လူကြီးများ၏ ကျန်းမာရေးအတွက် HMB ၏ အရေးပါပုံ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် အတွေ့အကြုံများစွာကို ရရှိသော်လည်း ရှောင်လွှဲ၍မရဘဲရင်ဆိုင်ကြုံတွေ့ရသည်မှာ အိုမင်းခြင်း ဖြစ်သည်။ အသက် (၄၀) အစောပိုင်းမှစ၍ Sarcopenia ဟုခေါ်သော ဇီဝဖြစ်စဉ်တစ်ခုဖြစ်သည့် ကြွက်သားထုဆုံးရှုံးခြင်းသည် စတင်လာသည်။ ၎င်းကိုစောင့်ကြည့်ခြင်းမပြုပါက လူကြီးများသည် ကြွက်သားအားနည်းခြင်းကြောင့် ဆေးရုံတက်ရခြင်း၊ အားနည်းခြင်း နှင့် လွတ်လပ်စွာလှုပ်ရှားနိုင်မှု ဆုံးရှုံးခြင်းတို့ကို ပိုမိုကြုံတွေ့ရနိုင်သည်။ ခန္ဓာကိုယ်သန်စွမ်းစေရန်အတွက် မှန်ကန်သော အာဟာရ ရရှိရန်မှာ အဓိကဖြစ်သည်။ ကြွက်သားထိန်းသိမ်းမှုအတွက် တာဝန်ရှိသော Hydroxymethylbutyrate (leucine အမိုင်နိုအက်စစ် ၏ဇီဝဖြစ်ပျက်မှုကြောင့်ထွက်ပေါ်လာသော HMB)ဟုခေါ်သော အရေးကြီးဆုံးအာဟာရများထဲမှ တစ်ခုကို လေ့လာပါမည်။ ၎င်းကို စစ်မှန်သောအစားအစာများတွင်အနည်းငယ်သာတွေ့နိုင်သောကြောင့် ကမ္ဘာပေါ်တွင် နံပါတ် ၁ အာဟာရဖြည့်စွက်စာ ဖြစ်သည့် Ensure Gold with HMB သည် လူကြီးများ၏ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ရန် လိုအပ်သောအာဟာရကိုမည်သို့ ပံ့ပိုးပေးသည်ကိုလေ့လာကြပါမည်။

ဘာကြောင့် Sarcopenia သည် စိုးရိမ်ရသနည်း။

သင့်ကြွက်သားများသည် သင်၏လှုပ်ရှားမှုအတွက် တာဝန်ရှိပြီး ကြံ့ခိုင်မှုတည်ဆောက်ရန်အတွက် သင်၏စွမ်းအားအရင်းအမြစ်ဖြစ်သည်။ ကြွက်သားများဆုံးရှုံးခြင်းသည် လူကြီးများ၏ ဘဝအရည်အသွေးကို ဆိုးရွားစွာ ဟန့်တားနိုင်သည်။ ချို့ယွင်းမှုများလေလေ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပိုမိုခက်ခဲလားပြီး ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာမှုနှေးကွေးလာပါသည်။ အဘယ်ကြောင့်ဆိုသော် Sarcopenia သည် ကြွက်သားများကျဆင်းနေချိန်တွင် အခြားသောကျန်းမာရေးအခြေအနေများကို ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ အကယ်၍ လူကြီးတစ်ဦးဦးတွင် မကြာခဏဖျားနာမှုများရှိနေပြီး ဒဏ်ရာကြီးကြီးမားမား ခံစားရခြင်း သို့မဟုတ် အခြားအခြေအနေများအတွက် ပြင်းထန်သော ဆေးများသောက်သုံးနေပါက ကြွက်သားဆုံးရှုံးမှုများ ကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုဖြင့်ကြွက်သားဆုံးရှုံးမှုကို ဘယ်လိုကျော်လွှားကြမလဲ။

HMB နှင့်ပေါင်းစပ်ကာ အရည်အသွေးမြင့်သော အာဟာရများပံ့ပိုးပေးပြီး လေ့ကျင့်ခန်းများပါလုပ်ဆောင်ခြင်းသည် ဘဝအရည်အသွေးကိုမြှင့်တင်လိုသော လူကြီးများအတွက် အဖြေတစ်ခုဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အသက်ရှုခြင်းကို ပိုမိုကောင်းမွန်စေပြီး အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင့်သည့်အရာတစ်ခုဖြစ်သည်။ လမ်းလျှောက်ခြင်း၊ အေရိုးဗစ်ကစားခြင်း၊ ခွန်အားတိုးလေ့ကျင့်ခန်းများနှင့် တရားထိုင်ခြင်း သို့မဟုတ် ယောဂ ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကို မိနစ် ၃၀ခန့်ပြုလုပ်ပါက Sarcopenia ၏ သက်ရောက်မှုများကို နှေးကွေးစေပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးစီးဆင်းမှုကို တိုးမြှင့်ပေးခြင်းကြောင့် ကြွက်သားများ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးစေပြီး အာဟာရများ မှန်ကန်စွာ ဖြန့်ဖြူးပေးခြင်း၊ အာဟာရစုပ်ယူမှု ထိရောက်ခြင်း ၊ ရောဂါပိုးများကို တိုက်ထုတ်သည့် ဆဲလ်များကို တိုးခြင်း နှင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေသည်။ ကြံ့ခိုင်ရေးလေ့ကျင့်မှု (ဥပမာ- အလေးချိန်မပါသော သို့မဟုတ် ပေါ့ပါးသောအလေးများ၊ ခံနိုင်ရည်ရှိသောကြိုးများအသုံးပြုပြီး စက်မပါဘဲ လှုပ်ရှားမှုလုပ်ရိုးလုပ်စဉ်များ) သည် သက်ကြီးရွယ်အိုများ၏ အရိုးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ဒဏ်ရာဖြစ်နိုင်ခြေနည်းပါးစေသည်။ သို့သော် ပရိုဂရမ်တစ်ခု စတင်ခြင်းမပြုမီ သင် သို့မဟုတ် သင်ဂရုစိုက်သည့် ချစ်ရသောသူနှင့်အသင့်တော်ဆုံးဖြစ်မည့်အရာကို သိရှိစေရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးဦးနှင့်အရင်ဆုံးတိုင်ပင်သင့်ပါသည်။

အာဟာရနှင့် HMB ဖြင့် ကြွက်သားဆုံးရှုံးမှုကို ဘယ်လိုကျော်လွှားကြမလဲ။

အသက်အရွယ်ကြီးလာသည့်နှင့်အမျှ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ရှိအာဟာရဓာတ်များ၏ အသုံးချနိုင်စွမ်းကို ထိခိုက်စေသောကြောင့် အထူးသဖြင့် ပရိုတင်းဓာတ်အရည်အသွေးမြင့်မားလေ ကျွန်ုပ်တို့အတွက် ပိုမိုကောင်းလေဖြစ်သည်။ ပရိုတင်းသည် အလွယ်တကူပြိုကွဲသွားပြီး HMB သည် ၎င်းတို့ကို ထိန်းသိမ်းရန် ကူညီပေးသည်။ HMB ကြွယ်ဝသောအစားအစာများကို အရည်အသွေးမြင့် ပရိုတင်းများနှင့် ပေါင်းစပ်သောအခါ သင့်ကြွက်သားများကျန်းမာနေရန် လိုအပ်သော အရာများသင်ရရှိမည်မှာသေချာပါသည်။ HMB ကြွယ်ဝသောအစားအစာများ ဥပမာမှာ ထောပတ်သီး၊ ပန်းပွင့်စိမ်း၊ ဥအမျိုးမျိုးနှင့် အမဲသားကင် တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် နို့၊ ဒိန်ချဉ်၊ပဲပိစပ်နှင့် ကြက်သားကဲ့သို့သော အရည်အသွေးမြင့် ပရိုတင်းပါဝင်သည့်အစားအစာများကို စားသည့်အခါ၊ သင့်ခန္ဓာကိုယ်မှ Leucine သည် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ်ကို ဖြိုခွဲလိုက်သောအခါ HMB ကို သဘာဝအတိုင်းထုတ်လုပ်ပေးသည်။

သဘာဝအစားအစာများများစားသုံးလေ သင့်အတွက် ပိုကောင်းလေဖြစ်သော်လည်း HMB သည် အစားအစာမှ တဆင့်ထိထိရောက်ရောက်ရရှိရန် ခက်ခဲပါသည်။ HMB ၁.၅ ဂရမ်ရရှိရန်အတွက် သင်ငယ်စဉ်က အမဲသားကင် ၁.၃ ကီလိုကို စားသုံးနိုင်သော်လည်း သင်၏ရွှေရောင်နှစ်များတွင် မဖြစ်နိုင်တော့ပါ။ လူကြီးများအတွက် နေ့စဉ် HMB ပမာဏကို မှန်ကန်စွာဖြည့်ဆည်းပေးခြင်း၏ အရေးပါမှုကို နားလည်သော Ensure Gold with HMB သည် ပိုမိုကောင်းမွန်ပြီး ပြည့်စုံမျှတသောအာဟာရကို ပံ့ပိုးပေးရန်အတွက် ၁၅ နှစ်ကြာသုတေသနပြုလုပ်ကာ ပုံဖော်ထားပါသည်။ တစ်နေ့လျှင် နှစ်ကြိမ် သောက်သုံးရုံဖြင့် လူကြီးတစ်ဦးသည် HMB 1.5 ဂရမ် ရရှိနိုင်ပြီး ရှစ်ပတ်အတွင်း ကြွက်သားကျန်းမာရေး တိုးတက်မှုကို မြင်တွေ့နိုင်ကာ ၎င်းတို့နှစ်သက်သည့်အရာကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အခမဲ့ နမူနာ ရယူပါ။

References:

  1. https://www.lifeextension.com/magazine/2018/11/prevent-muscle-loss-and-frailty
  2. https://www.lifeextension.com/protocols/lifestyle-longevity/exercise#
  3. https://www.vir.com.vn/the-power-of-hmb-in-preventing-muscle-loss-of-the-elderly-60348.html
  4. https://abbottfamily.com.sg/brands/ensure/ensure-gold-hmb-liquid