အသက် ၄၀ ပြည့်ပြီးနောက် ဖျတ်လတ်သန်မာအောင် ဘယ်လိုနေမယ်

အသက် ၄၀ ပြည့်ပြီးတာနဲ့အမျှ ငယ်ရွယ်ဖျတ်လတ်သန်မာခြင်း ပြီးဆုံးပြီဟု လူတော်တော်များများ ယုံကြည်ကြပါတယ်။ အစားအသောက်ပုံစံဖြင့်စားသုံးမှုနည်းပါးခြင်းနဲ့ လေ့ကျင့်ခန်း မရှိသလောက် နည်းပါးခြင်းက ထိုခံစားချက်မျိုးကို ဦးတည်စေပါတယ်။ သင်လူကြီးပိုင်း နှစ်များသို့ ရောက်တဲ့အခါ ဘဝအရည်အသွေးကောင်းမွန်စေဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

အသက် ၄၀ ပြည့်ပြီးနောက် ဖျတ်လတ်သန်မာအောင်နေထိုင်ခြင်းက မီဒီယာများတွင် ရေပန်းစားသည်သာ မဟုတ်ဘဲ သင်ကိုယ်တိုင် သင့်လျော်သောမျှော်လင့်ချက်ထားပြီး ပြုလုပ်နိုင်သောအရာဖြစ်ပါတယ်။

၁။ ကျန်းမာစွာနေထိုင်ရန် သင့်စိတ်ကျန်းမာရေးကို ပြင်ဆင်ပါ။

ကောင်းမွန်တဲ့ သင့်စိတ်အခြေအနေဟာ သင်ဘယ်လောက် ဖျတ်လတ်သန်မာသည်ကို ထိခိုက်နိုင်ပါတယ်။ သင့်ကျန်းမာရေးကို တိုးတက်စေတဲ့နည်းလမ်းများကို ရှာမည်ဆိုပါက ပြောင်းလဲခြင်း၊ ပြန်လည်ဆန်းသစ်ခြင်း၊ ဝါသနာနဲ့ ထပ်တူကျတဲ့ ပရောဂျက်များကို စတင်ခြင်းတို့အတွက် အဆင်သင့်နေပါစေ။ နာမည်ကြီး မီဒီယာများက စံသတ်မှတ်ချက်များအား အာရုံစိုက်မနေဘဲ အကူအညီတောင်းခံဖို့လည်း ဘယ်တော့မှ မရှက်သင့်ပါ။ သင်ဟာ တစ်ကမ္ဘာလုံးမှာ တစ်ဦးတည်းသော ပုဂ္ဂိုလ်မဟုတ်လျှင် သင့်အတွက် အခြားသူများ ရှိမည့်အတွက် သူတို့နဲ့အဆက်အသွယ်မပြတ်နေပါ၊ သူတို့ထံမှ သင်ယူပါ (သူတို့နဲ့အတူတူ ဖျတ်လတ်သန်မာစေသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ)၊ အကြံဉာဏ်များပေးပါ၊ တိုးတက်ဖို့ လက်လွှတ်သင့်သည်ကို လွှတ်ပါ။

၂။ အူကျန်းမာရေးကို အလေးထားပါ။

မကျန်းမာတဲ့အူဟာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး သင့်သန်မာဖျတ်လတ်မှုကို ဟန့်တား‌စေပါတယ်။ ပုံမှန် အူနာခြင်း၊ လေပွခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ ဝမ်းကိုက်ခြင်းတိုဟာ စီမံချိန်မရှိတာကြောင့် သင့်ဘဝရဲ့အခြားအစိတ်အပိုင်းများကို ထိခိုက်စေပါတယ်။ အူကျန်းမာရေးကို တိုးတက်စေဖို့ Probiotic ကြွယ်ဝသောအစားအစာများ (အချဥ်ဖောက်ထားသော အစားအစာများ)၊ Prebiotics ကြွယ်ဝသော အစားအသောက်များ၊ ဖိုက်ဘာနဲ့ ဖြည့်စွက်စာတို့ စားသုံးပေးနိုင်ပါတယ်။ တသမတ်တည်းဖြစ်ခြင်းဟာ သော့ချက်ဖြစ်ပြီး အစားအစာကိုနေ့စဥ်တူညီတဲ့အချိန်မှာ စားခြင်း  ဖြင့် သင့်အူဟာ ပုံမှန်လည်ပတ်နေနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းကို သင့်နေ့စဉ်ဘဝ၏ ပုံမှန်အစိတ်အပိုင်းဖြစ်ပါစေ။

လူကြီးများဟာ အသက် ၄၀ ပြည့်ပြီးနောက် ၁၀ နှစ်တစ်ကြိမ် ကြွက်သား ၈ % ဆုံးရှုံးတာကြောင့် သင့်ကြွက်သားများကို ကျန်းမာအောင် ထိန်းသိမ်းဖို့ အခုအချိန်ကတည်းက ပိုမိုအရေးကြီးပါတယ်။ ရေရှည်မှာ လေ့ကျင့်ခန်းလုံးလုံးလျားလျားမဟုတ်ပေမယ့်လည်း အပတ်စဉ် အေရိုးပစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းက မလုပ်မယှက်သော သင့်ဇီဝရုပ်ဖြစ်ပျက်မှုကို တိုးတက်စေပါလိမ့်မယ်။ သင့်ကိုယ်ကို စိတ်ခွန်အားပေးရန်အတွက် ဆုပေးတဲ့စနစ်ကို ကျင့်သုံးပါ။ ဥပမာအားဖြင့် ဥယျာဉ်ပတ် လမ်းလျှောက်ဖို့ စောစောထခြင်းက သင့်မနက်အတွက် သတင်းစာဖတ်ဖို့နဲ့ အိမ်နီးခြင်းများနဲ့စကားပြောဖို့၊ ငြိမ်းချမ်းသော မနက်ခင်းကို ခံစားဖို့ အချိန်ကို ပေးစွမ်းပါလိမ့်မယ်။ ညစာစားပြီးချိန် လမ်းလျှောက်ခြင်းက ယောင်ယမ်းခြင်းနဲ့ ညဖက်ဖောင်းပွခြင်းကို လျှော့ချပေးသောကြောင့် ညအချိန်အိပ်စက်တဲ့အခါ ကောင်းကောင်းမွန်မွန်အိပ်ပျော်စေပါတယ်။

၄။ မည်သည့်အခါမှ အမြန်ဖြေရှင်းနည်းများကို လက်မခံနဲ့၊ မမျှော်လင့်နဲ့

ယနေ့ကမ္ဘာမှာ သင့်ကို လွယ်လွယ်ကူကူနဲ့ အမောမခံရဘဲ သန်မာဖျတ်လတ်စေဖို့ အမြန်ဖြေရှင်းနည်းများနဲ့ ကိရိယာများစွာရှိပါတယ်။ အနာမခံလျှင် အသာမစံရဟူသည့် စကားပုံအရ ရလာဒ်ကောင်းများဟာ အလုပ်မရှိဘဲ မဖြစ်လာပါ။ ထိုစကားဟာ အထူးသဖြင့် သန်မာဖျတ်လတ်ခြင်းအတွက်လည်းမှန်ကန်ပါတယ်။ သင့်ပိုက်ဆံကို ခြွေတာပြီး သင်ဆန္ဒရှိသည်ဆိုပါက  အခြေခံနည်းများဖြစ်သည့် ခွန်အားသုံး လမ်းလျှောက်ခြင်းများ၊ လှေကားထစ်တက်ခြင်းများ၊ အလေးမ ခြင်းများ ၊ ခံနိုင်ရည်လေ့ကျင့်ခန်းများ၊ ရေသောက်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်ခြင်းတို့နဲ့ ကြာရှည်ခံတဲ့ ပြောင်းလဲမှုကို ခံစားပါ။ တသမတ်တည်းလုပ်ပါ၊ ထိန်းထားပြီး အသီးအပွင့်ကို ခံစားပါ။

မမျှော်လင့်တာတွေအတွက် ပြင်ဆင်ထားပါဆိုတဲ့ စကားပုံအတိုင်း သန်မာဖျတ်လတ်စွာ နေထိုင်ခြင်းက ကြွက်သားသီးသန့်သာ အလုပ်လုပ်ခြင်းထက် များစွာပိုပါတယ်။ သင်ဘာပဲလုပ်လုပ် သင့်ဘဝအနာဂတ်မှာ အကျိုးခံစားရတာကြောင့် ကိုယ့်ကိုယ်ကို အခုပဲဂရုစိုက်လိုက်ပါ။ ကြာရှည်ခံသော အကျိုးရလဒ်များအတွက် အမြန်ဖြေရှင်းနည်းများ မရှိပါ။ အားလုံးဆုံးရှုံးတဲ့အခါ သန်မာဖျတ်လတ်ရေး အခြေခံများသို့ ပြန်သွားပါ၊ လိုအပ်သည့်အပိုင်းများအတွက် ပြောင်းလဲမှုများပြုလုပ်ပြီး လိုအပ်လျှင် အာဟာရဖြည့်စွက်စာများ ထည့်သွင်းပါ။ ဘယ်သူပြောနိုင်မှာလဲ၊ ကျန်းမာဖြတ်လတ်နေလို့ သင်အသက်ကြီးတာကို ဘယ်သူမှ မယုံနိုင်အောင်ဖြစ်နေမှာ။

References:

  1.  https://abbottnutrition.com.my/adult-nutrition/staying-fit-after-40
  2. https://bestlifeonline.com/fitness-after-40/
  3. https://abbottnutrition.com.my/products/ensure-gold

Additional Readings:

  1. https://www.guideposts.org/better-living/health-and-wellness/living-longer-living-better/5-ways-to-handle-change-smoothly