သက်ကြီးရွယ်အိုများ ကြွက်သားလျော့နည်းလာခြင်း၏ လက္ခဏာများ

မွေးဖွားချိန်မှစတင်ပြီး အသက် ၃၀ မှ ၅၀ အရွယ်တွင် သင်စားသုံးသော အစားအစာနှင့် လှုပ်ရှားမှုများကြောင့် သန်မာပြီး ကြီးထွားမှု အကောင်းဆုံးဖြစ်သည်။ သို့ပေမယ့် အဆိုပါ အသက်အရွယ်ကျော်လွန်သွားသည့်အခါ အသက်အရွယ်ကြီးမြင့်မှုကြောင့် ခန္ဓာကိုယ်တွင်း ကြွက်သား ၁ % မှ ၂ % (အများဆုံး ၅%)အထိ ဆုံးရှုံးလာရသည်။ လှုပ်လှုပ်ရှားရှားမရှိလေလေ၊ ကြွက်သားဆုံးရှုံးမှု ပိုမိုများပြားလေလေ ဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် ကြွက်သားဆုံးရှုံးမှုနှင့် ဆက်စပ်ပြီး ဆေးပညာအရ အခေါ်အဝေါ် များစွာရှိသည်။ Sarcopenia အား သင့်အနေနှင့် ရင်းနှီးနိုင်ပြီး ၎င်းသည် အတိတ်အချိန်မှ ဖြစ်ရပ်များအပေါ် အခြေခံပြီး ကြွက်သားအမြောက်အများ ဆုံးရှုံးခြင်းဖြစ်သည်။ အခြား အခေါ်အဝေါ် တစ်ခုအနေနှင့် ကြွက်သားချည့်နဲ့လာခြင်းဖြစ်ပြီး ၎င်းသည် လှုပ်ရှားမှုနည်းခြင်းနှင့် အထိုင်များသော အလုပ်ကို လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်။ အချို့ သက်ကြီးရွယ်အိုများသည် အစားအသောက်ကို ရွေးချယ်စားသောက်ပြီး စောင့်ကြည့်မှုမရှိလျှင် အာဟာရချို့တဲ့မှု ဖြစ်ပွားနိုင်ပြီး အခြေခံကျသည့် လှုပ်ရှားမှုမျိုးကိုတောင် မလုပ်ဆောင်နိုင်သည်အထိ ဖြစ်နိုင်သည်။ သင်နှင့် သင်ချစ်ရသူများအား ဂရုစိုက်နိုင်ရန်အတွက် ကြွက်သားဆုံးရှုံးမှု အမျိုးမျိုး ကို ဖော်ပြလိုက်သည်။

ကြွက်သားဆုံးရှုံးခြင်း အမျိုးမျိုး

  • ကြွက်သားထု သိသိသာသာ လျော့နည်းလာခြင်း
  • မကြခဏ ပြုတ်ကျခြင်း
  • ဟန်ချက် မထိန်းနိုင်ဖြစ်ခြင်း
  • လက်မောင်းလှုပ်ရှားမှု အတားအဆီးရှိသည်ဟု ခံစားရခြင်း
  • အထိုင်အထ ခက်ခဲခြင်း
  • အခြေခံလှုပ်ရှားမှုမျိုးအတွက်တောင် ခါးနားခြင်း
  • လမ်းလျှောက်ရန် ခက်ခဲခြင်း
  • မောပန်းနွမ်းနယ်ပြီး ခံနိုင်ရည် နည်းပါးခြင်း
  • ကြွက်သားတောင့်တင်းခြင်း
  • အသက်ရှူမြန်ခြင်း

အထက်ပါ အချက်အလက်များကို သတိထားမိလျှင် ကျန်းမာရေး ပါရဂူနှင့် တိုင်ပင်ပြီး ကုသရန် လိုအပ်သည်။ သင်၏ ဆေးမှတ်တမ်းများ၊ လက်ရှိရောဂါအခြေအနေ၊ သောက်သုံးနေသည့် ဆေးများအား ကုသရာတွင် အထောက်အကူပြုသည့်အတွက် ပြသရန်လိုအပ်သည်။

Sources & References:

https://www.medicalnewstoday.com/articles/325439#other-causes

https://www.mayoclinic.org/diseases-conditions/muscular-dystrophy/symptoms-causes/syc-20375388

https://www.healthline.com/health/muscle-atrophy#takeaway