ပရိုတင်း၏အစွမ်းသတ္တိ နှင့် အဘယ်ကြောင့် အရေးကြီးသနည်း။
![]() |
ပရိုတင်း၏အစွမ်းသတ္တိ နှင့် အဘယ်ကြောင့် အရေးကြီးသနည်း။
ပရိုတင်းဓာတ်များပါဝင်သော အစားအစာများသည် ကြွက်သားကျန်းမာရေးနှင့် လွတ်လပ်စွာလှုပ်ရှားနိုင်မှုကို ထိန်းသိမ်းရန် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် လူကြီးများအတွက် အလွန်ရေးကြီးပါသည်။ လူကြီးများသည် Sarcopenia ဟုခေါ်သော ဇီဝသဘာဝဖြစ်စဉ်ကို ကြုံတွေ့ခံစားရနိုင်ကာ ၎င်းတို့ခန္ဓာကိုယ်မှ ကြွက်သားများ ဆုံးရှုံးပြီးဘဝ အရည်အသွေးကျဆင်းနိုင်သောကြောင့် ၎င်းတို့သည် ရရှိနိုင်သော ပရိုတင်းဓာတ်များအားလုံး လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး အစားသောက်နှင့် ဖြည့်စွက်စာများမှ အရည်အသွေးမြင့်ပရိုတင်းများ ( ဥပမာ Ensure with Gold) သည် လူကြီးတစ်ဦးအား ကြွက်သားကြံ့ခိုင်မှု၊ ပေါ့ပါးသွက်လက်မှု၊ ဟန်ချက်ညီမှု၊ ခံနိုင်ရည်ရှိမှုနှင့် အလုံးစုံကြံခိုင်မှုကို တိုးတက်စေရန် ကူညီပေးနိုင်ပါသည်။1, 4, 5
ပရိုတင်း၏အဓိကရည်ရွယ်ချက်
ခန္ဓာကိုယ်အတွင်းရှိ လုပ်ဆောင်နိုင်သော ဆဲလ်တိုင်းလုပ်ဆောင်နိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုသည်။ ပရိုတင်းများသည် ခန္ဓာကိုယ်ရှိ အရိုးများကို ကျန်းမာသန်စွမ်းစေရန်၊ ကြွက်သားများ တည်ဆောက်ရန်နှင့် ပြုပြင်ရန်အတွက် အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားသည်။ သင့်ခန္ဓာကိုယ်သည် ဘာဝအတိုင်းအမိုင်နိုအက်ဆစ်အချို့ကို ထုတ်လုပ်ပေးသည် ( မရှိမဖြစ်မဟုတ်သော အမိုင်နိုအက်ဆစ်) ၄င်းကို ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်သော အမိုင်နိုအက်ဆစ်များက ထောက်ပံ့ပေးသည် (မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်)။ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များကို အစားအစာ သို့မဟုတ် ဖြည့်စွက်စာများမှ ရရှိပါသည်။ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်ကို မလုံလောက်ပါက၊ မရှိမဖြစ်မဟုတ်သော အမိုင်နိုအက်ဆစ်၏ လုပ်ဆောင်ချက်ပါ လျော့ကျသွားမည်ဖြစ်သည်။.1, 2, 3
လူကြီးများသည် အဘယ်ကြောင့် ပရိုတင်းနှင့် အကောင်းဆုံးအရင်းအမြစ်များ လိုအပ်သနည်း။
လူကြီးများသည် အစာစားချင်စိတ်လျော့နည်းခြင်း၊ အရသာဆုံးရှုံးခြင်းနှင့် အသက်ကြီးလာသောကြောင့် အာဟာရစုပ်ယူမှုနည်းပါးလားခြင်း စသောအချက်များကြောင့် ပရိုတင်းဓာတ်များ ချို့တဲ့ခြင်း ဖြစ်နိုင်ချေရှိသည်။ ပရိုတင်းဓာတ်နည်းခြင်းသည် အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ကြွက်သားများမှ ထိန်းသိမ်းထားသော ပရိုတင်းများကို အသုံးပြုရပြီး ခွန်အားကျဆင်းခြင်းကို ဖြစ်စေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး အေဂျင်စီများမှ ခန္ဓာကိုယ်အလေးချိန်အလိုက်ပရိုတင်းဓာတ်ကို စားသုံးရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ ပုံမှန်အားဖြင့် တစ်နေ့တာကယ်လိုရီ၏ ၁၀ မှ ၃၅ % ခန့် ( ၂၅ မှ ၃၅ဂရမ်) ခန့်သည် ပရိုတင်းမှရရှိသင့်သည်။အကောင်းဆုံးကြွက်သားကျန်းမာရေးအတွက် အသက်အရွယ်အလိုက် လေ့ကျင့်ခန်းပြုလုပ်ပါ။ 1, 2
အစားအစာ
အရည်အသွေးမြင့် ပရိုတင်းကို ဥများ၊ နို့၊ အနီရောင်ရှိသောအသားများ၊ ကြက်သားနှင့် ငါးကဲ့သို့သော တိရစ္ဆာန်ထွက် ပစ္စည်းများတွင်တွေ့ရှိနိုင်ပါသည်။ ကြက်ရင်အုံတွင် ပရိုတင်းဓာတ် ၃၀ ဂရမ်ခန့်ပါဝင်ပြီး ဒိန်ချဉ်ခွက်တစ်ဝက်စာတွင် ပရိုတင်း ၁၅ဂရမ် ပါဝင်ပါသည်။ အခြားပရိုတင်းအရင်းအမြစ် ရွေးချယ်စရာများမှာ ပဲ၊ ပဲပိစပ်၊ တို့ဖူး၊ အချဉ်ဖောက်ထားသော ပဲပိစပ်၊ ပဲတောင့်ရှည်နှင့် အခွံမာသီးတို့ဖြစ်သည်။ မတူညီသော ပရိုတင်းအရင်းအမြစ်များကို မျှတစွာရရှိခြင်းသည် လူတစ်ဦးအားကြာရှည်စွာ ပရိုတင်းဓာတ်ပြည့်စေရန် ကူညီပေးမည်ဖြစ်ပြီး ကိုယ်အလေးချိန်ထိန်းခြင်း၊ နှလုံးကျန်းမာရေးတိုးတတ်ကောင်းမွန်စေခြင်းနှင့် ကြွက်သား နှင့်အရိုးဆိုင်ရာ ကြံ့ခိုင်မှုကို တိုးတတ်စေသည်။ 1, 2, 3
အခြားရွေးချယ်စရာပရိုတင်း- Ensure Gold
ကြွက်သားအာဟာရများကို ထောက်ပံ့ပေးသော Hydroxymethylbutyrate(HMB) သည်အရေးကြီးသည့် အရာများထဲမှ တစ်ခုဖြစ်သည်။ အမိုင်နိုအက်ဆစ် Leucine ၏ဇီဝဖြစ်ပျက်မှုသည် ကြွက်သားများပြိုကွဲမှုကို နှေးကွေးစေသော တာဝန်ရှိပါသည်။ အစားအစာအရင်းမြစ်များတွင် HMB ပါဝင်သော်လည်း သက်ကြီးရွယ်အိုတစ်ဦးသည် HMB ၁.၅ ဂရမ် (နေ့စဉ်အကြံပြုထားသော ပမာဏ)ရရှိရန် ပန်းဂေါ်ဖီ ၆၅၀၀ ကို စားသုံးခြင်း မပြုလုပ်နိုင်ပါ။ ထို့ကြောင့် ၎င်းတို့သည် Ensure Gold with HMB ကဲ့သို့သော အရွယ်ရောက်ပြီးသူများအတွက် ထုတ်ထားသော အာဟာရဖြည့်စွက်များ၏ အကူအညီလိုအပ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော် သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားသော Ensure Gold with HMB သည် HMB ၁.၅ ဂရမ်ကို ပေးစွမ်းနိုင်သည့် အရသာကောင်းမွန်သော အာဟာရဆိုင်ရာ အစားထိုးနိုင်သည့် ဖြည့်စွက်တစ်မျိုးဖြစ်သည်။ ထို့အပြင် သီးသန့်ဖော်စပ်ထားသော အရည်အသွေးမြင့်ပရိုတင်းများ၊ ဗီတာမင် D နှင့် ကယ်လ်ဆီယမ်အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ် ၂၈ မျိုးပါဝင်ပြီး လူကြီးများအတွက်ဘဝမှာ စိတ်တိုင်းကျနေနိုင်ဖို့ ကြွက်သားများကို အာဟာရပြည့်ဝစွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ 4, 5
References:
You ought to take part in a contest for one of the finest websites on the internet. I will highly recommend this web site!
Very good write-up. I certainly appreciate this website. Keep writing!