သင်၏ကိုယ်အလေးချိန်ကို ထိန်းသိမ်းစေနိုင်သည့်အချက်များ

လူတစ်ယောက်အသက်ကြီးလာလေလေ သင့်တော်ပြီး ကျန်းမာသည့်ကိုယ်အလေးချိန်ရရှိအောင်ထိန်းသိမ်းဖို့ ခက်ခဲလာပါသည်။ ဖျားနာခြင်းသို့မဟုတ် သဘာဝအလျောက် အစားစားချင်စိတ်လျော့နည်းလာသည့် အခါတွင် ကိုယ်အလေးချိန်များကျဆင်းလာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လူ၏ခန္ဓာကိုယ်သည် ကျန်းမာသောကိုယ်အလေးချိန်တစ်ခုတွင်သာ ကောင်းစွာအလုပ်လုပ်နိုင်ပါသည်။

ရှိသင့်သည့်ကိုယ်အလေးချိန်အောက်လျော့ကျနေခြင်း(သို့မဟုတ်) ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းသည် ကိုယ်မသိနိုင်သောကျန်းမာရေးအခြေအနေကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ်ကို သေချာသိစေရန် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း/ဆရာဝန်ထံသို့ သွားရောက်တိုင်ပင် ဆွေးနွေးသင့်ပါသည်။  ဖျားနာခြင်းကြောင့် ရုတ်တရတ်ကိုယ်အလေးချိန်ကျဆင်းခြင်းမဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အိုများတွင် အစားစားချင်စိတ် ပျောက်ဆုံးခြင်းကြောင့်ကိုယ်အလေးချိန်ကျဆင်းနိုင်ပါသည်။ ၎င်းအချက်ကြောင့် သက်ကြီးရွယ်အိုများတွင် အာဟာရဓာတ်မလုံလောက်ခြင်း ပြဿနာများကို ဖြစ်ပေါ်စေသည်။

ကိုယ်အလေးချိန်ကျဆင်းခြင်းသည် အထူးသဖြင့်သက်ကြီးရွယ်အိုများတွင် ပြင်းထန်နိုင်ပါသည်။ အရေးကြီးသောအာဟာရများချို့တဲ့ခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအားနည်းခြင်း (သို့မဟုတ်) အရိုးပွရောဂါအပါအဝင် စသည့်ကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ဖျားနာခြင်းနှင့် အခြားကူးစက်ရောဂါများကို ဖြစ်စေနိုင်သည်။

ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းက အရေးကြီးပါသည်။ ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေရန် သင်လုပ်ဆောင်နိုင်သောအဆင့်များရှိပါသည်။

၁။ တစ်နေ့လျှင် အစား(၃) ကြိမ်စားသုံးရန်ခက်ခဲနေပါက အာဟာရပြည့်ဝသော ကယ်လိုရီသိပ်သည်းမှုများသည့် သရေစာများတစ်နေ့တာလုံးစားပေးပါ။

၂။ ပထမဦးစွာပရိုတင်းကို ဖြည့်စွက်စားသုံးပါ။ ထို့နောက် ဟင်းသီးဟင်းရွက်များကိုမျှတစွာ စားသုံးပါ။

၃။ အစာများ စားဝင်နိုင်ရန် အစာမစားမီ ရေများသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

၄။ ကြီးသောပန်ကန်များဖြင့်ရွေးချယ်စားသုံးပါ။ အဘယ်ကြောင့်ဆိုသော် သေးငယ်သောပန်ကန်များအသုံးပြုခြင်းက သင့်အား အစားဝင်တာနည်းစေပါသည်။

၅။ ပြည့်ဝဆီများပါဝင်သောအစားအစာများ၊ သကြားဓာတ်များ၊ အချိုရည်များ၊ ကိတ်မုန်နှင့် ဘီစကွတ်မုန့်များ စသည့်အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၆။ အာဟာရပညာရှင်တစ်ဦး(သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင် တစ်ဦးဦးနှင့်တိုင်ပင်ပါ။ ၎င်းသည် သင်၏ကယ်လိုရီလိုအပ်ချက်ပေါ်မူတည်၍ စားသုံးရန်အစီအစဉ်များကို အကြံပေးနိုင်သလို မည်သည့်အကြောင်းကြောင့်ကိုယ်အလေးချိန်လျော့ကျသွားသည်ကိုလည်း တွက်ဆနိုင်ပါသည်။

၇။ လူအများနှင့်တူတူစားသောက်ပါ။ မိသားစု၊ သူငယ်ချင်းများနှင့် အတူစားသောက်ခြင်းက အစားအစာကို ပိုမိုစားဝင်စေပါသည်။

၈။ အစားအစာကို ကယ်လိုရီမြင့်မားသောအရည်များဖြင့် အစားထိုး၍သော်၎င်း၊ အစာဖြည့်စွက်စာအနေဖြင့် ၎င်း သောက်သုံးပေးနိုင်ပါသည်။ Ensure Gold သည် လူအများ၏ ကိုယ်အလေးချိန်ကို ထိန်းညှိပေးရန် ဆေးသုသေသနများဖြင့် သက်သေပြခဲ့ပြသည်။ ၎င်းသည် ခွန်အားနှင့် စွမ်းအင်အတွက် ပြည့်စုံမျှတသော အာဟာရကို ပေးစွမ်းပါသည်။ ထို့အပြင် ကြွက်သားဆုံးရှုံးမှု (သို့မဟုတ်) Sarcopenia ကို နှေးကွေးစေသည့် HMB (သို့မဟုတ်) beta-hydroxy-beta-methylbutyrate လည်းပါဝင်ပါသည်။

 

References:

  1. https://ensure.com/health-articles-tips/nutrition/weight-gain
  2. https://www.nhs.uk/live-well/healthy-weight/keeping-your-weight-up-in-later-life/
  3. https://www.health.harvard.edu/staying-healthy/keeping-your-weight-stable-in-older-age