

ကျွန်ုပ်တို့အကြောင်း
ကျန်းမာရေးနဲ့ နေ့စဉ်လိုအပ်တဲ့ အားအင်တွေအတွက် ပြည့်စုံမျှတ အာဟာရ
Ensure ၏ရည်ရွယ်ချက်မှာ အရွယ်ရောက်ပြီးသူများအတွက် သန်မာ၊ ဖျတ်လတ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေရန်ဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးရောင်းချခဲ့ပါသည်။ ဖြန့်ဖြူးရောင်းချချိန်မှစ၍ ယခုအချိန်အထိ ခိုင်ခိုင်မာမာနှင့် တည်ရှိနေခဲ့ပြီး နာတာရှည် ရောဂါသည်များ၊ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် နာမကျန်းဖြစ်ခြင်းမှ ပြန်လည်သက်သာစေရန် လိုအပ်တဲ့ အာဟာရဓာတ်များကို ထောက်ပံ့ပေးခဲ့ပါသည်။ နှစ် ၄၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ Ensure ဟာ အရွယ်ရောက်ပြီးသူများအတွက် ကြွက်သားတည်ဆောက်ရန်၊ ပြန်လည်သန်မာစေရန်၊ ကျန်းမာတဲ့ ဘဝပိုင်ဆိုင်စေရန် ကျွမ်းကျင်ဆရာဝန်များနှင့် အာဟာရပညာရှင်များ၏ ဦးစားပေး ထောက်ခံမှုကို တစ်ခဲနက် ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။ ကျန်းမာရေးပညာရှင်များမှ သိပ္ပံနည်းကျ ထုတ်လုပ်ထားပြီး လိုအပ်တဲ့ အာဟာရ၊ ခွန်အားနှင့် ကျန်းမာရေးအထောက်အပံ့အဖြစ် သေသေချာချာ စမ်းသပ်စစ်ဆေးပြီး ဖြစ်ပါသည်။
အာဟာရ ထုတ်ကုန်လုပ်ငန်း
နှစ်ပေါင်း ၁၀၀ ကျော် ယုံကြည်စိတ်ချရပြီး သိပ္ပံနည်းကျဖော်စပ်ထားသော အာဟာရ
ကျွန်ုပ်တို့သည် အာဟာရ သိပ္ပံနှင့် ပတ်သတ်၍ ကမ္ဘာ့ထိပ်သီး လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Abbott Nutrition အား ကမ္ဘာကြီးအတွက် ဆန်းသစ်သော အာဟာရ ထုတ်ကုန်များ ထောက်ပံ့နိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ သိပ္ပံနည်းကျ အာဟာရနှင့်ပတ်သတ်၍ ထူးချွန်ပြောင်မြောက်သော ကောင်းသတင်းများလည်း အခိုင်အမာ ရရှိထားပါသည်။ Abbott Nutrition သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီဖြစ်သော Abbott ၏ ကုမ္ပဏီခွဲဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူတစ်ဦးချင်းစီ၏ ဘဝအရည်အသွေးကို အာမခံချက်ပေးနိုင်ရန် အာဟာရဆိုင်ရာ ဖြေရှင်းချက်များကို ကမ္ဘာအနှံ့မှ သိပ္ပံပညာရှင်များနှင့်အတူ နေ့စဉ် ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေကြပါသည်။ တစ်ကမ္ဘာလုံးမှ ကျန်းမာရေးစောင့်ရှောက် ပညာရှင်များက အမြဲပြောင်းလဲနေသည့် အာဟာရလိုအပ်ချက်များအတွက် အဆင့်မြင့် ထုတ်ကုန်များ ထောက်ပံ့ပေးနိုင်ရန် ကျွန်ုပ်တို့ကို ယုံကြည်ကြသည်။ ယင်းတို့၏ ယုံကြည်မှုကို ကလေးငယ်များနှင့် ကြီးထွားမှုဆိုင်ရာလိုအပ်ချက်များ၊ ခန္ဓာကိုယ် သန်စွမ်းမှုဆိုင်ရာ လိုအပ်ချက်များ၊ အရွယ်ရောက်ပြီးသူများ၏ လိုအပ်ချက်များအား ဖြေရှင်းပေးနိုင်သည့် အာဟာရထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ဖြည့်ဆည်းပေးပါသည်။
သင့်ရဲ့ အာဟာရ ပါတနာ
ကျွန်ုပ်တို့သည် ကမ္ဘာပေါ်ရှိ ယုံကြည်စိတ်ချရဆုံး အမှတ်တံဆိပ်များဖြစ်သော Ensure®, Glucerna®, ProSure®, Similac® and PediaSure® တို့၏ နောက်ကွယ်တွင် ရှိသည်။