ကြွက်သားကျန်းမာ‌ရေးအလွန် HMB နှင် ပရိုတင်း အကျိုးကျေးဇူးများ

တကယ်တော့ သင့်ရဲ့ဦးနှောက်က ကြွက်သားတစ်ခုမဟုတ်ပေမယ့်လည်း လူတစ်ကိုယ်လုံး လှုပ်ရှားလည်ပတ်နိုင်ဖို့ရာ သင်အသုံးပြုရတဲ့ ကြွက်သားတိုင်းကို ထိန်းချုပ်ပေးထားပါတယ်။ သင့်ရဲ့ဦးနှောက်နဲ့ ကြွက်သားဆိုင်ရာစနစ် နှစ်ခုစလုံးကို ကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းက သင် အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အာရုံကြောလုပ်ငန်းစဉ်တွေကို ကူညီပေးပါလိမ့်မယ်။ (ကြွက်သား အားနည်းခြင်းနဲ့ ဆုံးရှုံးခြင်းတွေက အသက်အရွယ်ရင့်ကျက်လာခြင်းရဲ့ လက္ခဏာတွေပါ) ပြီးတော့ ဘယ်အာဟာရက ကြွက်သားတွေအတွက် အရေးအကြီးဆုံးလဲ… ပရိုတင်းပါ၊ ပရိုတင်းကို သင့်ခန္ဓာကိုယ်က လိုအပ်သလောက် ရရှိနိုင်ဖို့ ကောင်းမွန်တဲ့ အစားအစာအရင်းအမြစ်တွေကို သုံးဆောင်ဖို့ လိုအပ်ပါတယ်။ 1, 6 (အစားအစာနဲ့ Ensure Gold ကဲ့သို့သော အာဟာရဖြည့်စွက်စာများမှတဆင့် ရရှိနိုင်ပါတယ်)

 

အခြားအာဟာရများက HMB ရဲ့ အကျိုးကျေးဇူးတွေကို မြှင့်တင်ဖို့အတွက် ဘယ်လိုကူညီပေးနိုင်မလဲ

HMB ရဲ့ အကျိုးကျေးဇူးတွေကို အမြင့်ဆုံးရရှိနိုင်ဖို့အတွက် သင့်မှာ အခြားအာဟာရများ အများအပြားရှိနေဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ဟာ အရိုးကြံ့ခိုင်မှုနဲ့ ကြွက်သားလုပ်ဆောင်မှုတို့အတွက် ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရက် စုပ်ယူမှုမှာ မရှိမဖြစ်လိုအပ်တာကြောင့် HMB ထိရောက်မှုအတွက် ကူညီပေးနိုင်တဲ့ အာဟာရတစ်ခုပါ။ HMB က ကြွက်သားပရိုတင်းပေါင်းစပ်မှုကို လှုံဆော်ပေးပေမယ့်လည်း ဗီတာမင် D3 ကဲ့သို့သော ဗီတာမင် D ဟာ ပျက်စီးသွားတဲ့ ကြွက်သားတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးဖို့အတွက် ကူညီပါတယ်။ 3, 4 နောက်ထပ် အရေးကြီးတဲ့ အာဟာရကတော့ ဗီတာမင် B12 ပါ။ ဦးနှောက်က အာရုံကြောလုပ်ငန်းစဉ်တွေအတွက် အရေးကြီးတာကြောင့် ဦးနှောက်ရဲ့ထိပ်ပိုင်း ပုံသဏ္ဍာန်ကို ထိန်းသိမ်းပေးတဲ့ ဦးနှောက် ဆဲလ်ထုတ်လုပ်မှုကို ကူညီပေးနိုင်တဲ့ ဗီတာမင် B12 က အရေးကြီးခြင်းပဲဖြစ်ပါတယ်။ ကြွက်သား ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ပေးဖို့အတွက် ကြွက်သားများဆီ အောက်ဆီဂျင်ရရှိဖို့ရာ အရေးကြီးတဲ့ သွေးနီဥ ဆဲလ်ထုတ်လုပ်မှုကို ဗီတာမင် B12 က ကူညီပါတယ်။ HMB က ကြွက်သားပရိုတင်းပေါင်းစပ်မှုကို ကူညီပေးပေမယ့်လည်းပဲ ဗီတာမင် B12 က စွမ်းအင်ပမာဏကို ကူညီပေးခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးခြင်းနဲ့ ကာကွယ်ပေးခြင်းတွေ လုပ်ဆောင်ပေးတဲ့အတွက်ကြောင့် ဗီတာမင် B12 မပါဘဲ သင့်အနေနဲ့ HMB ရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရမှာ မဟုတ်ပါဘူး။ 3, 5

 

အစားအစာနဲ့ လေ့ကျင့်ခန်းက ဆက်စပ်နေဆဲပါ

ဘယ်အသက်အရွယ်ပဲဖြစ်ပါ‌စေ၊ ကိုယ်ခံအားကောင်းဖို့အတွက် HMB နဲ့ အခြားအာဟာရများအပြင် လေ့ကျင့်ခန်းလုပ်ရန်လည်း လိုအပ်ပါတယ်။ HMB၊ ဗီတာမင် B12 နဲ့ ဗီတာမင် B3 တို့ကို များများသုံးဆောင်ခြင်းက ဦးနှောက်နဲ့ ကြွက်သားလုပ်ဆောင်မှုတို့ကို အထောက်အကူပြုသလို လေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းနဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်လာစေခြင်း (ရောင်ရမ်းမှုကို လျှော့ချခြင်းအတွက် အထောက်အကူပြုပါတယ်) တို့ကို လုပ်ဆောင်ပေးပါတယ်။ အစပိုင်းမှာ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ဖြစ်ရင် ပရိုတင်းကို ဦးစားပေးသုံးဆောင်ပြီး ကြွက်သားကျန်းမာရေးကို အထောက်အကူပြုနိုင်ဖို့အတွက် အရည်အသွေးမြှင့် အစားအစာအရင်းအမြစ်တွေကိုတွေကို စားသုံးပါ။ (ဥပမာ – ပဲပိစပ်၊ ခီနွာ၊ ဆန်၊ နို့၊ ဒိန်ချဉ်၊ ငါး၊ ဥ၊ အသား၊ ကြက်သား) အနည်းဆုံး တစ်ပတ်လျှင် သုံးရက်၊ တစ်ရက်လျှင် မိနစ် ၆၀ ကဲ့သို့သော လေ့ကျင့်ခန်းနဲ့ ပေါင်းစပ်မိတဲ့အခါမှာ သင်ဟာ စိတ်ရောကိုယ်ပါ ထက်မြက်နေမှာပါ။ 2

 

လူကြီးများအတွက် HMB ဖြည့်စွက်စာကို အစားအစာများ (ဥပမာ – ထောပတ်သီး၊ ပန်းဂေါ်ဖီနဲ့ ငါးခူ) မှတဆင့် ရရှိနိုင်သော်လည်း လုံလုံလောက်လောက်ရဖို့အတွက်ဆို အလွန်များတဲ့ပမာဏကို စားသုံးရမှာပါ။ (ဥပမာ – နေ့စဉ် လိုအပ်တဲ့ HMB ၃ဂရမ် ရဖို့အတွက် ထောပတ်သီး အလုံး ၆၀၀၀ စားသုံးရပါမယ်) 7 ဒီအတွက်ကြောင့် အမေရိကန်နိုင်ငံရဲ့ နံပါတ် (၁) ဆရာဝန်များရဲ့ အကြံပြုထားတဲ့ HMB ပါဝင်တဲ့ Ensure Gold 8 ကဲ့သို့သော အာဟာရဖြည့်စွက်စာကို အသုံးပြုသင့်ပါတယ်။ Ensure Gold ဟာ အရည်အသွေးမြင့် ပရိုတင်း၊ HMB နဲ့ ၂၈ မျိုးသော ဗီတာမင်နဲ့ သတ္တုဓာတ် (ß-carotene, vitamins E, zinc & selenium တို့ အပါအဝင်ဖြစ်တဲ့ ၁၂ မျိုးက ကိုယ်ခံအားကို အထောက်အကူပြုပါတယ်) 9 များနဲ့ သိပ္ပံနည်းကျ စနစ်တကျ ဖော်စပ်ထားတာဖြစ်ပါတယ်၊ ဒါကြောင့် သင့်ရဲ့ အာဟာရအခြေခံအုတ်မြစ်ကိုလည်း ကြံ့ခိုင်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ အကယ်၍ သင်က နို့အရသာ မနှစ်သက်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး၊ ပဲပိစပ်၊ ဆန်နဲ့ ခီနွာတို့နဲ့ ပြုလုပ်ထားတဲ့ Ensure Gold အပင်အခြေခံပရိုတင်း အသစ်က သင့်ရဲ့လိုအင်ကို ဖြည့်စွက်ပေးမှာပါ။ Ensure Gold သို့ Ensure Gold အပင်အခြေခံပရိုတင်း ကို တစ်နေ့လျှင် ၂ခွက် (Ensure Gold အတွက် တစ်ခွက်လျှင် Ensure ၆ ဇွန်းနှင့် ရေ ၁၈၅ မီလီလီတာ သို့ Ensure Gold Plant Based အတွက် တစ်ခွက်လျှင် Ensure ၆ ဇွန်းနှင့် ရေ ၁၈၇ မီလီလီတာ )6 သုံးဆောင်ခြင်းက သင့်ရဲ့ ကြွက်သား၊ အရိုးနဲ့ ကိုယ်ခံစွမ်းအားတို့အတွက် လိုအပ်တဲ့ အာဟာရအကူအညီကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။ 10

 

နမူနာတစ်ခု ရယူရန် Ensure Myanmar သို့ အလည်လာဖို့ ဖိတ်ခေါ်ပါရ‌စေ…

 

References:

  1. https://www.frontiersin.org/articles/126319
  2. https://www.nutritionnews.abbott/news-research/science-news/how-targeted-nutrition-gives-airmen-a-mental–physical-edge/
  3. https://www.healthline.com/nutrition/hmb
  4. https://www.nutritioninsight.com/news/hmb-paired-with-vitamin-d3-improves-muscle-function-in-older-adults-without-exercise.html
  5. https://www.webmd.com/brain/news/20080908/vitamin-b12-boasts-brain-benefits
  6. https://www.ensuremyanmar.com/eng/ensure-powder/
  7. https://www.abbottnutrition.com/content/dam/an/abbottnutrition/pdf/product-guides/Adult%20Nutrition%20Product%20Guide.pdf
  8. IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.
  9. Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.