ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်
![]() |
ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်
တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ရောဂါတွေကလည်း ဆန်းပြားလာကြတယ်။ ကာကွယ်ကုသလို့ရတဲ့ ရောဂါတွေရော၊ ကာကွယ်ကုသဖို့ မဖြစ်နိုင်တဲ့ရောဂါတွေရောပေါ့။ ဒီရောဂါတွေထဲမှာ လူတစ်ဦးကနေတစ်ဦးကို အလွယ်တကူ လျင်လျင်မြန်မြန် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ပါဝင်နေတယ်။ ဒီရောဂါတွေကို လူငယ်တွေက ခံနိုင်ရည်ရှိနေပေမယ့် ကိုယ်တွေကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပျိုးထောင်လာပေးခဲ့တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကတော့ ဒီရောဂါတွေကို ခံနိုင်ရည်နည်းနေပါပြီ။
ငယ်တုန်းက ကိုယ်တွေကို သူတို့က စောင့်ရှောက်ပျိုးထောင်ခဲ့တယ်။ ခုချိန်မှာ ကိုယ်တွေက သူတို့ကို စောင့်ရှောက်ပြုစုပေးရမယ့်အချိန်ပါ။ ဒီတော့ ချစ်ရသူတွေကို ကျန်းမာပျော်ရွှင်နေစေဖို့ ဘာတွေ ဂရုစိုက်ပေးကြမလဲ……….
ကူးစက်နိုင်တဲ့ရောဂါတွေက များသလား ……….
ကူးစက်နိုင်တဲ့ရောဂါတွေက များသလို ကူးစက်မှုနည်းလမ်းတွေကလည်း အမျိုးစုံပါပဲ။ ချွေးကနေတဆင့်ကူးတယ်။ လေထဲကနေတဆင့်ကူးတယ်။ ထိတွေ့မှုကနေတဆင့် ကူးတယ်။ နှာချေ၊ ချောင်းဆိုးရာကနေထွက်လာတဲ့ တံထွေး၊ချွဲအစအနတွေကနေ ကူးတယ်။ သွေးကဲ့သို့ခန္ဓာကိုယ်ကနေထွက်တဲ့ အရည်တွေကနေတဆင့် ကူးတယ်။ သွေးချင်းထိမိရာကတဆင့် ကူးတယ်။
ကူးစက်ရောဂါတွေရန်ကနေ ချစ်ခင်ရသူတွေကို ဘယ်လိုကာကွယ်မလဲ……….
ကူးစက်ရောဂါတွေမှာ သေချာကုရင် သက်သာတဲ့ရောဂါတွေရှိသလို အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့ရောဂါတွေလည်းရှိနေပါတယ်။ ဒီတော့ အကောင်းဆုံးက မဖြစ်ခင်က ကြိုတင်ကာကွယ်တာပေါ့။ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုတော့ တူတူဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ရအောင်နော်။
ခဏခဏ လက်ဆေးဖို့ပြောပေးပါ။
လက်က ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့နေရာပါ။ ဒီလက်နဲ့ပဲအရာရာကို ကိုင်တွယ်တယ်၊ အစားစားတော့လည်း ဒီလက်ပဲ။ မျက်နှာကိုင်တာလည်း ဒီလက်ပဲဆိုတော့ ရောဂါပိုးတွေ မကူးစက်စေဖို့ဆိုရင် လက်သန့်ရှင်းရေးက မဖြစ်မနေဂရုစိုက်ရပါမယ်။ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်း၊ အစားမစားခင်နဲ့ အပြင်ကနေ ပြန်လာတိုင်းမှာ ရေနဲ့ဆပ်ပြာသုံးပြီး လက်ဆေးပေးပါ။
အာဟာရပြည့်ဝအောင် ပြင်ဆင်ပါ။
အာဟာရပြည့်မှ ကိုယ်ခံအားကောင်းပြီး ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တို့ ပြည့်ဝလုံလောက်စွာ ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒါကြောင့် အသား၊ ငါး၊ ထမင်း၊ အသီးအရွက်တွေ ပြည့်စုံအောင်ကျွေးပါ။
တကယ်လို့ အစားမစားချင်ဘူး။ သိပ်မစားနိုင်ဘူးဆိုခဲ့ရင် လုံလောက်တဲ့ အာဟာရပြည့်ဝစေဖို့ ဖြည့်စွက်အာဟာရတွေ တိုက်ကျွေးပေးလို့ရပါတယ်။ အာဟာရပြည့်ဝနေမှုက ကူးစက်ရောဂါတွေကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
ရေသောက်ဖို့ သတိပေးပါ။
အသက်ကြီးလာတာနဲ့အမျှ ရေသောက်နည်းလာကြပါတယ်။ ရေဓာတ်ပြည့်ဝမှ ကိုယ်ခံအားကောင်းစေမှာဆိုတော့ မိဘ ဖိုးဖွားတွေကို ရေလုံလောက်စွာ သောက်မိစေဖို့ ဂရုပြုပါ။ လက်လှမ်းမီတဲ့နေရာမှာ ရေဘူးလေးထားပေးတာမျိုး ရေသောက်ပါဦးဆိုပြီး သတိတရ ထည့်ပေးတာမျိုးပေါ့။
အိပ်ရေးဝပါစေ။
အသက်ကြီးလာတဲ့အခါ အိပ်စက်ချိန်က နည်းလာပါတယ်။ ဒီလို အိပ်ချိန်လိုအပ်ချက်က ရေရှည်မှာ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညစဉ် အိပ်ချိန် အနည်းဆုံး ၆ နာရီ ရှိအောင်ထားပေးပါ။
တူတူကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
နေ့စဉ် မိဘတွေ ဖိုးဖိုးဖွားဖွားတွေနဲ့အတူ ၁၅ မိနစ်လောက်ဖြစ်ဖြစ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ လမ်းအတူတူလျှောက်တာဖြစ်ဖြစ်၊ ယောဂလေ့ကျင့်တာဖြစ်ဖြစ်ပေါ့။
မလိုအပ်ဘဲ ဆေးရုံဆေးခန်း မသွားပါနဲ့။
ရောဂါတွေကို သက်သာအောင် ကုသမှုပေးနေတဲ့ ဆေးရုံဆေးခန်းတွေက ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့နေရာပါ။ ဒါကြောင့် မဖြစ်မနေမဟုတ်ရင် ဆေးရုံ ဆေးခန်းတွေကို မသွားပါနဲ့။
လိုအပ်တာတွေ ဝယ်ထားပေးပါ။
စားစရာကစလို့ ဆေးဝါး အသုံးအဆောင်အားလုံးကို လူကြီးတွေကို ကိုယ်တိုင်ဝယ်စေတာမျိုး မလုပ်ဘဲ မိမိကသွားဝယ်ပေးထားပါ။ လူစုလူဝေးကို ရှောင်ကြဉ်တာက ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချနည်းတစ်ခုပါပဲ။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ။
ကျန်းမာစေဖို့ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ဒါကြောင့် ခြေသည်းလက်သည်းညှပ်ပေးတာ ကစလို့ ခေါင်းလျှော်၊ရေချိုးတာအထိ သေချာလေး ဂရုစိုက်ပြီး ပုံမှန် လုပ်ပေးပါ။
နေအိမ်ကို သန့်ရှင်းရေးပုံမှန်လုပ်ပါ။
နေအိမ်မှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တဲ့နေရာတွေက တစ်ခုမကရှိနေပါတယ်။ ဒီတော့နေ့စဉ် နေအိမ်ကို သန့်ရှင်းပေးတာ တစ်ပတ်တစ်ခါလောက် ပိုးသတ်သန့်စင်တာမျိုးတွေ ပုံမှန်လုပ်ပေးပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်းတွေကိုပါ ပုံမှန်လဲပေးဖို့ မမေ့ပါနဲ့။
ကာကွယ်ဆေးထိုးပေးပါ။
ကလေးတွေမှာ ကာကွယ်ဆေးထိုးရတာ မဟုတ်ပါဘူး၊ လူကြီးတွေမှာလည်း ကာကွယ်ဆေးထိုးဖို့လိုအပ်တဲ့ အခြေအနေတွေရှိပါတယ်။ လူကြီးတွေကိုလည်း ကြိုတင်ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေးနဲ့ အသည်းရောင်အသားဝါကာကွယ်ဆေးကို ကြိုထိုးသင့်ပါတယ်။ မလိုအပ်တဲ့ဖျားနာခြင်းတွေ မဖြစ်အောင် ကာကွယ်ဆေးကို ကြိုကြိုတင်တင်ထိုးထားဖို့ အရေးကြီးပါတယ်။
ကဲ…. အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးလို့ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ တူတူ ကာကွယ်လိုက်ကြစို့လား…….
Ref:
Guide To Caring For Elderly Parents https://www.aginginplace.org/a-guide-to-caring-for-elderly-parents/ Accessed Date 22 April 2020
Family Caregiver Tips: Infection Risks and Prevention for the Elderly https://www.redi-nurse.com/family-caregiver-tips-infection-risks-and-prevention-for-the-elderly Accessed Date 22 April 2020
Coronavirus and COVID-19: Caregiving for the Elderly https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-caregiving-for-the-elderly Accessed Date 22 April 2020
Coronavirus and older people: 6 tips for families https://www.weforum.org/agenda/2020/03/coronavirus-how-can-i-look-after-older-relatives/ Accessed Date 22 April 2020
I’m amazed, I must say. Rarely do I encounter a blog that’s both equally educative and entertaining, and without a doubt, you’ve hit the nail on the head. The issue is something which not enough people are speaking intelligently about. I am very happy that I came across this in my hunt for something concerning this.|
Howdy just wanted to give you a brief heads up and let you know a few of the images aren’t loading properly. I’m not sure why but I think its a linking issue. I’ve tried it in two different internet browsers and both show the same outcome.|
Having read this I thought it was rather informative. I appreciate you finding the time and effort to put this article together. I once again find myself personally spending a lot of time both reading and posting comments. But so what, it was still worth it!|
When I initially commented I clicked the “Notify me when new comments are added” checkbox and now each time a comment is added I get three emails with the same comment. Is there any way you can remove people from that service? Thank you!|
excellent submit, very informative. I wonder why the other specialists of this sector do not understand this. You must continue your writing. I’m sure, you have a great readers’ base already!|
Nice blog right here! Also your web site so much up fast! What host are you the use of? Can I get your associate link in your host? I wish my web site loaded up as fast as yours lol|
My partner and I stumbled over here coming from a different web page and thought I might as well check things out. I like what I see so now i’m following you. Look forward to looking over your web page repeatedly.|
Hey there would you mind stating which blog platform you’re working with? I’m looking to start my own blog soon but I’m having a hard time making a decision between BlogEngine/Wordpress/B2evolution and Drupal. The reason I ask is because your layout seems different then most blogs and I’m looking for something completely unique. P.S My apologies for being off-topic but I had to ask!|
I absolutely love your blog and find many of your post’s to be just what I’m looking for. Does one offer guest writers to write content available for you? I wouldn’t mind writing a post or elaborating on a few of the subjects you write regarding here. Again, awesome web log!|
Hi to all, how is everything, I think every one is getting more from this web page, and your views are pleasant for new viewers.|
Hi there to all, how is everything, I think every one is getting more from this web site, and your views are fastidious for new people.|