သက်ကြီးရွယ်အိုများအတွက် ကိုယ်ခံစွမ်းအားတိုးတက်စေသည့်လူနေမှုပုံစံအချက်များ

ဗိုင်းရပ်စ်များနှင့် ကူးစက်ရောဂါများကို တိုက်ဖျက်သည့်အခါတွင် လက်ဆေးခြင်းနှင့် မျှတသောအစားအစာများကို စားခြင်းကဲ့သို့သော နေ့စဉ်ကြိုတင်ကာကွယ်မှုများသည် အဓိကကျပါသည်။ ကျွမ်းကျင်သူများက ကိုယ်ခံအားစနစ်ကို မြှင့်တင်ခြင်းသည် လူတစ်ဦးအားကျန်းမာစွာနေထိုင်ရန် အားသာချက်တစ်ခုဖြစ်ပါသည် ဟုဆိုထားပါသည်။

ကိုယ်ခံအားစနစ်အားကောင်းအောင်ထိန်းသိမ်းခြင်းသည် လူကြီးများအတွက် အထူးအရေးကြီးပါသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုစွမ်းရည်လျော့နည်းလာပါသည်။ထို့ကြောင့် ရောဂါကူးစက်မှုနှင့် ကင်ဆာရောဂါများ ပိုမိုဖြစ်စေပါသည်။ အချို့သက်ကြီးရွယ်အိုများသည် ကျန်းမာစွာနေထိုင် ကြသော်လည်း လေ့လာမှုများအရ လူငယ်များနှင့် နှိုင်းယှဉ်လျှင် သက်ကြီးရွယ်အိုများသည် ကူးစက်ရောဂါများ ကူးစက်နိုင်ချေပိုများကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများအနေဖြင့် ၎င်းတို့၏ ကိုယ်ခံအားစနစ်ကို ကောင်းနေအောင်ထားရန် အရေးကြီးပါသည်။

ဤဖြစ်စဉ်ကို ကြည့်ပြီး ကိုယ်ခံအားစနစ်မြှင့်တင်ရန် ဖြစ်နိုင်ပါသလား။ သင်၏အစားအစာတိုးတက်လာလျှင်ဘာဖြစ်မလဲ?  အချို့သော ဗီတာမင်များ(သို့မဟုတ်) ဆေးဖက်ဝင်အပင်များကို သုံးစွဲ မှာလား? ကောင်းမွန်သော ကိုယ်ခံအားတုန့်ပြန်မှုကို ရရှိစေရန်မျှော်လင့်ချက်ဖြင့် အခြားလူနေမှုပုံစံပြောင်းလဲခြင်းကိုပြုလုပ်မလား?  ပထမဆုံးကာကွယ်မှုမှာ ကျန်းမာသောလူနေမှုပုံစံကို ရွေးချယ်ရန်ဖြစ်ပါသည်။ယေဘူယျအားဖြင့် ကျန်းမာရေး ကောင်းမွန်စေသောနည်းလမ်းများကို လိုက်နာခြင်းသည် သင်၏ကိုယ်ခံအားစနစ် ကျန်းမာသန်စွမ်းစေရန်အတွက် သင်ပြုလုပ်နိုင်သည့်အကောင်းဆုံးအဆင့်ဖြစ်ပါသည်။ သင်၏ကိုယ်ခံအားစနစ်အပါအဝင် သင်၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် ပတ်ဝန်းကျင်၏တိုက်ခိုက်မှုများမှကာကွယ်ရန်အတွက် ကျန်းမာစွာနေထိုင်ခြင်း နည်းဗျူဟာများဖြင့် အားဖြည့်ပေးသောအခါပိုမိုကောင်းမွန်ပါသည်။

သက်ကြီးရွယ်များအကြား ကိုယ်ခံအားစနစ်ကောင်းမွန်စေရန်အတွက် လူနေမှုပုံစံစသည့်တို့ကို အောက်တွင်ဖော်ပြထားပါသည်။

. မျှတသော အစားအစာများကိုစားသုံးပါ။

အရောင်အမျိုးမျိုးနှင့် အာဟာရရရှိသော အစားအစာများကို စားသုံးခြင်းသည် ကျန်းမာသော ကိုယ်ခန္ဓာနှင့် စိတ်ကို ထိန်းသိမ်းရာတွင် အဓိက အစိတ်အပိုင်းဖြစ်ပါသည်။ အထူးသဖြင့် အသက်အရွယ်အိုမင်းလာသည့်အခါတွင် သင့်လျော်သော ကိုယ်တွင်းအင်္ဂါလည်ပတ်မှုရရှိစေရန်အရေးကြီးပါသည်။ သင်၏နှလုံးမှ ကျောက်ကပ်အထိ မျှတသော ဗီတာမင်နှင့် အာဟာရများပါဝင်သည့် အာဟာရဓာတ်များသည် သင်၏ကိုယ်တွင်းအင်္ဂါများကို ကောင်းမွန်စွာ လည်ပတ်စေရန် ကူညီပေးပါသည်။ ကိုယ်ခံအားကို ထိန်းသိမ်းရာတွင် သင့်တော်သောအာဟာရဓာတ်ရရှိမှုသည် အဓိက အခန်းကဏ္ဍမှပါဝင်ပါသည်။အရည်များနှင့်ရေဓာတ်ကို ပြန်လည်ထိန်းသိမ်းရန်မမေ့ပါနှင့် – ရေသည်အကောင်းဆုံးဖြစ်ပါသည်။

. လေ့ကျင့်ခန်းလုပ်ခြင်း

ပုံမှန်နှင့် အလယ်အလတ်အဆင့်ရှိသောလေ့ကျင့်ခန်းများသည် ကိုယ်ခန္ဓာနှင့် ကြွက်သားများကို ကျန်းမာသန်စွမ်းစေပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက်သာမက စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်နေစိတ်ထားအတွက်ပါ ကူညီပေးပါသည်။

. လုံလောက်စွာအိပ်စက်ခြင်း

အိပ်စက်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်ကို ပြန်လည်ကောင်းမွန်စေပြီး ကျန်းမာသောဘဝပုံစံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အိပ်ရေးမဝခြင်းသည် ကျွန်ုပ်တို့၏ကျန်းမာရေးကို များစွာအကျိုးသက်ရောက် စေပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်နှင် အာရုံစူးစိုက်မှုကို ထိခိုက်စေပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ စသည့် ပြဿနာများဖြစ်စေပါသည်။ သို့သော် ကျွန်ုပ်တို့သည် အလုပ်များသောကြောင့် (သို့မဟုတ်) အိပ်စက်ခြင်းဆိုင်ရာပြဿနာများကြုံတွေ့နေရသောကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်စေဖို့ခက်ခဲကြပါသည်။

. လွယ်ကူပြီးကျန်းမာစေသည့် ဖြည့်စွက်အစာအဖြစ် Ensureကိုနေ့စဉ်သောက်ပါ။

သင့်ကျန်းမာရေးကို အထောက်အကူပြုသည့် antioxidants, Vitamin C, Vitamin E နှင့် Selenium အပါအဝင် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် ၂၈မျိုးပါရှိပါသည်။ သင်၏ကြွက်သားဆုံးရှုံမှုကို ကာကွယ်ရန်အတွက် HMB နှင့် ပရိုတင်းပါရှိပါသည်။ အကယ်၍သင်စားသုံးလိုက်သော အစားအစာများတွင် သင်လိုအပ်သောအာဟာရအားလုံးကို မရရှိလျှင် Ensure သည် သင့်အတွက် အထူးအထောက်အကူပြုပါသည်။

References:

  1. https://www.aarp.org/health/healthy-living/info-2020/boosting-immune-response.html
  2. https://www.health.harvard.edu/staying-healthy/how-to-boost-your-immune-system
  3. https://www.ensure.com.au/tips-and-advice/healthy-active-lifestyle-tips