ကြွက်သားနှင့် အသက်ကြီးခြင်းကြားမှ အမှန်တရားများ
![]() |
ကြွက်သားနှင့် အသက်ကြီးခြင်းကြားမှ အမှန်တရားများ
ကျွန်ုပ်တို့ အသက်ကြီးစဉ်အခါ ဆက်လက်အဆင်ပြေစေဖို့ ကျွန်ုပ်တို့၏ ကြွက်သားများအား အမြဲတစေ အလုပ်ခိုင်းနေရမည်မှာ သဘာဝဖြစ်ပါတယ်။သို့သော်အိုမင်းခြင်းနှင့် ကြွက်သားစွမ်းအားကျဆင်းမှုများသည် သက်ရှိများ၏ဖြစ်စဉ်တစ်ခုဖြစ်သည်။ယခုမိမိတို့အတူ ကြွက်သားနှင့် အရွယ်ရောက်မှုကြားထဲက ဆက်နွယ်မှုနှင့် စပ်လျဉ်း၍ အမှန်တရားများနှင့် အချက်အလက်များကို ဖွေရှာကြပါစို့။
သင့်ကြွက်သားကျန်းမာရေးဟာ သင့်ဘဝအား ဆုံးဖြတ်ပေးပါတယ်
သင့်ကြွက်သားတွေဟာ သင်၏ ဘဝအရည်အသွေး ကောင်းမွန်မှုနှင့် လွတ်လပ်မှုကို ဆုံးဖြတ်ပေးပါတယ်။ အရိုးကျန်းမာရေး၊ ဟန်ချက်ညီစေဖို့၊ နေ့စဉ်လှုပ်ရှားမှုအတွက် အထွေထွေခွန်အား၊ သွေးတွင်းသကြား၊ ကိုလက်စထရော နှင့် သွေးပေါင်ချိန်တို့ဟာ သင့်ကြွက်သားကျန်းမာရေးအလိုက် သက်ရောက်မှု ရှိပါတယ်။ သင့်ကြွက်သား အလုပ်လုပ်မှုနှုန်း ပုံမှန်ဖြစ်သွားတဲ့အခါ သင့်သက်လုံလည်း ကောင်းလာမှာဖြစ်ပါတယ်။ ရေရှည်တွင် သင့်စိတ်ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကို လျှော့ချပေးသော Endorphins များလည်းထုတ်ပေးနိုင်ပါတယ်။
ကြွက်သားတိုင်း အရေးပါသည်
နှလုံးကြွက်သားဟာ အရေးကြီးဆုံးဖြစ်သည်ဟု ထင်ရသော်လည်း ကြွက်သားတိုင်းက ကောင်းမွန်စွာ အလုပ်လုပ်နေဖို့လိုအပ်ပါတယ်။ နေရာအချို့မှ ကြွက်သားများ ဆုံးရှုံးပါက သင့်ခန္ဓာကိုယ်ဟာ အခြားအင်္ဂါအစိတ်အပိုင်းများကို မှီခိုလာပြီး မလိုအပ်သော ဖိအားကို ပေးမိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ- သင့်မြေးလေးကို ချီရင်း ခါးနာသည့်အခါ လက်ကောက်ဝတ်နှင့် ဘေးတစ်နေရာကို အားယူမှီခိုနေရတာမျိုးပါ။ အဲ့လိုခါးနာခြင်းကြောင့် တခြားနေရာတို့ကို အားပြုခြင်းကတစ်ဆင့် သင့်ဘေးလက်ကောက်ဝတ် ကြွက်သားများပါ နာလာပြီး အဆစ်မြစ်နာလာမှာဖြစ်ပါတယ်။ သင့်ကြွက်သားများကို ကျန်းမာအောင်မထားပါက ထိုနာကျင်မှုများမှ ပျောက်ကင်းဖို့ ခက်ခဲလာမှာပါ။
ကြွက်သားခွန်အား အရေးပါမှု
အသွင်အပြင်ပိုင်းအတွက် ကြွက်သားထုတင်ခြင်းသည် သက်ကြီးပိုင်းအချို့အတွက် အဆင်ပြေနိုင်သော်လည်း အချို့သက်ကြီးပိုင်းများတွက်မူ ရောဂါအခံရှိနိုင်သဖြင့် မသင့်တော်ပါ။ သူတို့ရဲ့ ခွန်အားတည်ဆောက်တဲ့အခါ အရေးပါသည့်အရာမှာ ဘဝအရည်အသွေး ပိုမိုကောင်းမွန်ရေးပင်ဖြစ်ပါတယ်။ ကာယလေ့ကျင့်ခန်းများသည် ကြွက်သားလုပ်ဆောင်နိုင်မှုကို တိုးစေပြီး ရေရှည်တည်နေစေပါတယ် ဥပမာ သက်လုံကောင်းခြင်း။ တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှနှင့် အကျိုးများစေသော စဉ်ဆက်မပြတ် ခံနိုင်ရည်လေ့ကျင့်ခန်းများသည် သက်ကြီးပိုင်းများအတွက် အကောင်းဆုံးဖြစ်သည်။ မိမိနှင့်သင့်လျော်ဆုံးဖြစ်မည့် လေ့ကျင့်ခန်းအတွက် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ဆရာနှင့် တိုင်ပင်ပါ။
ကြွက်သားများသည် အိပ်နေစဉ် ဖွံ့ဖြိုးသည်
နေ့အချိန်တွင် သင့်ကြွက်သားများကို သန်မာစေရန် လေ့ကျင့်ခဲ့ပြီး အိပ်ချိန်ကောင်းကောင်းမရှိလျှင် ကြိုးစားထားသမျှ အရာမထင်ပါ။ အိပ်မောကျစဉ်တွင် သင့်ကြွက်သားများသည် အနားယူဖို့ အခွင့်အရေးရပြီး သွေးလည်းပိုမိုစီးဆင်းသည်။ ထို့နောက် ကြွက်သားကြီးထွားစေသည့် ဟော်မုန်းထုတ်လွှတ်ကာ ပြင်ဆင်ရေးနှင့် ကြီးထွားရေးကို လုပ်ဆောင်သည်။ သက်ကြီးပိုင်းတို့၏ ကြွက်သားဖွံ့ဖြိုးရေးအတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းကလည်း လွန်စွာ အရေးပါသည်။
References:
- https://abbottnutrition.com.my/adult-nutrition/truth-about-muscle-strength
- https://www.abc.net.au/news/health/2016-05-27/strength-training-in-old-age-benefits-muscle-mass-ageing/7396464
- https://www.thejoint.com/arizona/glendale/arrowhead-ranch-48016/6-interesting-facts-about-muscles
Interesting blog! Is your theme custom made or did you download it from somewhere? A design like yours with a few simple tweeks would really make my blog stand out. Please let me know where you got your design. Cheers|
Hello there! I simply wish to give you a big thumbs up for the excellent information you have here on this post. I will be coming back to your website for more soon.|
Wow that was strange. I just wrote an extremely long comment but after I clicked submit my comment didn’t appear. Grrrr… well I’m not writing all that over again. Anyway, just wanted to say great blog!|
Your way of describing all in this paragraph is truly nice, all can simply know it, Thanks a lot.|
Good way of telling, and nice paragraph to obtain information on the topic of my presentation focus, which i am going to convey in college.|