သက်ကြီးပိုင်းများ ကိုယ်ခံအားစနစ်အတွက် ပရိုတင်းထောက်ပံ့မှု

ကိုယ်ခံအားစနစ်သည် ဆဲလ်များ၊ တစ်သျှုးများ နှင့် ကိုယ်တွင်း အင်္ဂါများပူးပေါင်းပြီး ကိုယ်ခန္ဓာကို ကူးစက်ရောဂါများ နှင့် ဖျားနာခြင်းများမှ ကာကွယ်ပေးသော စနစ်ဖြစ်သည်။  သုသေသနပညာရှင်များ၏အဆိုများအရ သက်ကြီးပိုင်းများသည် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားဆဲလ်များ နည်းလာသည့်အတွက် ဖျားနာခြင်းများ ပိုဖြစ်နိုင်ပါသည်။ ထို့အပြင် သက်ကြီးပိုင်းများ၏ ခန္ဓာကိုယ်သည် သွေးဖြူဥများထုတ်လုပ်ခြင်း လျော့လာသည့်အတွက် ဒဏ်ရာ၊ ကူးစက်ရောဂါ နှင့် ဖျားနာခြင်းများမှ ပြန်လည်သက်သာခြင်းမှ နှေးကွေးစေနိုင်သည်။

ပရိုတင်းကြွယ်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့လည်း ကူညီပေးနိုင်သည်။ မွေးကင်းစအရွယ်မှစ၍ သက်ကြီးပိုင်းရောက်ချိန်အထိ ပရိုတင်းသည်  ခန္ဓာကိုယ် တစ်သျှုးများပြုပြင်တည်ဆောက်ခြင်းနှင့် ဘက်တီးရီးယားများရန်မှလည်း ကာကွယ်ပေးနိုင်သည်။ ကိုယ်ခံအားစနစ်မှ အဓိကဖြစ်သော ပဋိပစ္စည်းများနှင့် ကိုယ်ခံအားဆဲလ်များသည်လည်း ပရိုတင်းအပေါ်မှီခိုသည်။

ထို့ကြောင့် လုံလောက်သော ပရိုတင်းကို အာဟာရမျှတသော အစားအစာများမှ ရရှိခြင်းသည် အသက်အရွယ်ကြီးသောလူတစ်ယောက်အတွက်ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်သည်။ သက်ကြီးပိုင်းများအတွက် များစွာသောပရိုတင်းရစေဖို့ အရေခွံမပါသော ကြက်သား၊ အဆီမပါသော အမဲသား နှင့် ကြက်ဆင်သား၊ ပဲများ နှင့် ပဲပုပ်စသည့်အစားအစာများရွေးချယ်ပါ။

သက်ကြီးပိုင်းများအတွက် အကြံပြုထားသော တစ်ရက်စာ ပရိုတင်းပမာဏ

အသက် ၅၀ အထက်သက်ကြီးပိုင်းများ ၃ ယောက်တွင် ၁ ယောက်သည် တစ်ရက်စာအတွက် လုံလောက်သော ပရိုတင်းပမာဏရရှိခြင်းမရှိပါ။ ထို့ကြောင့် သက်ကြီးပိုင်းများအတွက် လိုအပ်သော ပရိုတင်းပမာဏ ဘယ်လောက်ဆိုတာကို မသိပါက သင်တစ်ယောက်တည်းမဟုတ်ပါ။

လက်ရှိ လမ်းညွှန်ချက်များအရ တစ်ရက် လျှင် ကိုယ်အလေးချိန်တစ်ပေါင်အတွက် ဝ.၃ ဂရမ် ပရိုတင်းလိုအပ်ပါသည်။ လေ့လာတွေ့ရှိချက်အသစ်များတွင်တော့ သက်ကြီးပိုင်းများအတွက် ကိုယ်အလေးချိန်တစ်ပေါင်တွင် ၀.၅ ဂရမ်နီးပါး လိုအပ်နိုင်သည်ဟု ဖော်ပြထားပါသည်။

သက်ကြီးပိုင်းများ ၏ ကိုယ်ခံအားကိုထောက်ပံရန် လုံလောက်သော ပရိုတင်းရရှိနိုင်သည့် နည်းလမ်းအချို့မှာ မနက်စာကို ပရိုတင်းပြည့်ဝသော ဥများစားသောက်ခြင်း၊ နေ့လယ်စာနှင့် ညစာများတွင် ကြက်သားနှင့် ငါးကဲ့သို့ ပရိုတင်းပြည့်ဝသော အစားအစာများစားခြင်း၊ နေ့လယ်ဘက်တွင် ပရိုတင်း နှင့် ကြွက်သားများကို ထိန်းသိမ်းပေးသော HMB( beta-hydroxy-beta-methylbutyrate) ပါဝင်သည့် Ensure သောက်သုံးခြင်းတို့ပြုလုပ်နိုင်ပါသည်။ ပရိုတင်းနှင့်အတူ HMB သည်လည်း ကြွက်သားများ တည်ဆောက်ခြင်းနှင့် ကျန်းမာ ကြံ့ခိုင်စွာ အသက်ကြီးလာစေဖို့ ကူညီပေးပါသည်။

References:

  1. https://www.webmd.com/healthy-aging/guide/seniors-boost-immunity#1
  2. https://www.webmd.com/cold-and-flu/qa/are-highprotein-foods-good-for-the-immune-system
  3. https://www.nutritionnews.abbott/healthy-living/aging-well/benefits-of-protein-preventing-falls-and-fragility/
  4. https://abbottfamily.com.sg/articles/active-aging/5-things-you-need-to-know#