HMB သည် သက်ကြီးရွယ်အိုများ၏ သန်စွမ်းမှုကို မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။
![]() |
HMB သည် သက်ကြီးရွယ်အိုများ၏ သန်စွမ်းမှုကို မည်သို့အကျိုးသက်ရောက်မှုရှိသနည်း။
သက်ကြီးပိုင်းရောက်လာသောအခါလူကြီးများသည် ကြွက်သားထုများဆုံးရှုံးကြရသည်။ အသက် (၄၀) အရွယ်တွင် လူတစ်ယောက်သည် ဆယ်စုနှစ်တစ်ခုစီတွင် ကြွက်သား ၈ ရာခိုင်နှုန်းအထိလျော့ကျသွားသည်။ အသက် (၇၀) ရောက်သောအခါ ကြွက်သားဆုံးရှုံးမှုသည် ၁၅ ရာခိုင်နှုန်းအထိတက်သွားပြီး နှစ်ဆနီးပါးရှိလာသည်။ အသက်အရွယ်နှင့် ဆက်စပ်သော ကြွက်သားဆုံးရှုံးမှုကို Sarcopenia ဟုလည်းခေါ်သည်။ ကြွက်သားဆုံးရှုံးမှု ကြောင့် ချော်လဲခြင်း၊ အရိုးကျိုးခြင်း၊ သူနာပြုခေါ်ထားရခြင်း၊ သန်စွမ်းမှုအားနည်းလာခြင်းနှင့် နောက်ဆုံးတွင် အသက်ဆုံးရှုံးမှု အထိဖြစ်နိုင်ပါသည်။ အဓိက ပြဿနာမှာ ကြွက်သားများ၏ အရေးပါမှုကို ကြွက်သားဆုံးရှုံးမှု ဖြစ်မှသတိထားမိကြသည်။
ကြွက်သားများသည် ခန္ဓာကိုယ်၏လှုပ်ရှားမှု၊ ဟန်ချက်ညီမှုနှင့် ကိုယ်ဟန်အနေအထားအပြင် လူ၏ဇီဝဖြစ်စဉ်နှင့် မျက်နှာဖွဲ့စည်းပုံတို့တွင် အဓိကကျသည်။ကျွန်ုပ်တို့၏ကြွက်သားများသည် ခွန်အားနှင့် စွမ်းအင်၏ အရေးပါသော အရင်းအမြစ်ဖြစ်သည်။
သတင်းကောင်းမှာ အိုမင်းခြင်းနှင့် ကြွက်သားများဆုံးရှုံးခြင်းသည် သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း လေ့ကျင့်ခန်းလုပ်ခြင်း၊ မှန်ကန်သော အစာအာဟာရနှင့် HMB (သို့မဟုတ်) Beta – Hydroxy beta-methyl butyrate ကိုရှာဖွေတွေ့ရှိခြင်းကြောင့် အိုမင်းခြင်းနှင့် ကြွက်သားများဆုံးရှုံးခြင်းမှာ နှေးကွေးသွားခြင်း (သို့) ပြောင်းပြန်ဖြစ်သွားနိုင်သည်။ HMB သည် အာဟာရဆိုင်ရာဓါတ်ပစ္စည်း ဖြစ်ပြီး ကြွက်သားထုထည်ကို ကာကွယ်ပေးခြင်းနှင့် တည်ဆောက်ပေးခြင်းတို့တွင် ကူညီပေးသည်။
ဒါကြောင့် HMB ဆိုတာကဘာလဲ၊အထူးသဖြင့်လူကြီးများ၏ ကြွက်သားထုအတွက် ဘာကြောင့် အရေးပါသလဲ?
ရိုးရှင်းစွာပြောရမည်ဆိုရင် HMB သည်သက်ကြီးရွယ်အိုလူကြီးများ အထူးသဖြင့် အသက် (၆၅) နှစ်ကျော်သော သက်ကြီးရွယ်အိုများ၏ ကြွက်သားများကို တိုးပွားစေပြီး ကြွက်သားများကို ထိန်းသိမ်းပေးပါသည်။ ၄င်း HMB သည် Leucine ဟုခေါ်သည့် အမိုင်နိုအက်စစ်မှ ဆင်းသက်လာပြီး ကြွက်သားများ၏ ထုထည်ကို မြှင့်တင်ပေးခြင်း၊ ကြွက်သားဆုံးရှုံးမှု ကာကွယ်ပေးခြင်းနှင့် ကြွက်သားများ၏လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်ဆောင်ရွက်ပေးပါသည်။
ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများမှ Leucine ဓာတ်ကို ဖြိုခွဲလိုက်သောအခါ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် HMB ကို ထုတ်လုပ်ပေးပါသည်။ အားလုံးသိထားကြသည့်အတိုင်း ခန္ဓာကိုယ်သည် ပရိုတင်းမှ ကြွက်သားများကို တည်ဆောက်ကြပါသည်။ သို့သော်ကြွက်သားတည်ဆောက်ခြင်းဖြစ်စဥ်ကို ထောက်ပံ့ပေးသည့် အခြားအရာမှာ HMB ဖြစ်သည်။ HMB သည် ကြွက်သားပရိုတင်းများ စုစည်းမှုကို ဖြစ်ပေါ်စေသည်။ အရည်အသွေးမြင့်သော ပရိုတင်းနှင့် ပေါင်းစပ်လိုက်သောအခါ HMB သည် ကြွက်သားထုကို ကာကွယ်ရန်နှင့် တည်ဆောက်ရန် များစွာ ကူညီပေးပါသည်။ ထို့အပြင် HMB သည် ကိုယ်ခန္ဓာရှိ ရှိပြီးသားကြွက်သားဆဲလ်များ အထူးသဖြင့် ခန္ဓာကိုယ်၏ ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော ကြွက်သားဆုံးရှုံးမှုတို့ကို ထိန်းသိမ်းပေးပါသည်။
HMB ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို လုပ်ဆောင်ပေးသော အဖွဲ့အစည်းများက နှစ်ပေါင်းများစွာထဲကသိခဲ့သည်။ သို့သော်မကြာသေးမီက သိပ္ပံနည်းကျလေ့လာမှုများအရ HMB သည် သက်ကြီးရွယ်အိုများ၏ အင်အားကိုထောက်ပံ့ပေးခြင်းဖြင့် အသက် (၅၀) ရောက်သည့်တိုင် ၄င်းတို့၏ ကြွက်သားများကို ထိန်းသိမ်းရန် ကြီးမားသော အကျိုးကျေးဇူးရှိကြောင်း ပြသခဲ့ပါသည်။ HMB၏ သက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီး အသိအမှတ်ပြုစာတမ်းများ ရရှိခဲ့ပါသည်။
Sources & References:
https://www.lifeextension.com/magazine/2018/11/prevent-muscle-loss-and-frailty
https://www.vir.com.vn/the-power-of-hmb-in-preventing-muscle-loss-of-the-elderly-60348.html