မဖြစ်စဉ်တစ်ခုပါ။ ဒီတစ်ချက်တည်းကြောင့်ပင်လျှင် သင့်ချစ်ခင်ရသူတွေအပေါ် ကြွက်သားကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက် အကြောင်းပြချက် လုံလောက်ပါတယ်။ ကြွက်သားအားနည်းခြင်းမှ ကာကွယ်ဖို့အတွက် မှန်မှန်ကန်ကန်အနားယူခြင်းကို ပထမဦးစွာ လုပ်ဆောင်ပါ၊ သို့မဟုတ် ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်စေရန် အသေအချာလုပ်ဆောင်ပါ။ အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ကြွက်သားများကို ပြန်လည်ပြုပြင်ပေးရုံသာမက ကိုယ်ခံအားစနစ် မြှင့်တင်ရာမှပါ အထောက်အကူပြုပါတယ်။ နည်းနည်းပိုပြီး အနားယူပြီးပြီဆိုတာနဲ့ တစ်နေ့တာ ဆက်တိုက် လေ့ကျင့်ခန်းလုပ်ရန် အားပေးပါ။ (ဥပမာ – တီဗီကြည့်ချိန် ကြော်ငြာလာပြီဆိုရင် ရုတ်ချည်း လှေကားတက်ခြင်း) 4, 6

ဒီနေရာမှာ အရေးကြီးတာက အချိန်ဇယားပါ။ စောစောအိပ်ပါ၊ အချိန်မှန် ထပါ၊ စောစော စားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေကို ‌စားပါ။ လူကြီးတစ်ယောက်ရဲ့ တစ်နေ့တာလုံး အစားအစာသုံးဆောင်ပုံက သူ့ရဲ့ အလုံးစုံသောကျန်းမာရေး၊ အထူးသဖြင့် ကြွက်သားများကို အကျိုးသက်ရောက်မှုရှိပါတယ်။ အသက်ငယ်စဥ်အခါနဲ့နှိုင်းမယ်ဆိုရင် လူကြီးများရဲ့ခန္ဓာကိုယ်ဟာ ကြွက်သားအသစ်တည်ဆောက်ရန်အတွက် စားသုံးလိုက်တဲ့ပရိုတင်းကို ပြန်အသုံးပြုရာမှာ ထိရောက်မှုနည်းပြီး လုံလောက်စွာမစားဘူးဆိုရင် ကြွက်သားဆုံးရှုံးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ 6 အရည်အသွေးမြင့် ပရိုတင်းရင်းမြစ်များမှာ နို့၊ ဒိန်ချဥ်၊ ငါး၊ ဥများ၊ အသား၊ ဆန်လုံး၊ ပဲပိစပ်၊ ခီနွာ၊ သို့မဟုတ် အလားတူများပဲ ဖြစ်ပါတယ်။ 7 မကြိုက်လို့ဖြစ်စေ၊ ကျန်းမာရေးအရဖြစ်စေ သင့်မိဘတွေမှာ (တစ်ခါတစ်ရံမှာ သင့်ကိုအသိမပေးထားတဲ့) အစားအသောက်ကန့်သတ်ချက်များ ရှိနေနိုင်ပါတယ်။ အဲဒီအခါမှာ အစားအသောက်တစ်မျိုးတည်းနဲ့ အာဟာရအတွက် မလုံလောက်တော့ပါဘူး။ Ensure Gold ကတော့ နံပါတ် (၁) အမေရိကန်နိုင်ငံ၌ ဆရာဝန်ညွှန်းဆိုသော အမှတ်တံဆိပ် ဖြည့်စွက်အာဟာရပါ။9 အရည်အသွေးမြင့်ပရိုတင်းဖြင့် ပြုလုပ်ထားပြီး (β-Hydroxy β-methylbutyric, a metabolite of amino acid leucine) နဲ့အတူ ၂၈မျိုးသော ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ၁၂မျိုးဟာ ကိုယ်ခံအားကို အထောက်အကူပြုပါတယ်။ 10 Ensure Gold ဟာ လူကြီးမိဘများရဲ့ အာဟာရအုတ်မြစ်ကို အားကောင်းစေပြီး (၈)ပတ်အတွင်း ကြံခိုင်မှု ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်ကို ဆေးပညာသက်သေများရှိပြီးဖြစ်ပါတယ်။ 11 အထွေထွေသော အာဟာရအခြေခံအုတ်မြစ်အတွက် တစ်ရက်လျှင် (၂)ကြိမ်နှုန်း (၆ခွက် + ရေ ၁၈၅ မီလီလီတာခန့်) 8 အသေအချာ သောက်သုံးပါ။ သူတို့က သတ်သတ်လွတ်သမားတွေလား၊ ဒါမှမဟုတ် နို့အရသာ မနှစ်သက်သူတွေလား၊ ဒီအတွက်လည်း Ensure Gold Plant Based ရရှိပြီဖြစ်ပါတယ်။ ပဲပိစပ်၊ ဆန်၊ ခီနွာနဲ့ HMB တို့မှ ရရှိတဲ့ အပင်အခြေခံ ပရိုတင်းနဲ့ ပြုလုပ်ထားတာကြောင့် သားသားလွတ်သမားတွေနဲ့ နို့အရသာ မနှစ်သက်သူတွေအတွက်ပါ အဆင်ပြေတာကြောင့် ပြုစုစောင့်ရှောက်သူတွေအနေနဲ့လည်း စိတ်ပူစရာ မရှိလှပါဘူး။ ဒီလိုသာဆို သီတင်းကျွတ်ကို နောင်နှစ်ပေါင်းများစွာတိုင် ကျန်းကျန်းမာမာနဲ့ ဆင်နွှဲနိုင်မှာပါ။ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကောင်းခြင်းဟာ အားလပ်ရက်တွေအတွက်ပဲမဟုတ်တာကြောင့် သင့်ရဲ့မိဘကို ခွန်အား၊ ကိုယ်ခံအားနဲ့ ချစ်ခြင်းမေတ္တာတို့နဲ့ သီတင်းကျွတ်ဂါရဝအဖြစ် လက်ဆောင်ပေးလိုက်ပါ။ 8

နမူနာရယူရန် ကျေးဇူးပြု၍ Ensure Myanmar ကို အလည်လာဖို့ ဖိတ်ခေါ်ပါရစေ…

 

References:

  1. https://www.myanmarinsider.com/thadingyut-and-tazaungdaing-festivals/
  2. https://www.homecareassistancetampabay.com/senior-holiday-health-tips/
  3. https://www.ashbridgemanor.com/tips-for-seniors-staying-healthy-during-the-holidays/
  4. https://theupsidetoaging.com/2018/12/18/keep-the-holiday-pounds-away-with-these-4-exercises-for-older-adults/
  5. https://www.ameswalker.com/blogs/news/how-to-stay-healthy-during-the-holidays-the-ultimate-guide-for-seniors
  6. https://khni.kerry.com/news/maintaining-healthy-muscles-and-mobility-during-social-distancing/
  7. https://static-nocdn.abbottnutrition.com/cms/preview/abbottnutrition-2016.com/img/Nourish%20your%20muscles%20as%20you%20age%20patient%20booklet.pdf
  8. https://www.ensuremyanmar.com/eng/ensure-powder/
  9. IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.
  10. Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.
  11. Berton et al. PLoS One. 2015.
  12. Flakoll et al. Nutrition. 2004.