သက်ကြီးပိုင်းများ ကိုယ်ခံအားကောင်းမွန်စေဖို့

ကိုယ်ခံအားကောင်းတယ်ဆိုတာဘာလဲ။ ကိုယ်ခံအားကောင်းခြင်းဆိုသည်မှာ ကူးစက်ရောဂါများ အဆိပ်တောက်များကို ခန္ဓာကိုယ်တွင်းရှိ ပဋိပစ္စည်း (သို့) သွေးဖြူဥများက တိုက်ထုတ်ခြင်းကြောင့် ခံနိုင်ရည်ရှိခြင်းကိုဆိုလိုပါသည်။ ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်တွင်းရှိ တစ်သျှုးများ၊ ကိုယ်တွင်းအင်္ဂါများ၊ အရေပြား၊ သွေးဖြူဥ၊ ရိုးတွင်းခြင်ဆီ၊ သွေးရည်ကြည်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ပူးပေါင်းလုပ်ဆောင်ခြင်းမှ ဖြစ်ပေါ်လာသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကိုယ်ခံအားစနစ်သည် ပိုမိုထွေပြားလာပြီး သက်ကြီးပိုင်းရောက်ပါက ကိုယ်ခံအားစနစ်သည် အကျပိုင်းသို့ရောက်ရှိလာသည်။ သက်ကြီးပိုင်းများအနေနှင့် ကိုယ်ခံအားတုံ့ပြန်မှုစနစ်ကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်သောကြောင့် ထိုသို့ဖြစ်မည်ဟု ယတိပြတ်မဆိုနိုင်ပါ။ ယခုလို ထိန်းသိမ်းကာကွယ်နိုင်သည့် နည်းလမ်းများမှ တစ်နည်းမှာ အာဟာရဓာတ်များမှ တစ်ဆင့်ဖြစ်သည်။

သက်ကြီးပိုင်းများ၏ ကိုယ်ခံစွမ်းအားကို Antioxidant ဖြင့် မြှင့်တင်ခြင်း

Antioxidant သည် ဓာတ်တိုးခြင်းကိုဟန့်တားပေးသော ဒြပ်ပေါင်းဖြစ်ပြီး ဤဒြပ်ပေါင်းသည် လူတစ်ဦး၏ နေထိုင်မှုပုံစံနှင့် အစားအသောက်ကြောင့် ဆဲလ်များထိခိုက်ခြင်းကို  နှေးကွေးစေသည်။ အတွေ့အများဆုံး antioxidant များမှာ အစားအစာများမှ တစ်ဆင့်ရရှိသည့် ဗီတာမင် စီ၊ ဗီတာမင် အီးနှင့် ဆီလီနီယမ်တို့ဖြစ်ပြီး ၎င်းတို့သည် သက်ကြီးပိုင်းခန္ဓာကိုယ် ကိုယ်ခံအားစနစ်မှ ရောဂါပိုး များကို ခုခံနေစဉ် ဆဲလ်ထိခိုက်မှုများကို ကာကွယ်ပေးသည်။ အချုပ်အားဖြင့်ဆိုသော် ထိုဒြပ်ပေါင်းသည် သက်ကြီးပိုင်းများကို ဒဏ်ရာများ မြန်မြန်သက်သာစေခြင်းနှင့် အခြားရောဂါများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ သင်သည် သက်ကြီးပိုင်းတစ်ယောက် (သို့) သက်ကြီးပိုင်းတစ်ယောက်ကို ပြုစုနေသည် ဆိုပါက အစားအစာများတွင် အာဟာရဖြည့် စီရီရယ်များ၊ နေကြာစေ့၊ ဗာဒံစေ့၊ ဟင်းသီးဟင်းရွက်ဆီစစ်စစ်ကို ချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ဟေဇယ်သီး၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ အနီရောင် ဂေါ်ဖီ နှင့် အခြားသောပဲအမျိုးမျိုးကို ထည့်သွင်းပါ။

သက်ကြီးပိုင်းများ၏ ကိုယ်ခံစွမ်းအားကို ကိုယ်လက်လှုပ်ရှားခြင်းဖြင့် မြှင့်တင်ခြင်း

“ကောင်းမွန်သော အာဟာရဓာတ်နှင့် ကိုယ်လက်လှုပ်ရှားခြင်းသည် ခန္ဓာကိုယ်အတွက် အံ့ဩဖွယ်များကို စွမ်းဆောင်ပေးနိုင်သည်” ဟူသော အချက်သည် ကျန်းမာသော လူနေမှုပုံစံအတွက် အသက်အရွယ်မရွေး သင့်လျော်သည်။ ထိုနှစ်မျိုးမှ တစ်မျိုးတည်းနှင့်သာဆိုလျှင်တော့ လုံလောက်စွာ ထိရောက်မှုရှိမည်မဟုတ်ပါ။ အာဟာရဓာတ်များကို စားသုံးပြီးပါက ထိုအာဟာရဓာတ်များကို တစ်နေရာတွင် ပြန်လည် အသုံးပြုရန် လိုအပ်ပါသည်။ ထို့အပြင် သွေးလည်ပတ်မှုကောင်းမွန်စေခြင်းဖြင့် ဆဲလ်များကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အဆစ်အမြစ်များရောင်ရမ်းခြင်းကို လျော့ကျစေခြင်း နှင့် ပဋိပစ္စည်းများကိုလည်း ပိုမိုအားကောင်းစေသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် လေကိုဆက်တိုက် ရှူသွင်း၊ ရှူထုတ် ခြင်းသည် အဆုတ်နှင့် လေပြွန်အတွင်းမှ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပါတယ်။ Antioxidant ကြွယ်ဝသော ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ သင့်တင့်စွာစားသုံးခြင်းသည်လည်း လေ့ကျင့်ခန်းလုပ်ရန်အတွက် ခွန်အားများများရှိစေမည်။ လေ့ကျင့်ခန်းကောင်းကောင်းလုပ်ခြင်းဖြင့် သင့်နေထိုင်မှု ပိုမိုကောင်းမွန်လာမည်မှာ အမှန်ပင်။

သက်ကြီးပိုင်းများ ကိုယ်ခံအားကောင်းစေဖို့ Ensure ကဘယ်လိုကူညီပေးနိုင်လဲ

Ensure သည် အရွယ်ရောက်ပြီးသူများအတွက် လက်တွေ့လေ့လာမှုပေါင်း ၃၀ ကျော်ပြုလုပ်ထားသည့် ဖော်မြူလာများဖြင့် ထုတ်လုပ်ထားသည့် အာဟာရဖြည့်စွက်စာဖြစ်သည်။ အများအပြားလိုအပ်သော အာဟာရ (macronutrients) အနည်းငယ်လိုအပ်သောအာဟာရ (micronutrients) တို့ကို မျှတစွာ ထည့်သွင်းထားပြီး  ကျန်းမာရေးကောင်းမွန်စေရန်နှင့် ကိုယ်ခံအား ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါသည်။ သင် (သို့) သင်စောင့်ရှောက်နေသော သက်ကြီးပိုင်းတစ်ယောက်က အလုံးစုံ အာဟာရဓာတ်လိုအပ်နေပါက Ensure သည် ဖြည့်စွက်စာအဖြစ် ကူညီပေးနိုင်ပါသည်။ ကျန်းမာရေး ဖျော်ရည်များ၊ အစားအစာများတွင် အာဟာရဖြည့်ရန် ထည့်သွင်းခြင်း၊ သို့မဟုတ် နို့နွေးနွေးတစ်ခွက်အနေဖြင့်လည်း သောက်သုံးနိုင်သည်။ ကိုယ်ခံအားစနစ်အတွက် အဓိက အာဟာရဓာတ်များဖြစ်သော ပရိုတင်း၊ ဗီတာမင် အေ၊ ဇင့်  နှင့် antioxidants များဖြင့် ဖော်စပ်ထားပါသည်။

 Reference(s):

    1. https://www.ensure.com.au/nutrition-and-you/boost-your-immunity-with-antioxidants
    2. https://www.healthdirect.gov.au/immune-system
    3. https://www.eatright.org/health/wellness/preventing-illness/support-your-health-with-nutrition
    4. https://www.ensure.com.au/tips-and-advice/nutrition-and-fitness-go-hand-in-hand