သင်၏ရွှေရောင်နှစ်များအတွင်း ကျန်းမာကြံ့ခိုင်အောင်နေရန် အရေးကြီးသည့် အာဟာရများ

ကျွန်ုပ်တို့သည် အဖိုး၊ အဖွားဖြစ်သည့်အချိန်ကို အမှန်တကယ် မေ့ထား၍မရပါ။ သို့သော် အိုမင်းလာသည့်အခါတွင် ကောင်းမွန်စွာ မည်သို့ရင်ဆိုင်မလဲ ကတော့ ကျွန်ုပ်တို့အတွက်တာဝန်ရှိပါသည်။ “ သင်စားလိုက်တဲ့အရာတွေလိုပဲ သင်ဖြစ်လာမှာပါ” ဟူသောစကားများအရ ကျွန်ုပ်တို့စားသောအရာများသည် ကျွန်ုပ်တို့နေ့ထိုင်သောဘဝ၏ မည်မျှကျန်းမာကြောင်း ကိုဆုံးဖြတ်ပေးပါလိမ့်မည်။ ကံကောင်းသူ အနည်းစုသည် ဘဝတွင်၎င်းတို့စားချင်သော အစားအစာများကို စားသုံး၍ အသက်ရှည်စွာနေထိုင်နိုင်သော်လည်း ကျွန်ုပ်တို့အတွက် ပို၍ဂရုစိုက်ရန် လိုအပ်ပါသည်။ အသက်ကြီးလာသည့် ရွှေရောင်နှစ်များတွင် မည်သည့်အာဟာရများသည် ပို၍သင့်တော်သည်ကို ဖော်ပြထားပါသည်။

လူကြီးဖြစ်သည့်ရွှေရောင်နှစ်များ တွင် အရေအတွက်ထက် အရည်အသွေးကို ရွေးချယ်ပါ။

အကယ်၍သင်သည် အလဟဿကယ်လိုရီ ကုန်ဆုံးသည် ဟူသောစကားကိုကြားဖူးလျှင် သင်သည်ကယ်လိုရီမြင့်မားသည့် အစားအစားမျာကို စားသုံးလျှင် သင့်အတွက်ကောင်းသည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ဇီဝဖြစ်စဉ်နှုန်းသည် နှေးကွေးလာသဖြင့် ကယ်လိုရီအနည်းငယ်သာလိုအပ်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် အာဟာရဓာတ် ၂ ဆလိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်စွမ်းဆောင်နိုင်စွမ်းသည် လျော့နည်းလာခြင်းကြောင့်ဖြစ်သည်။ အာဟာရသိပ်သည်းသည့် အစားအစာများတွင် အရည်အသွေးမြင့်မားသည့် ဗီတာမင် နှင့်သတ္တုဓာတ်များစွာရှိသောကြောင့် ခန္ဓာကိုယ်တွင် ကြာရှည်စွာ ထိန်းသိမ်းပေးပါသည်။ ထို့အပြင့် အာဟာရဓာတ်မြင့်မားလေလေ ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်နှင့် ကိုလက်စထရောအဆင့်ကို လျှော့ချပေးလေလေဖြစ်သည်။ ချိုသောအစားအစာများ၊ ငန်သောအရာများ သို့မဟုတ် ဆီကြော်အစားအစာများကို ဖြတ်တောက်ရမည်မဟုတ်ပါ။ သင့်စားသုံးသောအရေအတွက်ကို လျှော့ချပေးရန်ဖြစ်ပါသည်။

ဗီတာမင် ဘီ၊ စီ၊ ဒီ, ကယ်လ်ဆီယမ် နှင့် Fatty Acids များကို မြှင့်တင်ပါ။

ဗီတာမင်များ၊ အခြားမရှိမဖြစ်လိုအပ်သည့် အာဟာရများနှင့် ၎င်းတို့၏ဆက်စပ်မှုများသည် ခန္ဓာကိုယ်အတွက် အကျိုးရှိစေရုံသာမက သင်၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် လက်တွဲအလုပ်လုပ်ပါသည်။ အရည်အသွေးအတွက် ကယ်လ်ဆီယမ်နှင့် သန်စွမ်းမှုအတွက် ဗီတာမင် ဒီ၊ သန်မာသောအရိုးများသည် ကျန်းမာသော သွေးနီဥများနှင့် ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသည့် သွေးဖြူဥများကို ထုတ်လုပ်ပေးပါသည်။ သွေးစီးဆင်းမှုတိုးလာခြင်းသည် ရောင်ရမ်းမှုကို လျော့နည်းစေပြီး၊ ဗီတာမင် ဘီသည် အာရုံကြောများ၏ လုပ်ဆောင်မှုကို တိုးတက်စေရန်အတွက်  သွေးနီဥများ၏ ကျန်းမာရေးကိုထောက်ပံ့ပေးပါသည်။ ကြွက်သားလေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းဖြင့် သင်၏နှလုံးအတွက်လေ့ကျင့်ခန်းလုပ်ဆောင်စရာမလိုအပ်ပဲ သင့်ခန္ဓာကိုယ်၏လုပ်ငန်းများကို ကူညီပေးပါသည်။ အခြားအကျိုးရှိသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ အများအပြားရှိသော်လည်း အဓိကသော့ချက်မှာ ဟန်ချက်ညီစေရန်ဖြစ်သည်။ မျှတစွာစားသုံးခြင်းဖြင့် ကျန်းမာ‌ရေးကောင်းပြီး အသက်ပိုရှည်စေပါသည်။

ကျန်းမာသန်စွမ်းခြင်းဆိုသည်မှာ ရိုးရှင်းသည့်အရာမဟုတ်ပါ။

လူကြီးအများစုသည် ၎င်းတို့၏အစားအစာစားသုံးခြင်းကို ပြောင်းလဲရန်ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းမာသောအစားအစာများသည် အရောင်နှင့်အရသာမရှိဟု ခံစားကြရသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစားသုံးရန်ကြိုးစားလျှင် မြန်မာလူမျိုးများသည် အလွန်ငန်သောငံပြာရည် နှင့် အရသာမှုန့်များဖြူးခြင်းများပြုလုပ်ခြင်း သို့မဟုတ် အရသာပျောက်သွားစေရန် အချိုမှုန့်များထည့်ခြင်းကို ပြုလုပ်လေ့ရှိကြသည်။  အငန်များအလွန်အကျွံစားသုံးခြင်းသည် သွေးဖိအားကို တက်စေပါသည်။ အနည်းငယ်တိုက်တွန်းချင်သည်မှာ ကျန်းမာသောအစားအစာများသည် အရောင်အသွေးစုံလင်ပြီး ပျော်စရာကောင်းပါသည်။ ဥပမာအားဖြင့် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများသည် အရသာပိုရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အာဟာရဓာတ်အနည်းငယ်သာ ပါဝင်သည်ကို ဖုံးအုပ်ရန် ဆိုဒီယမ်၊ သကြားနှင့် အဆီများဖြင့်ဖြည့်ထားသောကြောင့်ဖြစ်သည်။ အကယ်၍ သင်လုပ်နိုင်လျှင် ရာသီအလိုက် ဆေးဖက်ဝင်အရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ သို့မဟုတ် အစားစားချိန်တွင် လတ်ဆတ်သောအရာများကို ရွှေးချယ်စားသုံးသင့်ပါသည်။

၎င်းအလေ့အကျင့်များကို သေချာစွာထိန်းသိမ်းပါ။ လေ့ကျင့်ခန်းများကို ထပ်တလဲလဲပြုလုပ်ပြီး မှတ်သားပါ။ ထိုသို့လုပ်ခိုင်းခြင်းတွင် အကြောင်းပြချက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင်၏ရွှေရောင်လွှမ်းသော သက်ကြီးပိုင်းနှစ်များအတွက် အဆင်ပြေပြေနှင့် အံဝင်ခွင်ကျဖြစ်အောင် ကူညီပေးမည့် အခြေခံအုတ်မြစ်များဖြစ်ပါသည်။ စမ်းသပ်မှုအချို့ အမှားအချို့နှင့်ဆိုလျှင် ကျွန်ုပ်တို့အားလုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်စွာနေထိုင်နိုင်ပါမည်။ လေ့ကျင့်ခန်းရလဒ်များ တိုးမြှင့်ခြင်းနှင့် ထိခိုက်မှုများကို ရှောင်ကြဉ်နိုင်ရန် အထောက်အပံ့များကိုယူပါ။သင်၏လိုအပ်သော အာဟာရဓာတ်များကို ဖြည့်ဆည်းရန်အတွက် ဖြည့်စွက်အာဟာရကိုရှာဖွေနေပါက Ensure ကဲ့သို့သော ဖြည့်စွက်အာဟာရများ ရှိပါသည်။ Ensure တွင် ခန္ဓာကိုယ်အတွက်အကျိုးပြုသော ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းနှင့်  အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကြွက်သားကျန်းမာရေးနှင့် ကြံ့ခိုင်မှုထိန်းသိမ်းရေးတွင် များစွာ အထောက်ကူပြုပါသည်။

References:

  1. https://abbottnutrition.com.my/adult-nutrition/stay-fit-in-your-golden-years
  2. https://www.healthhub.sg/live-healthy/1194/help-ah-gong-and-ah-ma-age-well-with-healthy-eating
  3. https://www.statecollegefitnessconsultantsinc.com/calorie-dense-vs-nutrient-dense/
  4. https://www.ph.abbott/products/nutrition/list-of-products.html