ဘာ့ကြောင့် သက်ကြီးရွယ်အိုတွေမှာ ကိုယ်အလေးချိန် လျော့ချသင့်သလဲ?

အဝလွန်နေတဲ့ သက်ကြီးရွယ်အိုများအတွက် ကိုယ်အလေးချိန်လျော့ချခြင်းသည် ကျန်မာရေးအတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအဝမလွန်သော သက်ကြီးရွယ်အိုများအနေနဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းသည်လည်း အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်။ အသက် (၆၅)နှစ် အထက်ရှိသော လူကြီးပေါင်း ၂၇% နီးပါးသည် ကိုယ်အလေးချိန်ကျဆင်းသည်ကို သင်သိပါသလား? တကယ်တော့ ၆ လတာကာလအတွင်း သူတို့အလေးချိန်ရဲ့ ၅% နှင့် ထို့အထက် ပို၍ ကျဆင်းခြင်းသည် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် သေချာအလေးထားသင့်ပါတယ်။ မိသားစုဝင်များ၊ စောင့်ရှောက်သူများအနေဖြင့် သက်ကြီးရွယ်အို ကိုယ်အလေးချိန်လျှင်မြန်စွာ ကျဆင်းလာပါက အကြောင်းအရာကိုရှာဖွေရန် ဆေးကုသမှုခံယူခိုင်းပြီး ဂရုတစိုက်စောင့်ရှောက် ရပါမယ်။ သက်ကြီးရွယ်အိုများကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ဖြစ်နိုင်ချေရှိသော အကြောင်းအရာများကို အောက်တွင် ဖော်ပြထားပါတယ်။

၁။ အထီးကျန်ခြင်းနှင့်စိတ်ကျရောဂါ

အသက်အရွယ်ကြီးလာတာနဲ့အမျှ လှုပ်ရှားမှုနည်းလာပြီး တစ်ယောက်ထဲနေတဲ့အချိန်ပိုများ လာပါတယ်။ သက်ကြီးရွယ်အိုများရဲ့သေဆုံးမှုများနဲ့အတူ ၎င်းတို့ရဲ့လူမှုအသိုင်းအဝိုင်းများသည်လည်း သေးငယ်လာပါတယ်။ အဲ့အရာကပဲအထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို တိုးလာစေပါတယ်။ စိတ်ကျရောဂါဝင်တဲ့အခါမှာ အစာစားချင်စိတ်ကို ထိခိုက်စေတာကြောင့် အချို့မှာအစာစားမှုနည်းပြီး အချို့မှာ လုံးဝမစားတော့ပါ။ စိတ်ကျခြင်းအတွက် ကုသရန်နည်းလမ်းကတော့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများတွင်ပါဝင်စေခြင်း၊ သက်ကြီးရွယ်အိုများနှင့်အပြန်အလှန်စကားပြောပေးခြင်းတို့ ဖြစ်ပါတယ်။ စကားပြောကုထုံးသည်လည်း ၎င်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

၂။ နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုများလျော့နည်းလာခြင်း

အသက်အရွယ်ကြီးလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့နေစဉ်လှုပ်ရှားမှုများပြောင်းလဲလာတာကြောင့် လုပ်နိုင်စွမ်းများလျော့ကျသွားနိုင်ပါတယ်။ ကားမောင်းတာ၊ ဈေးဝယ်ထွက်တာ၊ အားကစားလုပ်တာ၊ ဟင်းချက်တာနဲ့ ပိုအရေးကြီးတာက ကိုယ့်ဒူးကိုယ်ချွန်နေရတာက တော်တော်ပင်ပန်းပါတယ်။ ဒီအခက်အခဲတွေကြောင့် ဘိုးဘွားရိပ်သာ၊ ဒါမှမဟုတ် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်သူတွေ လိုအပ်တာပါ။ ဈေးဝယ်ထွက်ချိန်ပေးခြင်း၊ ဟင်းချက်ပေးခြင်း၊ မီးဖိုချောင်အတွင်း အာဟာရဖြစ်စေမည့် သရေစာများ ထည့်ပေးခြင်း၊ လိုအပ်သည့် အာဟာရဓာတ် မျှတစွာထောက်ပံ့ခြင်းတို့ဖြင့် အလေးချိန်လျော့ကျမှုကို ကာကွယ်ပေးနိုင်သည်။

၃။ နာတာရှည် ရောဂါ

နာတာရှည် ရောဂါသည် စိတ်ဖောက်ရောဂါနှင့် ကင်ဆာရောဂါတို့လို ဝေဒနာရှင်၏ ကိုယ်အလေးချိန်ကို ထိခိုက်နိုင်သည်။ ကင်ဆာရောဂါ၌ ကိုယ်အလေးချိန်သည်၂၄ % – ၃၈% ကျဆင်းနိုင်သည်။ စိတ်ဖောက်ရောဂါရှိသော သက်ကြီးရွယ်အိုတို့တွင် အနံ့နှင့် အရသာ ခံစားနိုင်မှု ပြောင်းလဲနိုင်သည်။ ထပ်လောင်းပြောရလျှင် အင်ဆူလင်ဓာတ် ထိန်းချုပ်ခြင်းမရှိသော ဆီးချိုရောဂါသည်တို့တွင် အားအင်ကုန်ခမ်းခြင်း၊ မကြာခဏဆီးသွားခြင်း၊ အလွန်အမင်း ရေဆာခြင်းတို့ ဖြစ်တတ်သည်။ ယခုလို လက္ခဏာများ မြင်တွေ့ရလျှင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်းက ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းကောင်းဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျစေသည့် အကြောင်းအရာများကိုပင် ရှာဖွေတွေ့ရှိနိုင်စေသည်။ ပါရဂူသည် မိသားစုဝင်များ၏ ကျန်းမာရေးမှတ်တမ်း သမိုင်း၊ သွေးစစ်ဆေးခြင်းနှင့် ခန္ဓာကိုယ် စကင်ဖတ်ခြင်း၊ ပြင်ပရောဂါ စစ်ဆေးခြင်းများကိုပါ အကြံပေးနိုင်သည်။
အသက်ရလာသူများတွင် ရုတ်တရက် ပြောင်းလဲမှုများကို လှစ်လျူမရှုသင့်ဘဲ သေသေချာချာ အလေးထား၍ ဂရုစိုက်သင့်ပါသည်။