အသက်ကြီးတဲ့အခါ အရိုးကျန်းမာရေးရဲ့ အရေးကြီးပုံ
![]() |
အသက်ကြီးတဲ့အခါ အရိုးကျန်းမာရေးရဲ့ အရေးကြီးပုံ
ကြွက်သားများနည်းတူ ကျွန်ုပ်တို့ရဲ့အရိုးကျန်းမာရေးကိုလည်း လျစ်လျူမရှုထားသင့်ပါ။ ကျွန်ုပ်တို့ရဲ့အရိုးများဟာ ကြီးထွားတဲ့ တစ်သျူးများဖြစ်တဲ့ ကော်လဂျင်၊ သတ္တုဓာတ်နဲ့ ကယ်လစီယမ်ဖော့စဖိတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားတွေလိုပဲ ၎င်းတို့ဟာပုံမှန်ပြိုကွဲပြီး ပြန်လည်တည်ဆောက်ကြပါတယ်။ ကျွန်ုပ်တို့အသက်ကြီး လာတာနဲ့အမျှ အပြောင်းအလဲနဲ့ ဆုံးရှုံးမှုများ စတင်ဖြစ်ပေါ်ပါတယ်။
ကျွန်ုပ်တို့အသက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့အရိုးတွေကို ကျန်းမာအောင်ထိန်းသိမ်းဖို့ အရေးကြီးပုံကို အောက်မှာလေ့လာနိုင်ပါတယ်။
အရိုးကျန်းမာရေးချို့တဲ့ခြင်းအန္တရာယ်
အသက် (၃၀) ကျော်ပြီးတဲ့အခါမှာ သင့်အရိုးသိပ်သည်းဆဟာ အမြင့်ဆုံးထိရောက်ရှိပြီး အရိုးဆုံးရှုံးမှုစတင်ဖြစ်ပေါ်ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့အချက်တွေကတော့-
အရိုးပွရောဂါ
အရိုးများဟာစိမ့်ဝင်လွယ်သွားပြီး အနည်းငယ်ထိခိုက်မိရုံနဲ့ ကျိုးနိုင်ပါတယ်။ အသက် (၃၀) နှစ်အထိ အရိုးတည်ဆောက်ခြင်းနှစ်များအတွင်း အရိုးကျန်းမာရေးအတွက်ပံ့ပိုးခြင်းမရှိခဲ့ပါက အသက်ကြီးတဲ့အချိန်မှာ အရိုးပွရောဂါဖြစ်နိုင်ခြေပိုမိုမြင့်မားနိုင်ပါတယ်။ အမျိုးသမီးများဟာ သွေးဆုံးပြီးနောက်မှာ အရိုးဆုံးရှုံးမှု ဖြစ်ပါတယ်။ အမျိုးသားတွေမှာ သာမန်သာဖြစ်ပေမယ့် မျိုးရိုးထဲမှာအရိုးပွရောဂါခံရှိပါက ရောဂါဖြစ်ပွားမှု ပိုမိုဖြစ်နိုင်ပါတယ်။
အရိုးကျိုးခြင်း
အရိုးများနုနယ်ခြင်းနဲ့ အဖြစ်များတဲ့အရိုးကျိုးမှုတွေကြောင့် လူကြီးများဟာ တင်ပါးရိုး၊ ကျောရိုးနဲ့ ချောလဲရာကနေ ဟန်ချက်ထိန်းစဥ်မှာ လက်ကောက်ရိုးများကျိုးခြင်းတို့ဖြစ်စေနိုင်ပါတယ်။
ကိုယ်တွင်းအင်္ဂါ
အရိုးများဟာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအထောက်အပံ့များနဲ့ ကယ်လ်ဆီယမ်ကဲ့သို့သော သတ္တုဓာတ်များကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခန္ဓာအတွက် အရိုးကျန်းမာရေးချို့တဲ့ခြင်းဟာ ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
အရိုးကျန်းမာရေးကိုတိုးတက်အောင်ဘယ်လိုလုပ်ဆောင်မလဲ။
ကျွန်ုပ်တို့ အိုမင်းလာတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာ ပြန်လည်ဖြည့်တင်းခြင်းထက် ထုတ်ယူခြင်းကို ပိုမိုလုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ အောက်ဖော်ပြပါ အချက်အလက်တွေကြောင့် တားဆီးခြင်း ဒါမှမဟုတ် နှေးကွေးခြင်းတို့ဖြစ်စေပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း
အဆီနဲ့အာဟာရနည်းပြီး ကယ်လိုရီမြင့်မားတဲ့အစားစားတွေကို လျှော့ချပါ၊ သင့်တော်တဲ့အိပ်ချိန်ရရှိစေဖို့ သင့်တော်တဲ့အချိန်မှာအိပ်ရာဝင်ပါ အိပ်ချိန်အတွင်း ကိုယ်ခန္ဓာကို ပြုပြင်မှုများ ပြုလုပ်တာကြောင့်ဖြစ်ပါတယ်။
လှုပ်ရှားမှုများပိုမိုပြုလုပ်ပါ
ကျွန်ုပ်တို့ရဲ့အရိုးများဟာ သက်ရှိတစ်သျှူးများဖြစ်တာကြောင့် ၎င်းတို့ကိုလေ့ကျင့်ခန်းကောင်းစွာပြုလုပ်ပေးပါ။ လူကြီးများတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်သူနဲ့ အစောပိုင်းနှစ်များမှာလေ့ကျင့်ခန်းများလေ့လာပြုလုပ်သူများ မှာ အရည်အသွေးမြင့်မားတဲ့အရိုးထုကို ရရှိပါတယ်။ ဒါ့အပြင် ကာယလေ့ကျင့်ခန်းအစီအစဉ်များဟာ ကြွက်သားကျန်းမာရေး၊ ဟန်ချက်ညီမှုနဲ့ ကြံ့ခိုင်မှုကို ကောင်းမွန်စေပြီး အသက်ကြီးလာတာနဲ့အမျှ ပိုမိုလွတ်လပ်စွာနေထိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် အတွက်နဲ့ အရိုးများအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းများတွေကတော့ ကိုယ်အလေးချိန် ထိန်းညှိမှုနဲ့ ခုခံစွမ်းအားဆိုင်ရာ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ လှေကားတက်ခြင်းနဲ့ အလေးမခြင်းတို့ဖြစ်ပါတယ်။
ကယ်လစီယမ်နဲ့ဖော့စဖောရက်စားသုံးမှုတိုးခြင်း
အဓိကပါဝင်ပစ္စည်း (၂)မျိုးနဲ့ အရိုးများရဲ့ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာအစိတ်အပိုင်းများနဲ့ ၎င်းတို့ဖွဲ့စည်းခြင်း။ သက်ကြီးရွယ်အိုတွေဟာ ၎င်းတို့ရဲ့အစားအစာများမှာ တစ်နေ့လျှင် ၆၀၀ မီလီဂရမ် ကယ်လ်ဆီယမ်ကို သောက်သုံးသင့်ပါတယ်။ သင့်ဘဝတစ်လျှောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ ပါဝင်မှု ဆုံးရှုံးပါက အရိုးပွရောဂါဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရက်ကို မျှတအောင် လုပ်ဆောင်သင့်ပါတယ်။ ဖော့စဖရက်အလွန်များပြားခြင်းက အရိုးဆုံးရှုံးမှုကို ပိုမိုဖြစ်စေတာကြောင့်ဖြစ်ပါတယ်။
ဗီတာမင် ဒီ နဲ့ ကေ
ဗီတာမင် D ဟာ ကယ်လ်ဆီယမ်ကိုစုပ်ယူနိုင်စွမ်းရှိပေမယ့် အရိုးများတည်ဆောက်ခြင်းနဲ့ ကုသခြင်းတို့အတွက် လိုအပ်တဲ့ပရိုတင်းတွေကို ဗီတာမင် K မှ လုပ်ဆောင်ပေးပါတယ်။ လူကြီးများဟာ နေရောင်အောက်မှာ နေ့စဉ်လမ်းလျှောက်များမှ လုံလောက်တဲ့ ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဗီတာမင် K ကို အစိမ်းရောင်အသီးအရွက်များ၊ ပင်လယ်စာများနဲ့ ဥအမျိုးမျိုးမှ ရရှိနိုင်ပါတယ်။
အရိုးကျန်းမာရေးကို တိုးမြှင့်ခြင်းနဲ့ ထိခိုက်ဒဏ်ရာဖြစ်နိုင်ချေများကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်းအစီအစဉ် တစ်ခု ဒါမှမဟုတ် အစားအသောက်တွေကို ပြောင်းလဲစားသောက်ခြင်းမပြုမီ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့ အမြဲတိုင်ပင်သင့်ပါတယ်။ အရိုးကျန်းမာရေးကို အထောက်အကူပြုဖို့ အကူညီလိုအပ်ပါက အာဟာရဖြည့်စွက် စာများက ကူညီနိုင်ပါတယ်။ Ensure Gold ကဲ့သို့သော များစွာသော Ensure အာဟာရဖြည့်စွက်စာများဟာ ကယ်လ်စီယမ်၊ ဖော့စဖောရစ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေ နဲ့ HMB (Hydroxymethylbutyrate, a metabolite of leucine for muscle building) တို့ပါဝင်တာကြောင့် လူကြီးများရဲ့အရိုးဖွဲစည်းခြင်းကို အထောက်အကူပြုပါတယ်။
References:
- https://ensureindia.in/ensure/helps-builds-bones
- https://www.nursece.com/courses/29
- https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/bone-health/art-20045060
Additional Readings: