ဘိုးဘိုးဘွားဘွားတွေအတွက် ခုခံအားကို ဘယ်လို မြှင့်တင်မလဲ။
![]() |
ဘိုးဘိုးဘွားဘွားတွေအတွက် ခုခံအားကို ဘယ်လို မြှင့်တင်မလဲ။
ငယ်ငယ်တည်းက ကိုယ့်ကို ထိန်းကျောင်းလာခဲ့တဲ့ ဘိုးဘိုးဘွားဘွားတွေဟာ ခုဆို အားအင်လျော့နည်းလာပါပြီ။ ကိုယ်တွေက တစ်လှည့် ပြန်စောင့်ရှောက်ပေးရမယ့်အလှည့် ရောက်လာပါပြီ။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘိုးဘိုးဘွားဘွားတွေ ရောဂါတွေဖြစ်၊ အိပ်ရာထဲမှာ လဲမနေဘဲ ကျန်းကျန်းမာမာနဲ့ ကိုယ့်နားမှာ ရှိနေနိုင်တာလည်း ပျော်စရာ တစ်ခုပါပဲ။ ခုတလောမှာတော့ ရောဂါပိုး အသစ်အဆန်းတွေ ဖြစ်နေတာကြောင့် ဘိုးဘိုးဘွားဘွားတွေအတွက် စိုးရိမ်နေရမှာပါ။ ဒီရောဂါပိုးတွေကနေ ဘိုးဘိုးဘွားဘွားကို ဘယ်လို စောင့်ရှောက်မလဲ။ ဘယ်လို ခုခံအားတွေ တက်အောင် လုပ်မလဲဆိုတာ ပြောပြပေးပါမယ်။
ဘိုးဘိုးဘွားဘွားတွေ ဘာကြောင့် ခုခံအား ကျလာရတာလဲ။
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတော်တော်များများက အလုပ်လုပ်နိုင်စွမ်း လျှော့နည်းလာပါတယ်။ ခုခံအားစနစ်အပါအဝင်ပေါ့။
- ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်ခုခုဝင်လာပြီဆိုရင် ခုခံအားက အရင်ကလို တက်တက်ကြွကြွ လိုက်မတိုက်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ခုခုဆို ဖျားလွယ် နာလွယ်ပါတယ်။
- နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ အချိန်ကြာပါတယ်။
- ခုခံအားစနစ်က ဆဲလ်တွေလည်း ကောင်းကောင်းမထွက်တော့ပါဘူး။
- နောက်ပြီး ဓာတ်တိုးတဲ့ဒဏ်ကို ပိုခံလာရတဲ့အတွက် ခုခံအားဆဲလ်တွေ တော်တော်များများ ပျက်စီးလာပါတယ်။
ဒီလို အကြောင်းတွေ စုပေါင်းလိုက်တဲ့အခါ ခုခံအား ကျတယ်ဆိုတာ ဖြစ်လာပြီပေါ့။
ဘိုးဘိုးဘွားဘွားတွေ ခုခံအား တက်ဖို့ ဘာလုပ်ပေးနိုင်လဲ။
အသက်ကြီးလာရင် ဒီလိုပဲ ဖြစ်တတ်တာပဲဆိုပြီး မဖြေသိမ့်လိုက်ပါနဲ့။ ဘိုးဘိုးဘွားဘွားတွေ ကျန်းမာစေဖို့ ခုခံအား မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတာကြောင့် ကြည့်ကြည့်ရအောင်။
အာဟာရပြည့်ဝစွာ စားသောက်ပါ။
ဘိုးဘိုးဘွားဘွားတွေမှ မဟုတ်ပါဘူး။ ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် ခုခံအားတက်ဖို့ဆိုရင် အရေးကြီးဆုံးက အာဟာရပြည့်ဝအောင် စားဖို့ပါပဲ။ အာဟာရချို့တဲ့ရင် ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ သာမန် ဖျားတာ နာတာတောင် အာဟာရမပြည့်ဝဘူးဆိုရင် ပျောက်ဖို့ခဲယဉ်းပါတယ်။ ဘာတွေကို အဓိကထားပြီး ကျွေးရမလဲဆိုရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါတဲ့ အစားအစာတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အသားဓာတ်တွေ ကျွေးပြီး ခုခံအားကို မြှင့်တင်ရမှာပါ။
အသားဓာတ်– ရောဂါကို ခုခံတိုက်ထုတ်ပေးမယ့် Antibodiesဆိုတာ အသားဓာတ်ကနေ ရတာပါ။ ဒါကြောင့် အသား၊ပဲ၊ ဥအမျိုးမျိုးနဲ့ နွားနို့တို့ကို စားသောက်ပေးဖို့ လိုပါတယ်။
ဗီတာမင်အေ– သူကတော့ အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ခုခံအားစနစ်ကို တက်စေပါတယ်။ ဗီတာမင်အေကို အစိမ်းရောင်အရွက်၊ အဝါရောင်အသီးတွေကနေ အများဆုံးရပါတယ်။
ဗီတာမင်စီ– ဗီတာမင်စီဟာ နာမည်ကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါပဲ။ ဆဲလ်တွေကို ဓာတ်တိုးတဲ့ ဒဏ်ကနေ ခံနိုင်ရည်ရှိအောင် ကူညီပေးပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ စပျစ်သီးတွေကနေ အဓိကရပါတယ်။
ဗီတာမင်အီး– ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင်အီးဟာ ခုခံအားဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ နေကြာဆီ၊ သံလွင်ဆီ၊ ဗာဒံစေ့တို့မှာ ဗီတာမင်အီး လုံလောက်စွာပါဝင်ပါတယ်။
ဗီတာမင်ဒီ– ခုခံအားတွေကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ နေရောင်ခြည်ကရနိုင်သလို၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း ရနိုင်ပါတယ်။
ဇင့်ဓာတ်– အနာကို မြန်မြန်ကျက်စေတဲ့အပြင် နေမကောင်းရာက ပြန်ပြီး နာလန်ထူနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ အစေ့အဆန်တွေ၊ အနီရောင် အသားတွေမှာ ဇင့်ဓာတ် ပေါပေါများများ ပါဝင်ပါတယ်။
တခြားဓာတ်များ- ဗီတာမင် B6၊ ဖောလိတ်၊ ဆီလီနီယမ်နဲ့ အကျိုးပြု ဘက်တီးရီးယားတွေကလည်း ခုခံအားကို တက်စေပါတယ်။
ဘာတွေ ကျွေးရမလဲလည်း သိပြီ။ ဘယ်မှာ ပါလည်းဆိုတာလည်း သိပြီဆိုပေမယ့် ပြဿနာက ဘိုးဘိုးဘွားဘွားက ဒါတွေကို မဝါးချင်တာ၊ မဝါးနိုင်တော့တာပါပဲ။ ဒီလိုမျိုး ဝါးဖို့ အခက်အခဲရှိတာဖြစ်ဖြစ်၊ သက်သက်လွတ်စားလို့ အသားတွေ မစားချင်တာပဲ ဖြစ်ဖြစ်၊ ပါးစပ်ပျက်နေလို့ မစားချင်ဘူးလို့ပဲ ဖြစ်ဖြစ် ငြင်းဆိုခဲ့ရင် စိတ်မပျက်လိုက်ပါနဲ့။ ခုဆိုရင် စျေးကွက်ထဲမှာ ဒီလို ခုခံအားစနစ်အတွက် လိုအပ်တဲ့ ဓာတ်အားလုံးပါဝင်တဲ့ အာဟာရမှုန့်တွေ၊ အာဟာရဖျော်ရည်တွေ အများကြီး ရှိနေပြီဖြစ်လို့ အစားထိုး တိုက်ပြီး ခုခံအားမြှင့်တင်လို့ရပါတယ်။
- အိပ်ရေးဝအောင်အိပ်ပါ။
ဘိုးဘိုးဘွားဘွားတွေက တစ်နေ့ကို ၇နာရီခွဲကနေ ၉နာရီလောက်ထိ အိပ်ပေးဖို့လိုပါတယ်။ နေ့လယ်နေ့ခင်းမှာ တစ်ရေး တစ်မော မှေးတာလည်း လူကို အားဖြစ်စေပါတယ်။
- သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိပါ။
မနက်စောစောမှာ နေခြည်နုနုလေးခံတာ၊ လေကောင်းလေသန့် ရှူတာကလည်း ကိုယ်ရော စိတ်ပါ ကြည်စေပြီး ခုခံအားကိုပါ တက်စေပါတယ်။
- လေ့ကျင့်ခန်းလုပ်ပါ။
အသက်ကြီးလာလေလေ ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ဖို့ ခက်လာလေလေပါပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး အကြောလျှော့တာ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်လို့ ရပါတယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင်တောင် လမ်းလျှောက်လို့ရပါတယ်။ ခုလို အပြင်ထွက်ဖို့ ခက်ခဲတဲ့ ကာလမျိုးမှာတောင် အိမ်မှာနေရင်း နိုင်သလောက် လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ဒါက အရိုးအဆစ်တွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းပေးတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်ရင် လေကို ဝဝရှူထုတ် ရှူသွင်း ရတာကြောင့် အဆုတ်ထဲက မကောင်းတဲ့ ပိုးတွေလည်း ထွက်သွားပါတယ်။
- ကိုယ်အလေးချိန်ထိန်းပါ။
အစားအသောက်လည်း အာဟာရရှိတာပဲ ရွေးစားမယ်။ လေ့ကျင့်ခန်းလည်း လုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ထိန်းပြီးသား ဖြစ်မှာပါ။ ဝလွန်းရင်လည်း ရောဂါတွေ (ဥပမာ ဆီးချို၊ သွေးတိုး) ဝင်လာပြီး နောက်ဆက်တွဲ ရောဂါပိုးတွေ ဝင်လာနိုင်သလို ပိန်လွန်းရင်လည်း ရောဂါဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။
- ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်က အဆုတ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးနိုင်ပါတယ်။ ပျက်စီးနေတဲ့ အဆုတ်ဟာ ရောဂါပိုးတွေကို ဖိတ်ခေါ်နေသလိုပါပဲ။
- စိတ်ဖိစီးမှု လျှော့ချပါ။
စိတ်ဖိစီးမှုများရင် ဓာတ်တိုးပစ္စည်းတွေ ထွက်လာပြီး ခုခံအားဆဲလ်တွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုနည်းအောင် တရားထိုင်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။
- တုပ်ကွေးကာကွယ်ဆေး ထိုးပါ။
သိပ်မကြာခင် တုပ်ကွေးရာသီရောက်လာတော့မှာမို့လို့ တတ်နိုင်ရင် ဘိုးဘိုးဘွားဘွားတွေကို ကာကွယ်ဆေး ကြိုထိုးထားပေးပါ။ အသက် ၆၅နှစ်အထက်တွေ၊ အဆုတ်မကောင်းတဲ့သူတွေ၊ နဂိုရောဂါအခံရှိတဲ့သူတွေ ပိုပြီးထိုးသင့်ပါတယ်။ ဖြစ်လာခဲ့ရင် နလန်ထူဖို့ အချိန်ကြာတတ်လို့ ကြိုတင်ကာကွယ်ထားတာ ပိုကောင်းပါတယ်။ ကာကွယ်ဆေး ထိုးရန် သင့်မသင့်ကို တတ်ကျွမ်းသည့် ဆရာ၀န်နှင့် တိုင်ပင်ပါ။
Hello, i think that i saw you visited my weblog so i came to “return the favorâ€.I am trying to find things to enhance my site!I suppose its ok to use some of your ideas!!|
fantastic issues altogether, you just won a emblem new reader. What would you suggest in regards to your post that you simply made some days in the past? Any certain?|
I need to to thank you for this fantastic read!! I definitely enjoyed every bit of it. I have got you saved as a favorite to check out new stuff you post…|
It’s going to be end of mine day, except before ending I am reading this impressive paragraph to increase my know-how.|
Wow! After all I got a website from where I can in fact obtain useful data regarding my study and knowledge.|
Hi there would you mind letting me know which web host you’re working with? I’ve loaded your blog in 3 completely different browsers and I must say this blog loads a lot quicker then most. Can you recommend a good hosting provider at a honest price? Thanks, I appreciate it!|
I read this piece of writing completely concerning the comparison of most up-to-date and previous technologies, it’s awesome article.|
I don’t know if it’s just me or if perhaps everyone else encountering issues with your website. It appears as if some of the written text within your posts are running off the screen. Can someone else please comment and let me know if this is happening to them too? This might be a problem with my web browser because I’ve had this happen before. Thanks|
Hiya! Quick question that’s entirely off topic. Do you know how to make your site mobile friendly? My weblog looks weird when browsing from my iphone 4. I’m trying to find a theme or plugin that might be able to fix this problem. If you have any suggestions, please share. With thanks!|
Hello just wanted to give you a quick heads up. The words in your article seem to be running off the screen in Firefox. I’m not sure if this is a formatting issue or something to do with browser compatibility but I figured I’d post to let you know. The layout look great though! Hope you get the issue solved soon. Many thanks|
Aw, this was an exceptionally nice post. Taking the time and actual effort to make a very good article… but what can I say… I procrastinate a lot and don’t seem to get anything done.|