သင့်ကိုယ်ခံအားစနစ်ရှိ Antioxidant ၏ အ‌ရေးပါပုံ

ဘယ်အသက်အရွယ်မှာမဆို၊ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ပြင်းထန်တဲ့ရောဂါပိုးမွှားများ၊ ပိုးမွှားများ၊ ရောဂါပိုးများ၊ တစ်နည်းအားဖြင့် လူမှုဘဝကိုပါထိခိုက်စေတဲ့ တိုက်ခိုက်ခံရမှုများကို ကာကွယ်ပေးမယ့် ခံတပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သင်ဟာ “free-radical scavengers” လို့ခေါ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် antioxidants နှစ်မျိုးလုံး လိုအပ်ပါတယ်။ ဘာကြောင့်လိုအပ်သလဲဆိုရရင် သူတို့ဟာ ပတ်ဝန်းကျင်နဲ့ အခြားသောဖိအားများကြောင့်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပျက်စီးများကို ဟန့်တား၊ သို့မဟုတ် ‌နှေးကွေးစေရန် အစားအစာမှတဆင့် သင် ရရှိနိုင်တဲ့ အရာတစ်ခုဖြစ်နေလို့ပါ။ အထူးသဖြင့် သူတို့ရဲ့အကူအညီကို ပိုမိုလိုအပ်သူများဖြစ်တဲ့ လူကြီးတွေအတွက်တော့ အာဟာရက သိပ်ကိုအရေးကြီးလှပါတယ်။ အစားအစာတစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ နေ့စဥ် ကိုယ်ခံအားစနစ်အတွက်အထောက်အကူပြု အာဟာရများ၊ အထူးသဖြင့် antioxidants များ ဖြည့်စည်းဖို့အတွက် အာဟာရဖြည့်စွက်စာများကို သုံးဆောင်နိုင်ပါတယ်။ (ဥပမာ – Ensure Gold မှာ ပရိုတင်း၊ ဗီတာမင်၊ A၊ B6၊ B12၊ C၊ D၊ E၊ ဖောလိတ်၊ ဆယ်လီနီယမ်၊ ကော့ပါး၊ ဇင့်၊ သံဓာတ် စတဲ့ ကိုယ်ခံအားအတွက်အထောက်အကူပြု အာဟာရ ၁၂မျိုး ပါဝင်ပါတယ်) 1, 2, 3, 4, 5, 6, 7, 8, 9, 10

ဗီတာမင် Antioxidant များ

A – ဘီတာ-ကာရိုတင်းလို့ လူသိများတဲ့ ကာရိုတင်းနွိုက်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ အပင်များပေါ်မှာ သဘာဝအလျောက်ဖြစ်‌ပေါ်နေတဲ့ ဆိုးဆေးတွေပါ။ ဒါကြောင့် အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး သူတို့ကို ခန္ဓာကိုယ်က ကောင်းစွာလက်ခံရရှိချိန်မှာ ဗီတာမင် A က ဆဲလ်များ (အထူးသဖြင့် ကိုယ်ခံအားစနစ်လုပ်ဆောင်တဲ့ ဆဲလ်များ) တိုးတက်ကောင်းမွန်စေရန် တွန်းအားပေးပါတယ်။ သူတို့ဟာ အရေပြား၊ အဆုတ်နဲ့ အစာအိမ်ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ 3, 4

အကောင်းဆုံးရင်းမြစ်များ – နို့ထွက်ပစ္စည်းများ၊ ဥများ၊ အသည်းနှင့် အနီ၊ လိမ္မော်နှင့် အစိမ်းရောင် အသီးအနှံများနှင့် (အရောင်အသွေးအစုံအလင်) အသီးအရွက်များ 3, 4

 

E ရောဂါကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်းကို အားပေးမြှင့်တင်ရန်နဲ့ ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်မှာ သဘာဝအလျောက်မွေးဖွားလာတဲ့ ရောဂါပိုးမွှားများကိုတိုက်ဖျက်မယ့်ဆဲလ်များ ထုတ်လုပ်ခြင်းကို တိုးတက်စေရန်တို့ကို တာဝန်ယူပါတယ်။ လူကြီးများဟာ အသက်အရွယ်အရ ကိုယ်ခံအားစနစ်ကျဆင်းလာခြင်းကြောင့် ဗီတာမင် E သုံးဆောင်သင့်ပါတယ်၊ ဗီတာမင် E ဟာ ဆဲလ်များအတွက် ဓာတ်တိုးဖျက်စီးခြင်းမှကာကွယ်ရန် အထောက်အပံ့ပေးနိုင်ပါတယ်။ 2, 3

ရရှိနိုင်သောအရာများ အယ်လ်မွန်စေ့များ၊ နေကြာစေ့များ၊ အသီးအရွက်ဆီများနှင့် ကြွယ်ဝသောအစေ့အဆန်များ 2, 3

Mineral Antioxidants

 

ဆယ်လီနီယမ် – သင့်ကိုယ့်ခံအားစနစ်ရဲ့ တုံ့ပြန်ချက်များကို ပြန်လည်ထိန်းညှိပေးတဲ့ မှီခိုအင်ဇိုင်းများအတွက် လိုအပ်တဲ့ ဒြပ်ပေါင်းတစ်ခုပဲဖြစ်ပါတယ်။ အန္တရာယ်‌ပြုနိုင်ချေရှိတဲ့ ပိုးမွှားခြိမ်းခြောက်မှုများကို ရှာဖွေဖော်ထုတ်ရာမှာ ပိုမိုထိရောက်စေဖို့အတွက် ဖြစ်ပါတယ်။ ဗီတာမင် E ပါဝင်တဲ့ အလားတူ ကာကွယ်ပေးခြင်းတွေမှာ ဓာတ်တိုးဖိစီးမှုကို လျှော့ချထားခြင်းကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ (အလွန်အကျွံ ရောင်ရမ်းခြင်းဟာ ကျန်းမာတဲ့ဆဲလ်များကို သေကြေပျက်စီးစေနိုင်ပါတယ်) 3, 5

အကောင်းဆုံးရင်းမြစ်မျာ ဆန်၊ ပြောင်း၊ ဂျုံမှုန့်၊ ကြက်ဥ၊ အခွံမာသီး၊ ဒိန်ခဲ၊ ပဲစေ့များနဲ့ ပဲများ 3, 5

 

ဇင့် – ရောဂါပိုးမွှားများကို တိုက်ထုတ်ခြင်းနဲ့ အနာကျက်စေခြင်းတို့ဟာ ကိုယ်ခံအားစနစ်ရဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းတွေပဲဖြစ်ပါတယ်။ ပိုးမွှားများဟာ ဆဲလ်များ အသိပေးအချက်ပြခြင်းဖြင့် ကူညီပေးတဲ့အတွက်ကြောင့် ကိုယ်ခံအားတုံ့ပြန်မှုညံ့ဖျင်းပြီး ပဋိပစ္စည်းထုတ်လုပ်မှုကို ချို့တဲ့စေနိုင်ပါတယ်။ အနံ့နဲ့ အရသာအတွက်လည်း အရေးကြီးတဲ့အပြင် ဇင့်ကို ခန္ဓာကိုယ်က အလွယ်တကူ မသိုလှောင်ထားနိုင်တဲ့အတွက်ကြောင့် အစားအစာများအပေါ် ခံတွင်းမတွေ့ခြင်း၊ အာဟာရသုံးဆောင်ခြင်းအပေါ် အနှောင့်အယှက်ပြုခြင်းတို့ ဖြစ်စေပါတယ်။ 3, 6

ပါဝင်သောအရာများ – အသား၊ အခွံမာသီး၊ ပဲပင်၊ အစေ့များ၊ အခွံမာသီးများ၊ နို့ထွက်အစားအစာများ၊ ဥများနဲ့ အစေ့အဆန်များ 3, 6

 

ထပ်ဆင့် အထောက်အပံ့များအတွက် သင် ဘာလုပ်နိုင်မလဲ

 

ကိုယ်ခံအားစနစ်ဟာ ပိုမိုလိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အာဟာရစားသုံးခြင်းဖြင့် တိုးတက်ကောင်းမွန်လာသည်မှာ အစပိုင်းသာဖြစ်ပါတယ်။ လူကြီးများအနေနဲ့ လုံလုံလောက်လောက်ရသင့်တဲ့ အာဟာရဓာတ်များကတော့ ကြွက်သားထိန်းသိမ်းဖို့အတွက် ပရိုတင်းများ၊ အရိုးများအတွက် ကယ်လ်တီယမ်နဲ့ ကိုယ်ခံစွမ်းအားတိုးတက်ရန်အတွက် ဗီတာမင် D တို့ပဲ ဖြစ်ပါတယ်။ လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနဲ့ အစေ့အဆန်များမှာ အလွယ်တကူရရှိနိုင်သော်လည်း လူကြီးများအတွက် အစားအစာတစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ အခြားဖြည့်စွက်အာဟာရများကို ရွေးချယ်ရပါမယ်။ အရည်အသွေးမြင့် ပရိုတင်းနဲ့ HMB (β-Hydroxy β-methylbutyric, a metabolite of amino acid leucine) နဲ့အတူ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈မျိုး ( ß-carotene ၊ ဗီတာမင် E၊ ဇင့်နဲ့ ဆယ်လီနီယမ် အပါအဝင် ကိုယ်ခံစွမ်းအားကို အထောက်အကူပြု ၁၂မျိုးတို့ ပါဝင်တာကြောင့် Ensure Gold ဟာ (၈)ပတ်အတွင်း ခွန်အားပြန်လည်ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ 7, 10 နံပါတ် (၁) အမေရိကန်နိုင်ငံ၌ ဆရာဝန်ညွှန်းဆိုသော အမှတ်တံဆိပ် ဖြည့်စွက်အာဟာရဖြစ်ပြီး 8 တစ်နေ့လျှင် (၂)ကြိမ် (၆ခွက်စာ + ရေ ၁၈၅ မီလီလီတာ) သုံးဆောင်နိုင်ပါတယ်။ ဒီလို အာဟာရအုတ်မြစ်ကို ဂရုပြုပေးခြင်းအားဖြင့် ဘဝကို ပြည့်စုံစွာရှင်သန်နိုင်မှာပါ။ 7

ပိုမိုကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ဖို့ Antioxidants တွေက ကိုယ်ခံအားနစ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ မသိလိုက်မီဘဲ ဖန်တီး/ဖျက်စီး ဖြစ်နိုင်တာကြောင့် လူကြီးများအတွက်ဆို ရရှိသမျှ အားလုံးသောအကူအညီတွေကို လိုအပ်ပါတယ်။ ကောင်းစွာ နေ၊  ကောင်းစွာ စားသောက်သည့်တိုင် အစားအသောက်တစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ Ensure Gold က ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် နို့အရသာ မနှစ်သက်သူတွေအတွက်က ဘယ်လိုများဖြစ်မလဲ။ ဒီအတွက်လည်း Ensure Gold Plant Based ရရှိပြီပဲဖြစ်ပါတယ်။ ပဲပိစပ်၊ ဆန်၊ ခီနွာတို့မှ အပင်အခြေပြု ပရိုတင်းနဲ့ပြုလုပ်ထားပြီး ခွန်အား၊ တက်ကြွမှုနဲ့ လှုပ်ရှားနိုင်စွမ်းတို့ကို ပံ့ပိုးပေးနိုင်တဲ့ အာဟာရ ၂၈မျိုးနဲ့တူညီတဲ့ သိပ္ပံနည်းကျဖော်စပ်ထားတဲ့ နို့မဟုတ်တဲ့ အစားထိုးအာဟာရပဲ ဖြစ်ပါတယ်။ 7

နမူနာရယူရန် ကျေးဇူးပြု၍ Ensure Myanmar ကို ဒီနေ့ပဲ အလည်လာဖို့ ဖိတ်ခေါ်ပါရစေ…

 

References:

  1. https://www.medicalnewstoday.com/articles/301506?c=1098123612583
  2. https://nutritionj.biomedcentral.com/articles/10.1186/1475-2891-7-29
  3. https://www.naturesbest.co.uk/our-blog/can-antioxidants-really-improve-immune-health/
  4. https://www.healthline.com/nutrition/vitamin-a-benefits
  5. https://www.healthline.com/nutrition/selenium-benefits
  6. https://www.healthline.com/nutrition/zinc#deficiency
  7. https://www.ensuremyanmar.com/eng/ensure-powder/
  8. IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.
  9. Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.
  10. Berton et al. PLoS One. 2015.