လူကြီးများအားပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများ
![]() |
လူကြီးများအားပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများ
ချစ်ရသော လူကြီးများအား ပြုစုစောင့်ရှောက်ခြင်းသည် စိန်ခေါ်မှုများနှင့် ကြုံရနိုင်သည်။ ကလေးများအား ပြုစုစောင့်ရှောက်ခြင်းနှင့် နှိုင်းယှဉ်ပါက မည်သည့်အချိန်ပိုမိုခက်ခဲလာနိုင်မည် သို့မဟုတ် မည်သည့်အချိန်ပြန်လည်ကျန်းမာလာနိုင်မည်ကိုမျှော်မှန်းနိုင်သည့်ရှင်းလင်းသောညွှန်ပြချက်များမရှိပါ။ ဂရုစိုက်မှုသည်လူတစ်ဦး နှင့် တစ်ဦး ကွဲပြားသည်။ သင်သည်သင်၏ချစ်ရသောအသက်အရွယ်ကြီးရင့်သူ သို့မဟုတ် အခြားသူတစ်ဦးအားဂရုစိုက်မှုပေးသည်ဖြစ်စေ၊ သင့်ကိုယ်သင်အရှိန်ယူရန် မမေ့ဘဲ ပိုကောင်းတဲ့ စောင့်ရှောက်သူဖြစ်လာစေရန် ကူညီနိုင်သော အချက်များကို သိရှိထားရန် လိုအပ်ပါသည်။
၁။ ဂရုစိုက်မှုမည်မျှလိုအပ်ကြောင်းသိရှိပါစေ
သင့်ရဲ့လူကြီးတွေက ကူညီစောင့်ရှောက်မှုလိုအပ်ပါသလား။ သူတို့ကိုဘိုးဘွားရိပ်သာကို သွားပို့ထားပေးဖို့လိုသလား။ သူတို့ကအိမ်တွင်းစောင့်ရှောက်မှုလိုအပ်သလား။ အချို့ယဉ်ကျေးမှုများတွင် အထူးသဖြင့်မြန်မာ့ယဉ်ကျေးမှုတွင်လူကြီးများမလိုအပ်မှီဂရုတစိုက်ပြောဆိုမှုများမလိုအပ်ပါ။ သူတို့သည် တစ်ချိန်က သင့်အားဂရုစိုက်ခဲ့လို့ သင်သည် လူကြီးများကို ပြန်လည်ဂရုစိုက်လိမ့်မည်လို့ မျှော်လင့်ကြပါသည်။ အသက်အရွယ်ကြီးရင့်သူများ ဂရုစိုက်မှုမည်မျှလိုအပ်သည် နှင့် သင်၏အရည်အချင်းကို ပေးနိုင်ခြင်းသည် အကျပ်အတည်းများကို လျော့နည်းစေရန် အဆုံးအဖြတ်ပေးနိုင်ပါသည်။
၂။ ငွေကြေးအကျိုးဆက်များကိုထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်
ဤစကားဝိုင်းသည်စောင့်ရှောက်သူနှင့်သက်ကြီးပိုင်းအတွက်ခက်ခဲစေနိုင်သောကြောင့်မည်သူမျှမလိုချင်ကြပါ။ဒါပေမယ့်ဂရုစိုက်မှုပေးတာကစျေးကြီးသောကြောင့်သင့်တွင်ငွေကြေးအလုံအလောက်ရှိရန်လိုအပ်ပါသည်။ သင့်မှာအချိန်မရှိဘူးဆိုရင်သူတို့ကိုဘိုးဘွားရိပ်သာမှာစာရင်းပေးသွင်းဖို့သင်တတ်နိုင်ပါသလား။ ဆေးကုသစရိတ်ကို မည်သူပေးမည်နည်း။ အိမ်တွင်းစောင့်ရှောက်မှုတွင် အိမ်တွင်းရှိသူများအား တာဝန်ခွဲဝေပေးမလား။ ၎င်းတို့သည် အနာဂတ်တွင် မလိုလားအပ်သော ငြင်းခုံမှုများ မပြုလုပ်နိုင်ရန်အတွက် စီစဉ်ရမည့်အရာများ ဖြစ်ပါသည်။
၃။ လိုအပ်သောနေရာတွင်အကူအညီရယူပါ
အရင်ဆုံး လူကြီးများအတွက် တာဝန်ရှိမှုများသည် သင် ယူရမည့်တာဝန်များဖြစ်သည်ဟု ထင်မှတ်၍ တခြားသူများအား သင်၏တာဝန်တွေကို တွန်းပို့ဖို့ မသင့်တော်ဘူးလို့ သင်ထင်ကောင်းထင်လိမ့်မည်။ သင်စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ အကူအညီတောင်းခြင်းသည် သင့်လျော်ပါသည်။ သင်ဘယ်လောက်ဂရုစိုက်နိုင်သည်၊ ပေးချင်စိတ်ရှိသည်ဆိုသည်မှာ လက်တွေ့ကျစွာမှန်မှန်ကန်ကန်ပြောပါ။ တက်ကြွစွာနေပါ၊ မိသားစုနှင့် သူငယ်ချင်းများအတွင်း သက်ကြီးပိုင်းစောင့်ရှောက်မှု ကျွမ်းကျင်သူများ သို့မဟုတ် အခြားစောင့်ရှောက်သူများ၏ အထောက်အပံ့ကိုရှာပါ။ အချို့သော ခက်ခဲသော ဆုံးဖြတ်ချက်များအတွက် သင်၏ ဒေသတွင်းစီနီယာအသိုင်းအဝိုင်းများ၊ ဘိုးဘွားရိပ်သာများ၊ အထောက်အပံ့အဖွဲ့များ၊ လူမှုကွန်ယက်နှင့် ဆိုရှယ်မီဒီယာဆိုင်ရာများတွင် ရှာဖွေထားပါ။
၄။ သင်ကိုယ်တိုင်၏ကျန်းမာချမ်းသာမှုသည်လည်းအရေးကြီးပါသည်
စိတ်ဖိစီးမှုကို အသိအမှတ်ပြုခြင်းနှင့် ၎င်းအား မည်သို့ကိုင်တွယ်ဖြေရှင်းခြင်းက သင့်ကိုကူညီရန်နှင့် ပိုမိုကောင်းမွန်သော စောင့်ရှောက်သူတစ်ဦး ဖြစ်လာရန် ကူညီပါလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ဖိစီးမှုသည် သင်၏ စိတ်ကျန်းမာရေးကို ထိခိုက်စေလာနိုင်သည်။ အခါအားလျော်စွာ ဂရုတစိုက်ဆက်ဆံတတ်သောပုံစံဖြင့် ပေါင်းသင်းဆက်ဆံပါ၊ သင့်ဘဝ၏ အခြားအစိတ်အပိုင်းများကို အာရုံစိုက်ပါ၊ ကိုယ်ကာယလေ့ကျင့်ခန်းနှင့်အတူ ကျန်းမာသောအစားအစာများကို စားသောက်ပါ။
သင်မည်သည့်စောင့်ရှောက်မှုအမျိုးအစားကိုမဆိုပေးနေပါစေ နောက်ဆုံးပေါ်စောင့်ရှောက်မှုနည်းပညာများနှင့် အာဟာရဖြင့် ဘဝ၏အရည်အသွေးတိုးတက်စေရန်နည်းလမ်းများကို အမြဲ ခေတ်နှင့်အညီ လိုက်မှီရန် လိုအပ်သည်။ သင်ဂရုစိုက်မှုပေးသောအခါ အာဟာရဌာန၌ အဆင့်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လိုအပ်သော အာဟာရဖြည့်စွက်စာများကို လိုအပ်သလို သုံးနိုင်ပါသည်။ အောင်မြင်သော အသီးအပွင့်ရှိသော ဘဝအတွက် သက်ကြီးပိုင်းများ ကျန်းမာရေးတိုးတက်စေရန် အနှစ် ၄၀ကျော် သုတေသန ပြုလုပ်၍ သိပ္ပံနည်းကျ ဖော်စပ်ထားသော Ensure မှ ကုန်ပစ္စည်းများကို လေ့လာစူးစမ်းပါ။
References:
- https://www.webmd.com/healthy-aging/guide/caregiving-getting-started
- https://dailycaring.com/keeping-aging-parents-at-home-5-top-caregiving-tips/
- https://ensureindia.in/our-story