ပြုစုစောင့်ရှောက်သူ၏စိတ်ဖိစီးမှုကို ဘယ်လိုစီမံကူညီမလဲ။
![]() |
ပြုစုစောင့်ရှောက်သူ၏စိတ်ဖိစီးမှုကို ဘယ်လိုစီမံကူညီမလဲ။
အိမ်ထောင်အများစုတွင် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူမဟုတ်သူများက စောင့်ရှောက်မှု ပေးကြပါသည်။ သင့်အားတစ်ချိန်တုန်းကဂရုစိုက်ပေးတဲ့သူအားပြန်လည်ပြုစုခြင်းသည် မှန်ကန်သည့်လုပ်ရပ်ဖြစ်သော်လည်း မိမိ၏ကျန်းမာရေးကို နောက်တန်းတွင်မထားသင့်ပါ။
စိတ်ဖိစီးမှုကိုအသိအမှတ်ပြုခြင်းနှင့် ၎င်းအားကိုင်တွယ်ဖြေရှင်းခြင်းက သင့်အားကူညီရန်နှင့်ပိုမိုကောင်းမွန်သော ပြုစုစောင့်ရှောက်သူတစ်ဦး ဖြစ်လာစေရန်ကူညီပေးပါလိမ့်မည်။
စိတ်ဖိစီးမှုလက္ခဏာများကို လက်ခံပြီး အသိမှတ်ပြုပါ။
သင်သည်အိမ်ထောင်ဖက်၊ မိဘ၊ အဘိုးအဘွား (သို့မဟုတ်) အခြားချစ်ရသူတစ်ဦးဦးကို ဂရုစိုက်ခြင်းဖြင့် သင်သည် စိတ်ဖိစီးမှုတစ်မျိုးမျိုးရှိနိုင်ပါသည်။ အဓိကသော့ချက်မှာ ၎င်းတို့ကို အသိအမှတ်ပြုရန်နှင့် ကောင်းမွန်လာစေရန် လုပ်ငန်းစဉ်များကို စတင်ရန်ဖြစ်ပါသည်။
- အမြဲစိုးရိမ်ပူပန်ခြင်း။
- အိပ်ချိန်မမှန်ခြင်း။
- စိတ်တိုဒေါသထွက်လွယ်ခြင်း။
- သင်၏ ဘဝတွင် အခြားနေရာများကို စိတ်ဝင်စားမှုပျောက်ဆုံးခြင်း
- ခေါင်းကိုက်၊ကိုယ်လက်ကိုက်ခဲခြင်း၊ အစာခြေဖျက်မှုဆိုင်ရာပြဿနာများ
- ကဖိန်းဓာတ်များပိုမိုသောက်သုံးခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် ပုံမှန်လုပ်နေကျမဟုတ်သည့် အရာများကို အစားထိုးပြုလုပ်ခြင်း။
၎င်းတို့ထဲမှတစ်ခုခုခံစားရလျှင် သင့်ကိုယ်သင်ပြန်လည်ဂရုစိုက်ဖို့ နောက်ပြန်ဆုတ်ဖို့ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလာသည်နှင့်အမျှ ဤစိတ်ဖိစီးမှုများသည် သင်၏ကိုယ်ပိုင် သုခကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ခဏတာအနားယူ၍ ကိုယ့်ကိုကိုယ်အချိန်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။စိတ်ဖိစီးမှုများသည့်နေရာမှ ဝေးဝေးတွင်နေပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံပါ၊ သင့်ဘဝ၏အခြားအစိတ်အပိုင်းများကို ဂရုစိုက်ပါ၊ ကာယလေ့ကျင့်ခန်းပြုလုပ်၍ ကျန်းမာသောအစားအစားမျာကို ထိန်းသိမ်းစားသောက်ပါ။
သင်၏ကိုယ်ပိုင်အာဟာရနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည် အရေးကြီးသည်။
ချစ်ရသူတစ်ဦးကို ဂရုစိုက်ခြင်းသည်ရုပ်ပိုင်ဆိုင်ရာအားထုတ်မှုများစွာလိုအပ်သောကြောင့် ဤလုပ်ဆောင်မှုကို ကာယလုပ်အားဟုခေါ်သည်။ ပြင်းထန်သောလေ့ကျင့်ခန်းပြုလုပ်ပြီးနောက်အနားယူသကဲ့သို့ပင် သင့်အားစိတ်ဖိစီးမှုများဖြေစေရန်အတွက် စနစ်ကျသော အလယ်အလတ် မှ ပြင်းထန်သောလေ့ကျင့်ခန်းများ လုပ်ဆောင်ရန်လိုအပ်သည်။ စိတ်ဖိစီးမှုပြေရုံသာမက ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရာတွင်ကူညီပြီး ကိုယ်ဟန်အနေအထားတိုးတက်ကောင်းမွန်စေပြီး၊ ကိုယ်ခံအားကို တိုးစေတာကြောင့် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး သင့်ကို ပိုပြီး ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်သူတစ်ဦးဖြစ်စေပါသည်။
ဂရုစိုက်မှုလိုအပ်သူများအတွက် သင်သည်အာဟာရကျွမ်းကျင်သူ၊ စားဖိုမှူး၊ ဆေးဝါးကျွမ်းကျင်သူတစ်ဦး ၊ ဖြစ်သော်လည်း သင့်ကိုရော ဘယ်သူကလုပ်ပေးမလဲ? ငယ်ရွယ်စဉ်ကပင် မကောင်းသောအစားအစာများကို ကြာရှည်စွာစားခြင်းကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ လေဖြတ်လွယ်ခြင်းနှင့် အမြဲဖျားနာခြင်းတို့ကို ခံစားရသည်။ ဟင်းသီးဟင်းရွက်များ၊ အဆီမပါသောအသားများနှင့် အစေ့အဆန်များကိုပါဝင်သောအစားအစားများကို ပုံမှန်အစားအစားအဖြစ်တစ်နေ့ ၃ ကြိမ်စားသုံးရန်ကြိုးစားပါ။ သို့သော် သင်လိုအပ်ပါက အစားအစာ ၃ ကြိမ်မှာစားသုံးသောအစားအစာများကို သေးငယ်သောအစားအစာများအဖြစ်ပြန်လည် ခွဲပါ။ ဖြည့်စွက်အာဟာရများသည် လူကြီးများအတွက်သာမဟုတ်ဘဲ ပြုစုစောင့်ရှောက်သူအတွက်ပါ လိုအပ်ပါတယ်။ အထူးသဖြင့် အစားအစာမှ တဆင့် သင့်တင့်မျှတသောအာဟာရများမရရှိပါက ၎င်းသည် သင့်အတွက်လည်းဖြစ်နိုင်သည်။ Ensure ထုတ်ကုန်များသည် အရသာမျိုးစုံနှင့် ပုံစံအမျိုးအမျိုးနှင့် ထုတ်ထားသောကြောင့် နေ့စဉ်လိုအပ်ချက်များမှ လိုအပ်သောအာဟာရနှင့် သတ္တုဓာတ်များကို အချိုးအစားမှန်ကန်စွာဖြည့်တင်းပေးပါသည်။
သင်လည်းအကူအညီလိုအပ်သည်ကို လက်ခံပါ။
မြန်မာနိုင်ငံ၌စောင့်ရှောက်သူတစ်ဦးဦး၏ စိတ်ဖိစီးမှုများ (သို့မဟုတ်) စောင့်ရှောက်သူ တစ်ဦးဦးက၎င်း၏ တာဝန်များအားမတတ်နိုင်တော့ကြောင်း ဝန်ခံပြောဆိုခြင်းသည် ယဉ်ကျေးမှုအရ အငြင်းပွားစရာဖြစ်သည်။ ကျွန်ုပ်တို့သည်ဝေဖန်ခြင်းကို ကြောက်ကြသည် ထို့ကြောင့် ကျွန်ုပ်တို့ငြင်းလိုက်လျှင် အပြစ်ရှိသည်ဟု ခံစားရသည်။ သင်အမှန်တကယ်လုပ်နိုင်သောအရာများကို အာရုံစိုက်ပြီး အခြားသူများအတွက် လူမှုရေးရာထောက်အပံ့များကို ရယူပါ။ အကယ်၍သင့်တွင် စွမ်းအားရှိရင်တောင် သင့်သည်အခြားသူများကို ကူညီခွင့်ပေးတာက အကျိုးရှိစေပါသည်။ သူငယ်ချင်းတစ်ဦး၊ မိသားစုဝင်တစ်ဦး သို့မဟုတ် ကျွမ်းကျင်ပညာရှင် တစ်ဦးဦး၏ အကူအညီကို ရယူပါ။ စိတ်ဖိစီးမှုများကြောင့် သင့်တစ်ယောက်တည်း နေချင်ပေမည်၊ သို့သော်ကျွမ်းကျင်သူများပြောချက်အရ ၎င်းအရာများအားလုံးကို အတွင်း၌ထားခြင်းသည် မကျန်းမာနိုင်ပါ။ သင်လိုအပ်မည်ဆိုလျှင် သင့်အားရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ သင်ကိုယ်တိုင်ကုသမှုခံယူရန် အတွက်ဆေးပညာရှင်တစ်ဦးကို ရှာပါ။
References:
- https://ensure.ca/en/health-nutrition-tips/caregiver-stress-management
- https://ensure.com/caregivers
- https://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/caregiver-stress/art-20044784
- https://www.heart.org/en/health-topics/caregiver-support/top-10-caregiver-tips-for-staying-healthy-and-active