လူကြီးများအတွက် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းသတိထားစရာများနဲ့ ခုခံတိုက်ခိုက်ရန် နည်းလမ်းများ။
![]() |
လူကြီးများအတွက် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းသတိထားစရာများနဲ့ ခုခံတိုက်ခိုက်ရန် နည်းလမ်းများ။
မြန်မာ့ယဉ်ကျေးမှုမှာ “စိတ်သွားတိုင်းကိုယ်မပါလျှင် သင့်အတွက် အဖိုးတန်ဆုံးအရာကို အမှန်တကယ် သိလိမ့်မယ်” ဟူသော စကားပုံတစ်ခုရှိပါတယ်။ သင့်ကျန်းမာရေးဟာ သင့်အတွက် အဖိုးတန်ဆုံး ဖြစ်ပြီး သင့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ဘဝနေထိုင်မှု အရည်အသွေးကို အဆုံးအဖြတ်ပေး ပါလိမ့်မည်။ လူကြီးများ လျစ်လျူ ရှုလေ့ရှိတဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်း သတိထားစရာများနဲ့ ခုခံတိုက်ခိုက်ဖို့ နည်းလမ်းများကို လေ့လာကြည့်ကြပါစို့။
လူကြီးအများစုမှာ ရေဓာတ်ဆုံးရှုံးမှုကိုတွေ့ရခြင်း။
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှ ရေဓာတ်အများအပြား လိုအပ်လျှင်တောင်မှ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ အာရုံခံနိုင်စွမ်းလျော့ကျလာပါတယ်။ ဒါ့ကြောင့် လူကြီးအများစုမှာ ရေဓာတ်ဆုံးရှုံးမှုကို တွေ့ရခြင်းဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများရေငတ်မှုကိုသိသိသာသာကျဆင်းစေတဲ့အကြောင်းအရင်းအနည်းငယ်ကိုသာလူသိများပါတယ်။ လူကြီးတွေရဲ့ ခန္ဓာကိုယ်ဟာ လူငယ်တွေနဲ့ယှဉ်ရင် ရေဓာတ်အနည်းငယ်ကိုသာ ထိန်းထားနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် လူကြီးအများစု ဆေးရုံတင်ထားရတဲ့အကြောင်းအရင်းဟာ ရေဓာတ်ဆုံးရှုံးနေတာကြောင့်ဖြစ်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်ပေမယ့် ရေဓာတ်များတဲ့အသီးအရွက်များကို စားသုံးခြင်းဖြင့် ဖြေရှင်းနိုင်ပါက ပို၍ကောင်းပါလိမ့်မယ်။ သို့သော် သကြားဓာတ်များတဲ့ အသီးဖျော်ရည်တွေကို ရှောင်ကျဉ်ပြီး သဘာဝအတိုင်းရေဓာတ်များတဲ့ အသီးအရွက်တွေကိုသာ စားသုံးသင့်ပါတယ်။
လူကြီးအများစုမှာ သွေးတိုးရောဂါရှိနေတတ်ခြင်း
စိတ်ဖိစီးမှုများတဲ့ သူတွေဟာ သွေးတိုးရောဂါနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဆေးရုံ၊ဆေးခန်းမှာ လာရောက်စစ်ဆေးတဲ့ လူကြီး ၅၈ ရာခိုင်နှုန်းခန့်တွင် သွေးတိုးရောဂါရှိနေကြပြီးဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ နှလုံးရဲ့ သွေးညှစ်ထုတ်အားနဲ့ နှလုံးသွေးကြော အကျဉ်းအကျယ်ပေါ်မှာမူတည်နေပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်းဟာ ကိုလက်စတရော များခြင်း၊ နှလုံးသွေးကြော ပိတ်စေနိုင်တဲ့ အစိုင်အခဲကလေးများ သွေးကြောအတွင်း ရှိနေခြင်း နဲ့ ဆီးချိုရောဂါတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ လူကြီးတစ်ဦးဟာ သွေးတိုး ရောဂါရှိနေပေမယ့် သွေးတိုးရောဂါလက္ခဏာအသေးများ ပြလေ့မရှိတာကြောင့် သွေးတိုးရောဂါရှိနေသည်ကိုပင် မသိနိုင်ပါ။ လက္ခဏာအကြီးများဖြစ်သော လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ သတိမေ့တတ်ခြင်း စသည်များဖြစ်မှသာ နောက်ကျစွာ သိရတတ်ကြပါတယ်။ သွေးတိုးရောဂါရဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ နှလုံးပြင်းထန်စွာခုန်ခြင်း စသည်တို့ကို စောင့်ကြည့်ပါ။ ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများစားသုံးခြင်း၊ Sodium ဓာတ်နဲ့သကြားဓာတ်စားသုံးမှု ပမာဏကို လျှော့ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းခြင်း တို့ဟာ သွေးတိုးရောဂါကိုကာကွယ်ဖို့ သို့မဟုတ် ကုစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
လူကြီးတို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့ ဒဏ်ရာများကို လစ်လျူရှုမိခြင်း။
လူကြီးသူမများဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အနာတရဖြစ်မှုများ ဒဏ်ရာများဖြစ်တတ်ပါတယ်။ လူကြီးများဟာ မိမိမှာ ဒဏ်ရာရှိနေပေမယ့် တစ်ခါတစ်ရံ သတိမထားမိတတ်ပါ။ ဆေးရုံသို့ သွားရောက်ကုသဖို့လိုအပ်လာသည်အထိ ပြင်းထန်လာမှသာ သိရှိတတ်ကြခြင်းဖြစ်ပါတယ်။ မတိကျတဲ့လက္ခဏာများ နဲ့ တခြားသော နာမကျန်းဖြစ်မှုများက ဒဏ်ရာများကို ဖုံးအုပ်နေတတ်ပြီး ယခင်က ဒဏ်ရာရခဲ့ဖူးသော လူကြီးများကို စနစ်တကျ စောင့်ကြည့်ခြင်းကို ပြုလုပ်သင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ ဒဏ်ရာတွေကတော့ တင်ပါးရိုးအတွင်း၊ လက်မောင်းရိုးအတွင်း နဲ့ အခြား ကြွက်သားများနဲ့ဆက်စပ်နေသော အရိုးများတွင် ကွဲအက်မှုများရှိနေတတ်ခြင်းဖြစ်ပါတယ်။ ထိုကွဲအက်မှုများဟာ ထိုင်ခုံပေါ်မှ မတော်တဆ ပြုတ်ကျခြင်းကဲ့သို့သော မတော်တဆမှုများကြောင့် ဖြစ်နေတတ်ပါတယ်။ ထိုကွဲအက်မှုများမှာ လူကြီးများ၏ ခန္ဓာကိုယ်တွင်ဖြစ်သော ကြွက်သားများဆုံးရှုံးခြင်းကြောင့် အားနည်းလာခြင်း၊ နာတာရှည်ရောဂါဖြစ်နေခြင်း နဲ့ ခန္ဓာကိုယ်မှ အာဟာရ လိုအပ်မှုအတွက် လိုအပ်သလို အာဟာရမစုပ်ယူနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကိုယ်ခံအားတိုးတက်ကောင်းမွန်စေတဲ့ လေ့ကျင့်မှုများ၊ စနစ်တကျ အာဟာရစားသုံးမှု စောင့်ကြည့်ခြင်းများ နဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း တို့ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ ဒဏ်ရာများကို ကာကွယ်ဖို့ နဲ့ ကုသဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။
နားလည်တတ်ကျွမ်းသော သူတစ်ဦးဦးနှင့် တိုင်ပင်ပြီးမှသာ လေ့ကျင့်ခန်းပုံစံ ပြောင်းလဲခြင်း သို့မဟုတ် အစားအသောက်ပုံစံ ပြောင်းလဲခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သောရလဒ် ရရှိနိုင်မည်ဖြစ်ပြီး ဒဏ်ရာရ နိုင်ခြေ နည်းပါးမည် ဖြစ်ပါသည်။ အကယ်၍ သင်ဟာ အာဟာရမှတစ်ဆင့် ကျန်းမာအောင်ထိန်းသိမ်းရာမှာ အပိုအကူအညီလိုအပ်တယ်ဆိုရင် အာဟာရဖြည့်စွက်စာများမှ အကူအညီရယူနိုင်ပါတယ်။ Ensure အာဟာရဖြည့်စွက်စာအများစုမှာ လူကြီးများ၏ကြွက်သားကျန်းမာရေးနှင့် နေ့စဉ်သန်မာမှုများကို ထိန်းသိမ်းရန် ကယ်လ်စီယမ်၊ ဖော့စဖောရတ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဒီ၊ ကေ နှင့် HMB ( Hydroxymethylbutyrate ကြွက်သားတည်ဆောက်မှုအတွက် Leucine ၏ဇီဝဖြစ်ပျက်မှု) တို့ပါဝင်ပါတယ်။
References:
- https://abbottnutrition.com.my/adult-nutrition/5-health-issues-elderly-how-to-resolve-them
- https://health.clevelandclinic.org/drink-up-dehydration-is-an-often-overlooked-health-risk-for-seniors/
- https://www.ncoa.org/article/the-top-10-most-common-chronic-conditions-in-older-adults
- https://www.mayoclinic.org/medical-professionals/trauma/news/tips-for-treating-geriatric-trauma-patients/mac-20431294
- https://abbottfamily.com.sg/brands/ensure/ensure-gold-hmb-liquid
Additional Readings:
- https://nyulangone.org/news/why-trauma-among-seniors-so-easy-overlook-what-were-doing-about-it
- https://vitalrecord.tamhsc.edu/10-common-elderly-health-issues/