သက်ကြီးရွယ်အိုများတွင် အာဟာရချို့တဲ့မှုကို မည်သို့ရှာဖွေကာကွယ်မည်နည်း

ကျွန်ုပ်တို့သည် အသက်အရွယ်ရလာသည်နှင့်အမျှ ကယ်လိုရီနည်းရန်လိုအပ်သော်လည်း ပရိုတင်းနှင့် အခြားမရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပိုလိုအပ်ပါသည်။ ပရိုတင်းဓာတ်၊ စစ်မှန်သောအစားအစာများနှင့် ဟင်းသီးဟင်းရွက်များကြွယ်ဝစွာပါဝင်သည့် မျှတသောအစားအစာများသည် ရုပ်ပိုင်းဆိုင်ရာအကျိုးပြုရုံသာမက လူကြီးများ၏ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုပါသည်။ သို့သော်လည်း အာဟာရချို့တဲ့မှုသည် သက်ကြီးရွယ်အိုများ အားနည်းခြင်းကို ဖြစ်စေသော အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပါသည်။ မည်သည့်အရာကို ဂရုတစိုက်ကြည့်ရှုရမည်။ သင်မည်သို့ကူညီနိုင်သည်ကို လေ့လာပြီး ကြိုတင်ကာကွယ်အစီအမံများကို ပြုလုပ်ကျင့်သုံးပါ။

မည်သည့်အရာကို သတိထားရမည်နည်း။

အာဟာရချို့တဲ့ခြင်းသည် ကိုယ်ခံအားစနစ်အားနည်းခြင်း၊ ဒဏ်ရာမှပြန်လည်ကောင်းမွန်မှုအားနည်းခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် အင်အားချိနဲ့ခြင်းတို့ဖြစ်စေနိုင်သည်။ အာဟာရချို့တဲ့မှုကို ဖော်ထုတ်ရန်မှာ မလွယ်ကူပါ။ ၎င်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာ ဖြစ်ပွားနိုင်သည်။ ချစ်ရသူတစ်ဦး အာဟာရချို့တဲ့မှု ရှိနေကြောင်း ပထမဆုံးနှင့် အဓိကအချက်ပြမှုမှာ ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းဖြစ်သည်။ သို့သော် အခြားပို၍သေးငယ်သောလက္ခဏာများကို စုစည်းဖော်ပြထားပါသည်။

  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အဖြူရောင်သန်းခြင်း၊ ပိန်ခြင်း နှင့် အသားအရည်အေးစက်ခြင်း
  • သက်လုံအားနည်းခြင်း
  • ထူးထူးခြားခြားစိတ်တိုခြင်း
  • စိတ်ဓာတ်ကျခြင်း
  • အစာစားချင်စိတ်မရှိခြင်း သို့မဟုတ် သင့်တော်သော အစားအစားများကို စားသုံးရန်စိတ်မဝင်စားခြင်း
  • ဝါးခြင်းနှင့် မျိုချခြင်းတွင် ပြဿနာများရှိခြင်း
  • အမြဲနာကျင်နေခြင်း
  • မကြာခဏဖျားနာပြီး ပြန်လည်နာလန်ထူရန်နှေးကွေးခြင်း
  • ကြွက်သားများအားနည်းခြင်းကြောင့်မကြာခဏပြုတ်ကျခြင်း

သင်ချစ်ခင်ရသူတစ်ဦးဦး၌ ဤရောဂါလက္ခဏာတစ်ခုခု (သို့မဟုတ်) ပေါင်းစပ်မှုတွေ့ပါက စောစီးစွာ လုပ်ဆောင်ခြင်းသည် ဘဝတစ်လျှောက်လုံး ပိုမိုမြင့်မားသော အရည်အသွေးကို မြှင့်တင်ပေးပါလိမ့်မည်။

အာဟာရချို့တဲ့မှုအတွက်မည်သည့်အရာများသည် အထောက်အကူပြုနိုင်သလဲ။

ရောဂါလက္ခဏာများကိုကြည့်ပြီး ၎င်းတို့ကိုကုသခြင်းသည် ချက်ချင်းပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် ထိုလက္ခဏာများကို ဖြစ်စေသောအချက်များကို ဂရုစိုက်ခြင်းသည် မဖြစ်မနေလိုအပ်သည်။ အာဟာရချို့တဲ့မှုသည် အကြောင်းအရာ တစ်ခုတည်းကြောင့်မဟုတ်ပဲ၊ ပေါင်းစပ်ခြင်းကြောင့် ၎င်းကို အထောက်အကူဖြစ်စေသော ဘုံအချက်များဖြစ်သည်။

  • အသက်အရွယ်ကြီးရင့်ခြင်း
  • နာတာရှည်ဖျားနာခြင်း
  • ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းခြင်း
  • ဆေးဝါး
  • ပစ္စည်းအလွှဲသုံးစားလုပ်ခြင်း
  • အရသာဘုများပြောင်းလဲလာခြင်း
  • အခြားရောဂါများကြောင့်အစားအစာများကန့်သတ်ထားခြင်း
  • ခံတွင်းကျန်းမာရေးအားနည်းခြင်း
  • ရောဂါလက္ခဏာရှာဖွေခြင်း (သို့မဟုတ်) ရောဂါလက္ခဏာမပြသောစိတ်ကျရောဂါ
  • ဦးနှောက်ထိခိုက်ခြင်း

အာဟာရချို့တဲ့မှုကို ကာကွယ်ရန်အကြံပေးချက်များ

အာဟာရချို့တဲ့မှုကို တန်ပြန်ရန်သိသာထင်ရှားသည့်နည်းလမ်းမှာ အစားအစာဖြစ်သည်။ သို့သော် သင်သည်စောင့်ရှောက်သူတစ်ဦးအနေနှင့်ဤအရာများကို ဆက်လက်လုပ်ဆောင်သင့်သည်။

ကျွမ်းကျင်ပညာရှင်၏အကြံဉာဏ်ကိုရယူပါ။– သင်သည်သင်၏ချစ်ရသူအကြောင်းကို အကောင်းဆုံးသိသူတစ်ဦး ဖြစ်သည်။ သို့သော် ကျွမ်းကျင်သောဆေးဖက်ဆိုင်ရာရောဂါရှာဖွေခြင်းသည် သင့်အားပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် ကူညီပေးလိမ့်မည်။ အရေးကြီးသည့်ဆုံးဖြတ်ချက်များမချခင်တွင် ကျွမ်းကျင်သူတစ်ယောက်၏ အကြံဉာဏ်များ ရယူခြင်းသည် ဒဏ်ဖြစ်ခြင်းကိုလျှော့ချပေးပြီး ဖြေရှင်းချက်များကို ထိရောက်အောင်ကူညီပေးပါသည်။

ဆေးဝါး –  ၎င်းတို့၏ဘေးထွက်ဆိုးကျိုးတစ်ခုစီကို လေ့လာပါ။ အချို့သောဆေးဝါးများသည် အရသာနှင့်အစာစားချင်စိတ်ကို ထိခိုက်စေနိုင်သဖြင့် အစာစားချင်စိတ်ပြောင်းလဲမှုသည် မည်သည့်ဆေးဝါးများနှင့် ဆက်စပ်မှုရှိသနည်း။

ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ – အချိန်နှင့်အမျှ၎င်းတို့၏ ကိုယ်အလေးချိန်ကို မှတ်တမ်းတင်ထားပါ။ ၎င်းသည် သက်ကြီးရွယ်အိုတစ်ဦးနှင့်တစ်ဦး ကွဲပြားပါလိမ့်မည်။ အလွယ်ဆုံးနည်းလမ်းမှာ သူတို့၏ အကြိုက်ဆုံးအဝတ်အစားများ မည်သို့လိုက်ဖက်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း – လမ်းလျှောက်ခြင်းမှ ခွန်အားလေ့ကျင့်မှု အထိ ရုပ်ပိုင်းဆိုင်ရာကုထုံးများသည် သက်ကြီးရွယ်အိုများအတွက် သက်လုံကောင်းကောင်းနှင့် ရွေ့လျားခြင်းများပေးစွမ်းနိုင်ပြီး အစာစားချင်စိတ်ကို မြင့်တက်စေသည်။

အာဟာရကြွယ်ဝသောအစားအစာများ – အပြင်ထွက်စားခြင်း (သို့မဟုတ်) အခြားသူများနှင့်အတူ အစားအစာများစားခြင်း၊ ၎င်းတို့တွင်လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီမပါသောအသားများ နှင့် ပြုပြင်မှု နည်းသောအစေ့အဆန်များပါဝင်ကြောင်းသေချာပါစေ။ ချက်ပြုတ်နည်းများ (သို့မဟုတ်) ချက်ပြုနည်းကိုပုံစံအမျိုးမျိုးပြောင်းလဲပြီး ထမင်းကြီးစားသောက်ချိန်များအကြားတွင် အာဟာရပြည့်ဝပြီး ကျန်းမာသောအစာပြေများ ကျွေးရန်အတွက်အစီအစဉ်အတွင်ထည့်ဆွဲပါ။ သင့်တွင်အကူအညီများပိုမိုလိုအပ်သည်ကို ခံစားနေရပါက အာဟာဖြည့်စွက်စာများကို ရွေးချယ်စရာတစ်ခုအနေနှင့်တွေ့မြင်နိုင်သည်။ Ensure ကဲ့သို့သော ဖြည့်စွက်အာဟာရများသည် အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းရန် နှစ်ပေါင်းမျာစွာသုတေသန ပြုလုပ်ထားပြီး နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်အောင် အထူးဖော်စပ်ထုတ်လုပ်ထားပါသည်။

References:

  1. https://www.uewhealth.com/warning-signs-malnutrition-elderly/
  2. https://www.prestige-nursing.co.uk/diet/elderly-malnutrition/
  3. https://www.mayoclinic.org/healthy-lifestyle/caregivers/in-depth/senior-health/art-20044699
  4. https://abbottfamily.com.sg/brands/ensure/range