ငယ်ရွယ်နုပျိုစေရန် နေထိုင်မှုပုံစံ အလေ့အကျင့်များ

လူကြီးများအတွက် ငယ်ရွယ်နုပျို လန်းဆန်းနေစေရန် နည်းလမ်းများစွာရှိသည်။ အချို့သောသူများသည် အကြီးမားဆုံးသောအလှအပ အပြောင်းအလဲများရရှိကြရန်အတွက် အလှကုန်နှင့်အလှအပဆိုင်ရာ ကုသမှုများကို ပြုလုပ်ကြသည်။ သို့သော် ပိုမိုကြာရှည်စွာ သက်ရောက်မှုရှိစေရန် ဇီဝဗေဒအဆင့်မှနေ၍ အပြောင်းအလဲဖြစ်ရမည်။ ပိုမိုကောင်းမွန်သော အစာစားခြင်းမှ သင်ဘဝ၏ ကြွက်သားများကို ထောက်ပံ့ပေးရန် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း နှင့် ငယ်ရွယ်နုပျိုနေစေရန် အပြုသဘောဆောင်သော လူနေမှုပုံစံအလေ့အကျင့်များကို ရှာဖွေပါမည်။ 1

လေ့ကျင့်ခန်းကို မပျက်မကွက် ပုံမှန်ပြုလုပ်ပါ။

ပုံမှန် အလုပ်လုပ်သောကြွက်သား သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသည် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုရှိပြီး အလုပ်များပြီးမြောက်ရာတွင် ပိုမိုထိရောက်သည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် အလှကုန်၊ အလှအပဆိုင်ရာ ကုသမှုများ နှင့် ယှဉ်နိုင်သော ရလဒ်များ ဖြစ်သည်။ ၎င်းတို့သည် ကုန်ကျစရိတ်သက်သာရုံသာမက မှန်မှန်ကန်ကန်လုပ်ဆောင်ပါက အသက်ကြီးသည့်အခါတွင် ဖြစ်တတ်သော (Sarcopenia) ကြောင့် အလိုအလျောက် ကြွက်သားဆုံးရှုံးခြင်းကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေကာ နုပျိုမှုကို ခံစားရစေသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ပျော့ပြောင်းခြင်းကို မြှင့်တင်ပေးသောကြောင့် အလှည့်မှားရုံနှင့် ဒဏ်ရာဖြစ်နိုင်ခြေကိုနည်းပါးစေပါသည်။ သင့်နှလုံးသည်လည်း ကြွက်သားဖြစ်သောကြောင့် ပုံမှန်အလုပ်မလုပ်ပါက အားနည်းလာကာ သွေးညှစ်ထုတ်ရန် ပိုကြိုးစားရမည်ဖြစ်သည်။ လေ့ကျင့်ခန်းမလုပ်ခြင်းသည် ကြွက်သားထုကို ထိခိုက်ရုံသာမက သင့်အာရုံကြောစနစ်၊ သွေးကြောများ၊ အရိုးအရည်အသွေးနှင့် မှန်ကန်သောသွေးစီးဆင်းမှုမရှိခြင်းကြောင့် ခုခံအားကို ထိခိုက်စေမည်ဖြစ်သည်။ 1, 2

ကျန်းမာသောရွေးချယ်မှုများနှင့် ပြုစုပျိုးထောင်ခြင်း။

ငယ်ရွယ်နုပျိုလိုသော လူကြီးများသည် အသက်အရွယ်ကြီးရင့်မှုကြောင့် ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကျဆင်းမှုကို ခုခံကာကွယ်ရန်အတွက် အရည်အသွေးမြင့် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို တစ်နေ့လျှင်အနည်းဆုံး ၃ ကြိမ်စားသုံးရန် ဦးစားပေးသင့်ပါသည်။ ပရိုတင်းများသည် ကြွက်သားများကို ထိန်းညှိပေးပြီး ကြံ့ခိုင်မှုကို မြှင့်တင်ပေးပါသည်။ ကောင်းစွာအာဟာရရရှိသော ကြွက်သားများသည် ပိုမိုလုပ်ဆောင်နိုင်သောကြောင့် လူကြီးတစ်ဦး၏ လွတ်လပ်စွာလှုပ်ရှားနိုင်မှုကို ထိန်းသိမ်းရန် ကူညီပေးသည်။ သန်မာသောကြွက်သားများသည် ကိုယ်ဟန်အနေအထားအတွက် အထောက်အကူဖြစ်ပြီး ငယ်ရွယ်နုပျိုသော ပုံပန်းသဏ္ဍန်၏ တစ်စိတ်တစ်ပိုင်းမှာ မိမိကိုယ်ကို တင်ပြပေးခြင်း ဖြစ်ပါသည်။ 3, 4

အကောင်းဆုံးနေ့ရက်များအတွက် အစားအသောက်တစ်ခုတည်းနှင့် မလုံလောက်ဘဲ လူကြီးများသည် အာဟာရဖြည့်စွက်စာများ၏ အကူအညီလိုအပ်ပါသည်။ Ensure Gold with HMB ကဲ့သို့သော အာဟာရဖြည့်စွက်စာများသည် လူကြီးတစ်ဦးအားပြီးပြည့်စုံပြီး မျှတသော အစားသောက်များပံ့ပိုးပေးရန်အတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ လက်တွေ့လေ့လာမှုများနှင့် သိပ္ပံနည်းကျသုတေသန ၅၀ ကျော်မှ ကျောထောက်နောက်ခံပြုထားသည်။ Hydroxymethylbutyrate (HMB) သည် ပရိုတင်းကိုစားသုံးသည့်အခါ ခန္ဓာကိုယ်မှ ထုတ်လုပ်ပေးသည်။ HMB သည်၎င်း၏ ခံနိုင်ရည်ကို ပံ့ပိုးပေးခြင်းဖြင့် ကြွက်သားအိုမင်းမှုကို နှေးကွေးစေသည်။ HMB ကိုအစားအစာတွင် အလွန်နည်းသောကြောင့် လူကြီးတစ်ဦးသည် လုံလောက်စွာစားသုံးနိုင်ရန် ခက်ခဲသည်။ Ensure ကို ၂ ကြိမ်စားသုံးလျှင် HMB ၁.၅ ဂရမ် ပါဝင်ပြီး ၎င်းသည် ငါးအသားလွှာ ၇၅၀ ချက်မှရရှိသော ပမာဏနှင့် တူညီသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုများ ပြုလုပ်ရာတွင် အဆင်ပြေသောအာဟာရတစ်ခုဖြစ်သည်။ 3, 4, 5, 6

စိတ်ဖိစီးမှုများကို လျော့ချပြီးကောင်းမွန်စွာအိပ်စက်ခြင်းကို ဦးစားပေးပါ။

ငယ်ရွယ်နုပျိုနေစေရန် အရေးကြီးဆုံအခြေခံအချက်တစ်ခုမှာ စိတ်ဖိစီးမှုများကို လျှော့ချပြီး ကောင်းမွန်စွာ အိပ်ရေးဝဝ အိပ်စက်ပါ။ စိတ်ဖိစီးမှုများကို သက်သာစေရန် နည်းလမ်းမှာ နေ့စဉ်အလုပ်များမှ ခေတ္တအနားယူခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် မသက်မသာဖြစ်ခြင်းပျောက်စေရန်အတွက် အကြောလျှော့ခြင်းတို့ လုပ်ဆောင်နိုင်သည်။ ညဘက်တွင်ကောင်းစွာ အိပ်စက်အနားယူထားပါက စိတ်ဖိစီးမှု ဖြစ်နိုင်ချေနည်းပါးပါသည်။ သင်၏ အရေပြားနင့် ခန္ဓာကိုယ်ဖိအားကင်းစေရန် ကောင်းမွန်စွာအိပ်စက်သင့်သည်။ လူကြီးများသည် အိပ်ချိန်နည်းလေ ခန္ဓာကိုယ်သည် တစ်နေ့တာ၏ ဖိစီးမှုများမှ ပြန်လည်ကောင်းမွန်ရန် အချိန်နည်းသောကြောင့် ဆဲလ်များကို မြန်မြန်လောက်ကျွမ်းစေပြီး ပင်ပန်းနွမ်းနယ်စေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အကောင်းဆုံးနည်းလမ်းမှာ နေ့ဘက်တွင်ကိုယ်လက်တတ်ကြွစွာလှုပ်ရှားပြီး ကျန်းမာသော အစားသောက်ရွေးချယ်မှုများ ပြုလုပ်ရန်ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် ပိုကောင်းမွန်ပါသည်။ ၎င်းသည် သင့်အားလျင်မြန်သော အိုမင်းရင့်ရော်မှုဖြစ်ခြင်းကို တွန်းလှန်နိုင်ပြီး အထူးသဖြင့် ကြွက်သားများ ခွန်အားကို တိုးမြှင့်ပေးကာ သင့်အသက် ၆၀ နောက်ပိုင်းတွင် ပိုမိုပျော်ရွှင်သော ဘဝကို ဖြတ်သန်းနိုင်ရန် ကူညီပေးပါသည်။1, 2

References:

  1. https://www.onlymyhealth.com/vigorous-lifestyle-changes-to-counter-ageing-1389785588
  2. https://www.health.com/fitness/15-ways-exercise-makes-you-look-and-feel-younger
  3. https://khn.org/news/why-older-adults-should-eat-more-protein-and-not-overdo-protein-shakes/
  4. https://www.healthline.com/nutrition/foods-that-support-healthy-aging#TOC_TITLE_HDR_2
  5. https://abbottnutrition.com.my/products/ensure-gold
  6. https://www.nutritionnews.abbott/healthy-living/aging-well/why-hmb-is-important-for-aging-muscles/