လူကြီးများ လုံလောက်စွာမရရှိနိုင်တဲ့ အာဟာရများ

အသက် (၄၀) ကျော်အရွယ် ရောက်နေပြီဆိုရင် အသက် (၂၀) တုန်းကလောက် ကျန်းမာသန်စွမ်းမှုမရှိတော့ဘူးလို့ ခံစားရတာဟာ တကယ်ဆိုရင် ပုံမှန်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး သန်စွမ်းမှုလျော့ကျလာတာဟာ Sarcopenia လို့ခေါ်တဲ့ ကြွက်သားဆုံးရှုံးခြင်းသဘာဝ ဖြစ်စဉ် ကြောင့်ပဲ ဖြစ်ပါတယ်။ စောတဲ့သူတွေဆိုရင် အသက် (၃၀) နှောင်းပိုင်းလောက်မှာ ဒီဖြစ်စဉ်ဟာ စတင်ဖြစ်ပေါ်လေ့ရှိပြီးတော့ (၄၀) ကျော်လာတဲ့အမျှ ပိုပိုပြီး ဖြစ်လာပါတော့တယ်။ ဒီလို အသက်အရွယ်အပိုင်းအခြား ရောက်လာပြီဆိုရင် ဆယ်နှစ်ကို ကြွက်သားပမာဏ (၈) ရာခိုင်နှုန်းလောက် ဆုံးရှုံးနိုင်ပါတယ်*။ ဒါတင်မကသေးပါဘူး ကြွက်သားဆုံးရှုံးမှုပမာဏဟာ အပြင်းအထန်ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ လှုပ်ရှားမှုနည်းပါးစွာ နေထိုင်ခြင်း၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း တို့ကြောင့် ပိုမိုမြန်ဆန်လာစေနိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေဟာ အာဟာရမျှတတဲ့ စားသုံးမှု နဲ့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းများ ပြုလုပ်သင့်ပါတယ်။ ဆက်လက်ပြီးတော့ လူကြီးတွေအတွက် အရေးပါပြီး မရှိမဖြစ်လိုအပ်တဲ့ အာဟာရများ ရရှိနိုင်တဲ့ အစားအသောက်နဲ့ အာဟာရဖြည့်စွက်စာ (ဥပမာ-Ensure Gold (သို့) Ensure Gold အပင်အခြေခံပရိုတင်း) တို့ကို ဖော်ပြထားပါတယ်။1, 8

လိုအပ်တဲ့အာဟာရဓာတ်များ မရရှိခြင်းက ပရိုတင်း စုပ်ယူနိုင်မှုနည်းပါးလာခြင်း ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်က အာဟာရဓာတ်များကို စုပ်ယူနိုင်မှု တဖြည်းဖြည်း ကျဆင်းလာတဲ့အပြင်၊ နေ့စဉ်ကယ်လိုရီ လိုအပ်မှုလည်း ကျဆင်းလာတဲ့အတွက် လူကြီးတွေမှာ လုံလောက်တဲ့အာဟာရ ရရှိနိုင်ဖို့ဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဗီတာမင် B6 (ပရိုတင်းဓာတ်များကို အမိုင်နိုအက်စစ်အဖြစ် ဖြိုခွဲပေးခြင်းဖြင့် စုပ်ယူနိုင်မှု တိုးမြှင့်ပေးပါတယ်)၊ ဗီတာမင် C (အက်စစ်ဓာတ်ပါသော အစားအသောက်တွေဟာ အစာ ချေဖျက်ခြင်းကို အထောက်အကူပေးပြီး အမိုင်နိုအက်စစ် စုပ်ယူနိုင်မှုကိုလည်း တိုးတက်စေပါတယ်) နဲ့ Complex Carbohydrate (ကြွက်သားမှ အမိုင်နိုအက်စစ် စုပ်ယူမှုကိုအကူအညီပေးပါတယ်) စတဲ့ဓာတ်တွေ ချို့တဲ့ခြင်းဟာ ပရိုတင်းဓာတ်များ စုပ်ယူနိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ပရိုတင်းက  ကြွက်သားတည်ဆောက်ခြင်း၊ တစ်ရှူးများ ပြန်လည်အသစ်ဖြစ်ပေါ်စေခြင်း နဲ့ ဟော်မုန်းများကို ထိန်းညှိပေးပြီး (ဆာလောင်စေသောဟော်မုန်းများ အပါအဝင်) Antibody (ပဋိပစ္စည်း) များ ထုတ်လုပ်ပေးတဲ့အတွက် လုံလောက်စွာရရှိဖို့က လူကြီးတွေအတွက် အရမ်းအရေးပါ ပါတယ်။ ဒါ့အပြင် ပရိုတင်းစုပ်ယူနိုင်မှု အခက်အခဲဖြစ်ပေါ်ခြင်းဟာ ကြွက်သား၊ ခွန်အားနဲ့ အရွယ်အစား လျော့ကျလာခြင်း (Sarcopenia) လိုမျိုး ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးလာစေနိုင်သလို ကြွက်သားအားနည်းလာတဲ့အတွက် လှုပ်ရှားသွားလာချိန်မှာ လဲကျတာ နဲ့ ကိုယ်ခံစွမ်းအား ထိခိုက်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ 1, 3, 4, 7

လူကြီးတွေအတွက် ကျွမ်းကျင်သူများ အကြံပြုထားတဲ့ ပရိုတင်း စားသုံးသင့်တဲ့ ပမာဏကတော့ ကိုယ်အလေးချိန် (၁) ကီလို မှာ ပရိုတင်း (၁.၁) ဂရမ် ဖြစ်ပါတယ်။ သတင်းကောင်းကတော့ ပရိုတင်းဟာ အသီးအရွက်တွေမှာရော အသားတွေကနေပါ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်များမှ ရနိုင်တဲ့ အစားအသောက်များမှာ ကြည့်မယ်ဆိုရင် အရည်အသွေးကောင်းတဲ့ ပရိုတင်းတွေကို ဥအမျိုးမျိုး ၊နို့၊ အဆီနည်းသောအသား၊ ကြက်သား နဲ့ ငါးတို့မှာ တွေ့နိုင်ပါတယ်။ အသီးအရွက်ကနေ စားသုံးချင်တယ် ဆိုရင်တော့ ပဲပိစပ်(soy)၊ ပဲအမျိုးမျိုးနဲ့၊ အစေ့အဆန်များ (ဥပမာ-ဆန်နဲ့ ခီနွာ (Quinoa) နဲ့ အခွံမာအသီးအမျိုးမျိုး (nuts) မှ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးတွေဟာ အစားအသောက်တွေ အများကြီးမစားနိုင်တာမျိုး ရှိတဲ့အတွက် Hydroxymethylbutyrate (HMB) ကြွယ်ဝတဲ့ ဖြည့်စွက်စာတွေကို အားကိုးရမှာဖြစ်ပါတယ်။ HMB ဟာ  ခန္ဓာကိုယ်က အမိုင်နိုအက်စစ် လူစင်းကိုချေဖျက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ အရာဖြစ်ပြီးတော့ ကြွက်သားထိန်းသိမ်းခြင်းကို ပြုလုပ်ပေးပါတယ်။ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းလုံလောက်စွာမရနိုင်တဲ့ လူကြီးတွေ အတွက် Ensure Gold ရှိပါတယ်။ Ensure Gold ဟာ အမေရိကန်နိုင်ငံ၌ ဆရာဝန်ထောက်ခံမှုအများဆုံး နံပါတ် (၁) အာဟာရဖြည့်စွက်စာ**တစ်ခုဖြစ်ပြီး နေ့စဉ်လိုအပ်တဲ့ပရိုတင်းတွေကို အစားအစာက လုံလောက်စွာ မရရှိနိုင်တဲ့အခါ အကူအညီပေးမယ့်အရာပါပဲ။ အရည်အသွေးမြင့်မားတဲ့ ပရိုတင်းများပါဝင်ပြီး သိပ္ပံနည်းကျ ထုတ်လုပ်ထားတဲ့ Ensure မှာ HMB၊ ကိုယ်ခံအားတိုးတက်စေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် (၁၂) မျိုး^ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈) မျိုး ပါဝင်ပါတယ်။ Ensure ကို တစ်နေ့  (၂)  ကြိမ်သောက်သုံးပြီး မပြင်းထန်တဲ့ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းက လူကြီးတွေ ကိုယ်ခံအားကောင်းပြီး ကျန်းမာ++စေမယ့် နည်းလမ်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။3, 8

ဗီတာမင် B လုံလောက်စွာမရရင် ခန္ဓာကိုယ်အပေါ် အခြားဘာသက်ရောက်မှုတွေရှိလာနိုင်မလဲ

ဗီတာမင် B (B12) ဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ သွေးနီဥ ထုတ်လုပ်ခြင်းနဲ့ အာရုံကြောလုပ်ဆောင်မှုတွေကို ကျန်းမာအောင် ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် B က စားသုံးလိုက်တဲ့အစားအစာများကို စွမ်းအင် (Energy) အဖြစ် ပြောင်းလဲတဲ့အခါမှာကူညီပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းက ဗီတာမင် B ကို လိုအပ်ပေမယ့် ခန္ဓာကိုယ်က သဘာဝအ လျောက်မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာကနေ ရအောင်လုပ်ရပါတယ်။ လုံလောက်စွာမရတဲ့အခါမှာ လူကြီးတွေမှာဆိုရင် အလွန်မောပန်းခြင်း၊ ကြွက်သားနာခြင်း နဲ့ မကြာခဏ ကြွက်တက်တာတို့ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် B ကို အများအားဖြင့် ငါး ၊အသား၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေက ရနိုင်ပါတယ်။ ဒီအစားအစာတွေကစားလို့ အဆင်မပြေဘူးဆိုရင် Ensure Gold ကိုသောက်နိုင်ပါတယ်။ ဗီတာမင် B1, B2, B3, B6, B12 တို့ ဟာ Ensure မှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈) မျိုးထဲမှာ ပါပါတယ်။ နို့မသောက်တဲ့သူတွေအတွက်တော့ Ensure Gold အပင်အခြေခံပရိုတင်း ကို ရွေးချယ်နိုင်ပါတယ်၊ ပဲပိစပ်၊ ဆန်၊ ခီနွာ (QUINOA)  တို့လို အသီးအနှံများမှထုတ်လုပ်ထားပြီး အာရှသားတွေအကြိုက်တွေ့မယ့် အရသာရှိသလို ဗီတာမင် B များလည်း အလားတူစုံလင်စွာပါဝင်ပါတယ်။1, 4, 7, 8

ဗီတာမင် E က အရေပြားအတွက်ပဲအရေးပါတာလား

ဗီတာမင် E ဟာ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တစ်ခုပါ၊ အရေပြားကို နုပျိုနေအောင် လုပ်ဆောင်ပေးတဲ့အပြင် အောက်ဆီဂျင်နဲ့ လွယ်လွယ်ကူကူဓာတ်ပြုနိုင်တဲ့ HMB လိုမျိုး အာဟာရဓာတ်တွေကို ကြာကြာခံအောင် နဲ့ ခန္ဓာကိုယ်က ပိုကောင်းမွန်စွာ စုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ Oxidative Stress (Antioxidant နဲ့ Free Radical မမျှတခြင်း) ကို ထိန်းညှိခြင်းမရှိတဲ့အခါမှာ အာရုံကြောလုပ်ဆောင်မှု နဲ့ ကြွက်သားဆုံးရှုံးမှုဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင် E က ခုခံအားစနစ်အတွက် အဓိက ဖြစ်တဲ့ T Cell တွေရဲ့ ခံနိုင်ရည်ကို တိုးမြှင့်ပေးတဲ့အတွက် ခန္ဓာကိုယ်အတွက် အရမ်းအရေးပါပါတယ်။ အဲဒီအတွက် လူကြီးတွေ ခုခံအားတိုးတက်စေဖို့  ဗီတာမင် E ပိုရဖို့လိုပါတယ်။ အရည်အသွေးမြင့်တဲ့ ပရိုတင်းတွေပါတဲ့ အစားအစာတွေကနေ ဗီတာမင် E ကိုလည်းရနိုင်တဲ့အတွက် အစေ့အဆန်များ၊ သံလွင်ဆီ၊ အခွံမာအသီးများကို လုံလောက်စွာစားသုံးခြင်း ဒါမှမဟုတ် Ensure Gold ကို သောက်သုံးမယ်ဆိုရင် ဗီတာမင် E လုံလုံလောက်လောက် ရနိုင်မှာပါ။5, 6, 8

ပုံမှန်လေ့ကျင့်ခန်းလုပ်တာ နဲ့ စားသုံးမှုပုံစံကို ဂရုပြုမယ်ဆိုရင် လူကြီးတွေ အာဟာရချို့တဲ့မှု ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အစားအစာနဲ့ဖြစ်စေ အစားအစာတစိတ်တပိုင်း အစားထိုး ဖြစ်စေ Ensure နှစ်ခွက် (ရေ (၁၈၅) မီလီလီတာမှာ Ensure (၆) ဇွန်း) ကိုသောက်ပြီး စားသုံးတဲ့ အစားအစာများကနေ မရရှိလိုက်တဲ့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်သည်။ HMB နဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တွေ အတူတူပါဝင်ပြီး ပဲပိစပ်၊ ဆန်၊ ခီနွာ (Quinoa) တို့ကနေ ထုတ်ထားတဲ့ Ensure Gold အပင်အခြေခံပရိုတင်း ကလည်း နို့မသောက်သူတွေ ရွေးချယ်နိုင်တဲ့ option တစ်ခုဖြစ်ပါတယ်။ အခြားအချက်အလက်များကို သိနိုင်ဖို့နဲ့ နမူနာများရရှိနိုင်ဖို့ Ensure Myanmar ကို ဒီနေ့ပဲ ဝင်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။.8

References:

  1. https://www.webmd.com/healthy-aging/features/missing-nutrients#1
  2. https://ensure.com/muscle-loss-recovery
  3. https://ensure.com/health-articles-tips/nutrition/power-protein
  4. https://www.healthline.com/nutrition/7-common-nutrient-deficiencies
  5. https://www.dsm.com/human-nutrition/en/talking-nutrition/boosting-brain-health-vitamin-e-key-to-healthy-aging.html
  6. (vitamin E) https://academic.oup.com/advances/article/9/5/533/5071780
  7. https://goldengateobgyn.org/how-to-help-your-body-absorb-protein/#:~:text=Take%20Vitamin%20B%2D6&text=Vitamin%20B%2D6%20is%20essential,beans%2C%20legumes%20and%20whole%20grains.
  8. https://www.ensuremyanmar.com/eng/ensure-powder/

^ Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system)

* Flakoll et al. Nutrition. 2004.

** IQVIA, using the ProVoice Survey, fielded to 14,459 physicians from January 1, 2021 to December 31, 2021.

++ Ensure Gold contains scientifically evaluated level of protein which has  been shown to improve strength

Additional Readings:

https://www.ensuremyanmar.com/ensure-careline/