သက်ကြီးပိုင်း ကြွက်သားတည်ဆောက်ရေးအတွက် ထိပ်တန်းအစားအသောက်များ

သက်ကြီးပိုင်းများတွင် ကျန်းမာစေသောအစားသောက်ကို ထိန်းသိမ်းစားသုံးခြင်း၊ ကောင်းမွန်သော အစားအသောက် အလေ့အထကို မွေးမြူခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဖျားနာခြင်းနှင့် နာတာရှည်ရောဂါများကို ကောင်းမွန်စေသည်။ သက်ကြီးပိုင်း ခန္ဓာကိုယ်အား လိုအပ်သည့် အဓိက အာဟာရဓာတ်များ ထောက်ပံ့ပေးခြင်းသည် ကိုယ်ခံအား ကျန်းမာရေးစနစ်အတွက် အရေးကြီးသည်။

ကျန်းမာရေးတွင် မိုက်ခရိုအာဟာရဓာတ်များ၏ အရေးပါပုံမှာ မေးခွန်းထုတ်စရာမလိုဘဲ ၎င်းတို့ထဲမှ ဇင့်သည် ကိုယ်ခံအားစနစ်အတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိသည်။ ကလာပ်စည်းများ မျိုးပွားခြင်း နှင့် ကိုယ်ခံအားဆဲလ်သစ်များ ပေါင်းစပ်ခြင်းတွင် ဇင့်ကို လိုအပ်သည်။

ဇင့်ချို့ယွင်းခြင်းသည် သက်ကြီးပိုင်းများတွင် ပိုမိုတွေ့ရပြီး ၎င်းမှာ ကော်လက်စထရော ပမာဏများပြားခြင်းကို ရှောင်ကျဉ်ရန်အတွက် အသားနှင့်အ ခြား ဇင့်ဓာတ် ပါဝင်သောအစားအစာများကို ရွေးချယ်ပြီး ရှောင်ကြဉ်ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ မိုက်ခရိုအာဟာရဓာတ်များ ချွတ်ယွင်းရခြင်း၏ အခြားအကြောင်းအရာများမှာ အစာကောင်းကောင်းမဝါးခြင်း၊ အူမှအာဟာရစုပ်ယူမနိုင်ခြင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် စိတ်ဓာတ်ကျခြင်းနှင့် ကျန်းမာရေးအရ သောက်သုံးနေသော ဆေးများကြောင့်ဖြစ်သည်။

ဇင့်နည်းပါးခြင်းသည် ကိုယ်ခံအားကို ထိခိုက်နိုင်သည်။ အရွယ်ရောက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ်သည် အားနည်းလာပြီး နမိုးနီးယားနှင့် တုပ်ကွေးရောဂါများကဲ့သို့သော ရောဂါများကို ဖြစ်နိုင်ချေများလာပြီး ကိုယ်ခံအားကို ထိခိုက်နိုင်သောရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ချေ ပိုမိုမြင့်တက်လာသည်။ ထို့ကြောင့် လုံလောက်သည့် ဇင့်ပမာဏကို စားသုံးခြင်းသည် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပြီး သက်ရှည်ကျန်းမာစွာနေရေးအတွက် အထောက်အကူဖြစ်စေသည်။

ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ခြင်းကလည်း အရေးပါသည်။ ထိုသို့ထောက်ပံ့ရေးအတွက် အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝရရှိဖို့ Ensure အကူအညီကို ယူခြင်းကလည်း တစ်နည်းအပါအဝင်ဖြစ်သည်။ Ensure သည် ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဇင့်နှင့် HMB သို့မဟုတ် beta-hydroxyl-beta-methyl butyrate တို့ ကြွယ်ဝစွာ ပေးစွမ်းနိုင်ပြီး ပရိုတင်းနှင့် အလုပ်အတူလုပ်သည့် ကြွက်သားထိန်းသိမ်းရေး ပစ္စည်းလည်း ပါဝင်သောကြောင့် သက်ကြီးပိုင်း ကြွက်သားဆုံးရှုံးခြင်းနှင့် အရွယ်ရောက်ခြင်းနှင့်အတူ ကြွက်သားဆုံးရှုံးခြင်းကို ရင်ဆိုင် တိုက်ခိုက်ပေးသည်။

 

References:

  1. https://abbottfamily.com.sg/articles/active-aging/eat-well#
  2. https://ensure.com/health-articles-tips/nutrition/immune-system-support
  3. https://www.ncbi.nlm.nih.gov/pmc/articles/PMC4321209/
  4. https://www.verywellhealth.com/surprising-immunity-benefits-of-zinc-4047431