ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး
![]() |
ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး
ကူးစက်ရောဂါဆိုတာက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပါရာဆိုက်တွေကနေတဆင့် ကူးစပ်ကပ်ငြိပြီး ဖြစ်ပွားတဲ့ရောဂါတွေပါ။ အသက်အန္တရာယ်ရှိနိုင်တဲ့ ပြင်းထန်ကူးစက်ရောဂါတွေကစလို့ တုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးအဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောတွေဟာလည်း ကူးစက်ရောဂါအမျိုးအစားတွေပါပဲ။
တုပ်ကွေး၊ အဖျားစတဲ့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ အစားအသောက်ပျက်တာ၊ ချက်ချင်းပြန်လည် အင်အားပြည့်ဖြိုးလာဖို့ အချိန်ကြန့်ကြာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။ အစားအသောက်စားချင်စိတ် နည်းပါးနေတာကြောင့် ဘာမှမစားဖြစ်ကြတဲ့အခါ နဂိုအတိုင်း ထူထူထောင်ထောင်ပြန်ဖြစ်လာဖို့ အချိန်အများကြီးယူရတတ်ပါတယ်။
ဒီလို အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် လူ့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အားဖြည့်ပေးပြီး ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်ရောက်အောင် ကူညီပေးမယ့် အစားအစာမျိုးတွေကို မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အစားအသောက် ပျက်တဲ့ဝေဒနာကို ရှောင်လွှဲကာ အရသာရှိရှိနဲ့ မှီဝဲစားသောက်ပြီး နာလန်ထလူနာကိုလည်း အလျင်အမြန် ထူထူထောင်ထောင်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ အစားအစာ ၇ မျိုးကို ဖော်ပြပေးချင်ပါတယ်။
အသားညှပ်ပေါင်မုန့်
အသားညှပ်ပေါင်မုန့်တွေဟာ အရသာရှိလှသလို ပရိုတိန်းဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ပေါင်မုန့်၊ အသီးအရွက်၊ အသားတွေနဲ့ ဖန်တီးထားတာမို့ အာဟာရပြည့်ဝသလို ကိုယ်နှစ်သက်ရာ အသား၊ အရသာမျိုးကို ရွေးချယ် စားသုံးလို့ရတာကလည်း နာလန်ထကာစလူနာတွေအတွက် အစားအသောက်ပျက်မှုပြဿနာကို ဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ အာဟာရဆိုင်ရင် ကျွမ်းကျင်သူတွေကတော့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ကို အဓိက ရွေးချယ်စားသုံးဖို့ အကြံပေးထားကြပါတယ်။
သဘာဝသစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ အသင့်ဖျော် သစ်သီးဖျော်ရည်တွေဟာ သကြားပါဝင်မှုများတဲ့အတွက် နာလန်ထစလူနာတွေနဲ့ မသင့်တော်ပါဘူး။ ကိုယ်နှစ်သက်ရာ သစ်သီးကို ရွေးချယ်ပြီး သဘာဝအတိုင်း ဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်တွေကိုသာ မှီဝဲသင့်ပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို အလျှင်အမြန် recovery ဖြစ်စေဖို့လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။
ကြက်သားစွပ်ပြုတ်
ကြက်စွပ်ပြုတ်ဆိုရင် လူအတော်များများက လူမမာစာလို့ မြင်တတ်ကြပါတယ်။ တကယ်က ကြက်စွပ်ပြုတ်ကို ဖွယ်ဖွယ်ရာရာ အမယ်စုံစုံနဲ့ ပြုတ်ပြီးစားပေးရင် အရသာလည်း ရှိလှသလို နာလန်ပြန်ထတာ မြန်ဆန်အောင်လည်း အထောက်အကူပေးပါတယ်။ ကြိုက်တတ်လို့ ချင်းနဲ့ ကြက်သွန်ဖြူလေးပါ ထည့်ပြီး ပြုတ်စားမယ်ဆိုရင် ကိုယ်ခံအားနစ်ကိုလည်း မြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။
လက်ဖက်ရည်ကြမ်း/ရေနွေးကြမ်းပူပူ
လက်ဖက်စိမ်းပဲဖြစ်၊ စံပါယ်ရနံ့ လက်ဖက်ခြောက်ပဲဖြစ်ဖြစ်၊ အူလောင်းပဲဖြစ်ဖြစ်၊ လက်ဖက်နက်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ လက်ဖက်ခြောက်အမျိုးအစားကို သုံးပြီး နေ့စဉ် ရေနွေးကြမ်းမှီဝဲပေးပါ။ ရေနွေးဟာ ကျန်းမာရေးနဲ့သင့်လျော်သလို လက်ဖက်ရွက်ကလည်း antioxidants တွေ ကြွယ်ဝစွာပါဝင်နေတာမို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ရေနွေးကို မသောက်ခင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ထည့်ပြီး အနံ့ရှူရှိုက်ပေးတဲ့ အလေ့အထလေးလည်း လုပ်ကြည့်ပါ။ အသက်ရှုလမ်းကြောင်းကို ကောင်းမွန်သန့်စင်စေပြီး လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးကိုတော့ အစာပြေစာပဲဖြစ်ဖြစ်၊ မနက်ခင်း မနက်စာပဲဖြစ်ဖြစ်၊ ညစာအနေနဲ့ပဲဖြစ်ဖြစ် မှီဝဲပေးလို့ရပါတယ်။ ကြိုက်သလိုပုံစံမျိုးနဲ့ မှီဝဲစားသုံးပေးလို့ရပါတယ်။ အစာအိမ်နဲ့ အစာခြေဖျက်မှုစနစ်ကို အထောက်အကူပေးနိုင်ပြီးတော့ ဝမ်းသွားတာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။.
ပေါင်မုန့် မီးကင်
မနက်ခင်းမှာ မနက်စာအဖြစ် ပေါင်မုန့်မီးကင်လေးစာပေးတာကလည်း အဖျားသက်သာပြီး နာလန်ထကာစ လူနာတွေ အလျှင်အမြန်ပြန်သက်သာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကြက်သားပြုတ်လေးနဲ့ တွဲဖက်မှီဝဲတာမျိုး၊ ငှက်ပျောသီးနဲ့ တွဲဖက်စားသုံးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ မလိုအပ်ပဲ ဗိုက်ဆာတာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အာဟာရပညာရှင်တွေကတော့ ကူးစက်ရောဂါတွေကနေ နာလန်ထလာတဲ့ လူနာတွေအနေနဲ့ Whole-grain bread တွေကို ပိုမိုမှီဝဲစားသုံးပေးသင့်တယ်လို့ လမ်းညွှန်ထားကြပါတယ်။
အနက်ရောင် ချောကလက်
ယုံချင်ယုံ မယုံချင်နေ၊ အနက်ရောင် ချောကလက်တွေဟာ အဖျားဝေဒနာကနေ နာလန်ထကာစ လူနာအတွေအတွက် အထူးသင့်လျော်တဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။ dark chocolate မှာ theobromine လို့ ခေါ်တဲ့ antioxidant တစ်မျိုးကြွယ်ဝစွာပါဝင်နေပြီး ဒီဓာတ်ဟာ ချောင်းဆိုးဝေဒနာကိုလည်း သက်သာစေပါတယ်။
ဒါ့အပြင် ဂျင်းပြုတ်ရည်၊ လိမ္မော်သီး၊ ဂရိဒိန်ချဉ်၊ ဘလူးဘယ်ရီ၊ ဂျင်ဆင်းလက်ဖက်ရည်၊ ခရမ်းချဉ်သီး၊ ဆာလ်မွန်ငါး၊ ပန်းဂေါ်ဖီစိမ်း၊ သံလွင်ဆီ၊ ကညွတ်၊ ဥအမျိုးမျိုးနဲ့ ပန်းသီးတွေကိုလည်း မှီဝဲပေးသင့်ပြီး အဆိုပါ အစားအစာတွေကလည်း ကူးစက်ဝေဒနာကနေ ပြန်လည်သက်သာလာတဲ့ နာလန်ထကာစလူနာတွေကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ရေကိုလည်း များများသောက်သင့်ပါတယ်။ ဒါတွေအပြင် အာဟာရပြည့်ဝလုံလောက်စွာ ထည့်သွင်းထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကလည်း နလန်ထလူနာကို မြန်မြန်အားပြည့်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာ အသေအချာပါပဲ။
Ref:
https://www.webmd.com/cold-and-flu/ss/slideshow-flu-foods
https://www.webmd.com/food-recipes/features/10-amazing-disease-fighting-foods#1
Does your website have a contact page? I’m having trouble locating it but, I’d like to send you an e-mail. I’ve got some ideas for your blog you might be interested in hearing. Either way, great website and I look forward to seeing it develop over time.|
I like the helpful info you provide in your articles. I will bookmark your weblog and check again here regularly. I am quite sure I will learn plenty of new stuff right here! Good luck for the next!|
Write more, thats all I have to say. Literally, it seems as though you relied on the video to make your point. You definitely know what youre talking about, why waste your intelligence on just posting videos to your site when you could be giving us something informative to read?|
Hi to all, the contents existing at this site are in fact amazing for people knowledge, well, keep up the good work fellows.|
I couldn’t refrain from commenting. Exceptionally well written!|
Magnificent beat ! I wish to apprentice whilst you amend your website, how can i subscribe for a weblog web site? The account helped me a acceptable deal. I have been tiny bit acquainted of this your broadcast offered bright transparent idea|
My relatives always say that I am killing my time here at net, except I know I am getting experience every day by reading such pleasant articles.|
Hello, i think that i saw you visited my site so i came to go back the choose?.I am trying to in finding things to enhance my web site!I guess its ok to use a few of your ideas!!|
It is appropriate time to make a few plans for the long run and it is time to be happy. I have learn this post and if I could I want to suggest you few interesting things or advice. Perhaps you could write next articles regarding this article. I want to read more things about it!|
I really like your blog.. very nice colors & theme. Did you design this website yourself or did you hire someone to do it for you? Plz reply as I’m looking to construct my own blog and would like to find out where u got this from. kudos|