ရောဂါကာကွယ်ခုခံရာမှာ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့ အခန်းကဏ္ဍ
![]() |
ရောဂါကာကွယ်ခုခံရာမှာ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့ အခန်းကဏ္ဍ
နေကောင်းအောင် နေပါ၊ အားရှိတာ စားပါ၊ အားပြည့်အောင် နေပါ ဆိုတဲ့ စကားတွေက လူကို အပေါ်ယံသန်မာကြံ့ခိုင်နေဖို့ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရောဂါဘယတွေ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်အောင်၊ ဝင်လာခဲ့ရင်တောင် ခန္ဓာကိုယ်က ပြန်ပြီး တိုက်ထုတ်နိုင်အောင် အဓိကျတဲ့ ကိုယ်ခံအားစနစ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ကိုယ်ခံအား ကောင်းဖို့ ဘာလုပ်ရမလဲ
ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ဆေးလိပ်နဲ့အရက် ရှောင်ဖို့ တို့လို တခြားအချက်တွေ ရှိနေပေမယ့်လည်း တကယ်တမ်းက ကိုယ်စားတဲ့ အစားအသောက်နဲ့ ရရှိမယ့် အာဟာရက ထိပ်ဆုံးကအရေးပါနေတာ မမေ့လိုက်ပါနဲ့နော်။
အဲဒီအစားအသောက်တွေကနေ တိုက်ရိုက်ရရှိမယ့် အာဟာရဓာတ်တွေကမှ သက်စောင့်ဓာတ်တွေလို ရောဂါကာကွယ်ခုခံနိုင်မယ့် စွမ်းအားတွေ ပေးနိုင်မှာလေ။
ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက် ဘယ်လို အခန်းကဏ္ဍကနေ အရေးပါနေလဲဆိုတာ ဥပမာ ပေးပြီး ရှင်းပြပါဦးမယ် –
ပရိုတင်း
ပရိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက တစ်ရှူးတွေ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ အပြင် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ခုခံနိုင်စွမ်းမှာလည်း အရေးပါတဲ့ဓာတ်ပါ။ ပဋိပစ္စည်းတွေနဲ့ ကိုယ်ခံအားဆဲလ်တွေလို ကိုယ်ခံအားစနစ်ရဲ့ အရင်းအမြစ်တွေကလည်း ပရိုတင်း နဲ့ အမိုင်နိုအက်ဆစ်တွေအပေါ် အားထားရပါတယ်။
ဒါ့ကြောင့် နေ့စဉ် အစားအသောက်ထဲ ပရိုတင်း ခေါ် အသားဓာတ် ပါဝင်မှု နည်းနေခဲ့ရင် အားနည်းတာ၊ မောပန်းလွယ်တာ၊ ကိုယ်ခံအားနည်းတာတွေလို လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။
ဗီတာမင် C
ဗီတာမင် C နဲ့ ကိုယ်ခံအားစနစ် ဆိုတာ အတော်များများ တွဲသိကြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဗီတာမင် C ကို အချဉ်သီးတွေကပဲ ရနိုင်မယ်လို့ မယူဆဖို့လိုပါတယ်။ အစိမ်းရောင်အရွက်တွေ၊ မာလကာသီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ ပန်းငရုတ်ပွ စတဲ့ တခြားအရင်းအမြစ်တွေကနေလည်း ရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။
ကိုယ်ခံအား ကောင်းစေဖို့၊ အအေးမိ၊ဖျားနာက အစ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ဗီတာမင် C ကအရေးပါပါတယ်။
ဗီတာမင် E
ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ကိုယ်ခံအားအတွက် အကျိုးပြုပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် အပြည့်အဝရှိပါတယ်။ အရေပြားပြဿနာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးပါတယ်။
ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ဟာ ဗီတာမင် E ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။
ဗီတာမင် A
ရောင်စုံ အသီးအနှံလေးတွေမှာ carotenoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်း တွေ ကြွယ်ဝပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေး တို့လို အစားအစာတွေဆီက carotenoids တွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားတာပါ။
ဗီတာမင် A က ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ပေးနိုင်အောင် ကူညီပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ထောက်ကူပေးနိုင်တာ ဖြစ်ပါတယ်။
ဗီတာမင် D
ကိုယ်ခံအားအတွက် ဗီတာမင်တွေ အကြောင်းပြောတဲ့အခါ ဗီတာမင် D ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီ နေရောင်ခြည်ကနေ အများဆုံးရရှိနိုင်တဲ့ ဗီတာမင် D ကို သဘာဝအစားအစာတွေကနေလည်း အနည်းငယ်ရရှိနိုင်ပါတယ်။ ဥပမာ -တူနာငါး၊ ကြက်ဥ အနှစ်တို့ လိုပေါ့။ လူတစ်ဦး နေ့စဉ်လိုအပ်တဲ့ vitamin D ပမာဏကို ရရှိချင်တယ်ဆိုရင်တော့ ဗီတာမင် D ထည့်ပေါင်းထားတဲ့ ဖြည့်စွက်အားဆေး၊ ဖြည့်စွက်အာဟာရတွေကို သုံးနိုင်ပါတယ်။
ဖောလိတ်
ဖောလိတ် ဆိုတာ သဘာဝအသွင်ဖြစ်ပြီး ဖောလစ်အက်ဆစ်ကတော့ ခန္ဓာကိုယ်ထဲ ချက်လုပ်ပြောင်းလဲပြီး အသွင်ဖြစ်ပါတယ်။ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးတဲ့ ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက်လည်း အရေးပါနေတာ ဖြစ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး စတာတွေအပြင် ဖြည့်စွက်ထားတဲ့ အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။
သံဓာတ်
ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေဆီ အောက်ဆီဂျင် ပို့လွှတ်ရာမှာ ကူညီပေးတဲ့ သံဓာတ်ဟာ အရေးကြီးဆုံး အာဟာရဓာတ်တွေထဲမှာ ရှေ့က ပါဝင်နေတာဖြစ်ပါတယ်။အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်မှာ သံဓာတ်နည်း၊ သွေးအားနည်းမှတော့ ကိုယ်ခံအားဘယ်ကောင်းနိုင်ပါတော့မလဲ။
အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ အပြင် သံဓာတ်ဖြည့်စွက် ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။
ဆယ်လီနီယမ်
ကိုယ်ခံအားအပေါ်မှာ အာနိသင် သက်ရောက်မှုသိပ်ရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ရောဂါတော်တော်များ များ ကို ကာကွယ် ပေးနိုင်သလို ကင်ဆာလို ရောဂါမျိုးတွေမှာတောင် ခန္ဓာကိုယ်ရဲ့လွန်ကဲတဲ့တုံ့ပြန်မှုတွေကို နှေးကွေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သူ့ကိုတော့ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်း၊ တူနာငါးတွေကနေ ရရှိနိုင်ပါတယ်။
ဇင့်
ခရု၊ ကမာ၊ ဂဏန်း၊ အဆီမပါတဲ့ အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်တဲ့ ဇင့်ဓာတ်ဟာလည်း ကိုယ်ခံအားအတွက် အရေးကြီးပါတယ်။ သူက ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးသလို နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေပါတယ်။
ဒီလိုဓာတ်တွေကို ရရှိနိုင်ဖို့က အသား၊ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် တွေကို ညီညွတ်မျှတအောင် စားတာက တစ်နည်း၊ ဒီဓာတ်တွေ ဖြည့်စွက်ထားတဲ့ ဖြည့်စွက်အာဟာရတွေကို သောက်သုံး၊ စားသုံးတာက တစ်ဖုံ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားမှ ကိုယ်ခံအားစနစ် ကျန်းမာပါလိမ့်မယ်။ ရောဂါပိုးတွေနဲ့ ကင်းဝေးနိုင်ဖို့ ကိုယ်ခံအားစနစ်လေးကို ဂရုစိုက် စောင့်ရှောက်ကြပါလို့ သတိပေးလိုက်ရပါတယ်။
Ref:
https://health.clevelandclinic.org/eat-these-foods-to-boost-your-immune-system/
https://www.webmd.com/cold-and-flu/qa/are-highprotein-foods-good-for-the-immune-system
Link exchange is nothing else except it is only placing the other person’s web site link on your page at suitable place and other person will also do same for you.|
I simply couldn’t leave your website prior to suggesting that I actually loved the usual info a person provide on your guests? Is going to be back steadily to check up on new posts|
I must thank you for the efforts you’ve put in writing this blog. I am hoping to see the same high-grade content by you in the future as well. In truth, your creative writing abilities has inspired me to get my own, personal blog now ;)|
Its like you read my thoughts! You appear to understand a lot about this, like you wrote the ebook in it or something. I believe that you just can do with a few to force the message house a little bit, however other than that, that is great blog. An excellent read. I’ll definitely be back.|
If you are going for best contents like I do, simply go to see this web site every day as it presents quality contents, thanks|
I loved as much as you’ll receive carried out right here. The sketch is tasteful, your authored subject matter stylish. nonetheless, you command get got an edginess over that you wish be delivering the following. unwell unquestionably come more formerly again as exactly the same nearly very often inside case you shield this increase.|
Hello there! This is kind of off topic but I need some help from an established blog. Is it difficult to set up your own blog? I’m not very techincal but I can figure things out pretty quick. I’m thinking about setting up my own but I’m not sure where to begin. Do you have any ideas or suggestions? Cheers|
Thank you for the auspicious writeup. It in fact was a amusement account it. Look advanced to far added agreeable from you! By the way, how can we communicate?|
Thank you for sharing your info. I really appreciate your efforts and I am waiting for your further write ups thank you once again.|
I’ve been surfing online more than three hours lately, yet I never found any fascinating article like yours. It is pretty price enough for me. In my opinion, if all website owners and bloggers made good content as you did, the internet will likely be a lot more helpful than ever before.|
Thanks for any other informative web site. Where else may just I am getting that type of information written in such an ideal method? I’ve a challenge that I’m just now working on, and I’ve been on the look out for such info.|
Wow, incredible blog layout! How long have you been blogging for? you make blogging look easy. The overall look of your web site is excellent, let alone the content!|