သက်ကြီးရွယ်အိုးများ ကြွက်သားဆုံးရှုံးခြင်း (သို့မဟုတ်) “ Sarcopenia”

သက်ကြီးရွယ်အိုများ၏ ကောင်းမွန်စွာနေထိုင်နိုင်ရေးသည် ၄င်းတို့ကြွက်သားများ ကောင်းမွန်စွာ ထိန်းသိမ်းခြင်းအပေါ်များစွားမူတည်ပါသည်။ ကံမကောင်းစွာဖြင့် လူသားများသည် အိုမင်းလာသည်နှင့်အမျှ ကြွက်သားထုနှင့် ကြွက်သားများ၏သန်စွမ်းမှုသည် လျော့နည်းသွားပါသည်။ ဤသို့ဖြစ်ပေါ်လာသောဇိဝဗေဒ အခြေအနေကို “Sarcopenia” ဟုလူသိများသည်။ ၄င်းသည် အစားအစာ၊ လူနေမှုပုံစံ စသည့်ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအချက်များအပေါ်မူတည်၍ အသက်(၄၀) ကျော်မှအစပြုနိုင်သည်။

“Sarcopenia” သည်သက်ကြီးရွယ်အိုးများအကြား လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာလုပ်ဆောင်ခြင်းနှင့် လွတ်လပ်စွာလှုပ်ရှားနိုင်ခြင်းတို့ ဆုံးရှုံးခြင်းတို့၏ အရေးကြီးသော အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ ၄င်းသည် သက်ကြီးရွယ်အိုများအကြား စိတ်ကျရောဂါများဖြစ်ပွားခြင်း၊ မတော်တဆချော်လဲခြင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ “Sarcopenia” ဖြစ်ပွားမှုနှုန်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ၂၀၅၀ ပြည့်နှစ်တွင် သန်း (၂၀၀) ကျော်ခန့်ရှိလာမည်ဟုခန့်မှန်းထားပါသည်။

ဤအချက်သည် “Sarcopenia” ကိုအဓိက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမားရေးစိန်ခေါ်မှုအဖြစ်ဖော်ပြပြီး ကိုင်တွယ်ရမည်ဖြစ်သည်။ သို့သော်လက်တွေ့လေ့ကျင့်ခန်း လုပ်သောသမားတော်များသည် ထိုအချက်များကို ၄င်းတို့၏သက်ကြီးလူနာများအားအလေးပေးပြောကြားခြင်းမရှိပါ။ သို့မဟုတ်ပါက၄င်းသက်ကြီးရွယ်အိုးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများဆောင်ရွက်နိုင်ခြင်းကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သုတေသနစစ်တမ်းတခုအရ လူတစ်ယောက်၏အာဟာရစားသုံးမှုနှင့် ကာယလှုပ်ရှားမှုသည် “Sarcopenia” စတင်ဖြစ်ပွားခြင်းနှင့် တိုးတတ်မှု အပေါ်များစွာအကျိုးသက်ရောက်နိုင်သည်။ လေ့လာမှုများအရ ပရိုတင်းအားဖြည့်ဆေးသောက်သုံးခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် သက်ကြီးရွယ်အိုများအကြား “Sarcopenia” ဖြစ်ပွားမှုကို လျော့ကျစေနိုင်သည့်အပြင် ရောဂါဖြစ်ပွားမှု သက်သာစေသည့် နည်းလမ်းများ ဖြစ်ကြောင်းပြသခဲ့ပါသည်။

ထို့ကြောင့် အစားအစာနှင့် အာဟာရဓာတ်များကို ကောင်းမွန်ပြည့်စုံစွာ စားသုံးခြင်းသည် “Sarcopenia” ကိုကာကွယ်ရန်နှင့်လှုပ်ရှာနိုင်စွမ်းကို မြှင့်တင်ရန်အလွန်အရေးကြီးပါသည်။ အာဟာရသိပ္ပံပညာရှင်များသည် သက်ကြီးရွယ်အိုများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လုံ‌လောက်သော ပရိုတင်း၊ ဗီတာမင် D နှင့် အိုမီဂါ – 3 Fatty Acid များပါဝင်သည့် အာဟာရမျှတသော အစားအစာများ ကို စားသုံးရန်တိုက်တွန်းထားသည်။ ထို့အပြင် မည်သည့်အသက်အရွယ်မဆို လိုအပ်သောခွန်အားကို ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းရှိကြသည်။ လှုပ်ရှားမှုနည်းသူ (သို့မဟုတ်) နာတာရှည်ရောဂါရှိသူဖြစ်ပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။ ဆရာဝန်၏ခွင့်ပြုချက်ရပါက ခွန်အားတိုးလေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်သင့်သည်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးဆရာဝန် (သို့မဟုတ်) အသိမှတ်ပြုသင်တန်းဆရာထံမှ အကြံပြုချက်များဖြင့် လေ့ကျင့်ခန်းများကို လေ့ကျင့်ခန်းဆိုင်ရာစက်ပစ္စည်းများဖြင့်စတင်လုပ်ဆောင်ရန် အကြံပြုပါသည်။

References:

https://www.nytimes.com/2018/09/03/well/live/preventing-muscle-loss-among-the-elderly.html

https://nutrition.org/can-we-prevent-muscle-loss-as-we-age/

https://www.oatext.com/sarcopenia-reversible-by-diet.php