လူကြီးများနှင့် ၎င်း တို့ကို ပြုစုစောင့်ရှောက်ပေးနေသူများအတွက်အရေးကြီးသော ကျန်းမာရေးဆိုင်ရာအလေ့အကျင့်များ

ရုတ်တရက် မျှော်လင့်မထားတဲ့ ဖျားနာမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှုများ ဘယ်အချိန်မှာဖြစ်လာမယ်ဆိုတာကို သင်သိနိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် နှလုံး၊အဆုတ်၊ဆီးချိုသွေးချို နဲ့ကင်ဆာတို့လိုမျိုး ကျန်းမာရေးအခြေအနေတွေရှိပြီးသားဖြစ်နေတဲ့ လူကြီးများမှာ ရုတ်တရက် နာမကျန်းမှုများဖြစ်နိုင်ချေ ပိုများပါတယ်။ ဒီလိုမျိုးလူကြီးတွေကို ပြုစုစောင့်ရှောက်နေရတဲ့သူတွေအတွက် ကြိုတင် သတိထားပြင်ဆင်နိုင်ဖို့အချက်လေးတွေကို ဖော်ပြထားပါတယ်။လူကြီးတွေရဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရများ အထူးသဖြင့် ကိုယ်ခံအားကောင်းစေတဲ့ အာဟာရများ လုံလောက်စွာရရှိနေသလား ၊သုံးစွဲနေတဲ့ဆေးဝါးတွေ အဆင်ပြေရဲ့လားဆိုတာ ဂရုပြုဖို့လိုပါတယ်။ နောက်တစ်ချက်အနေနဲ့  အာဟာရဖြည့်စွက်စာတွေ ရှိထားဖို့လိုပါတယ်၊ Ensure Gold (သို့) နို့မသောက်ချင်သူများအတွက် Ensure Gold အပင်အခြေခံပရိုတင်း တို့ကိုသုံးနိုင်ပါတယ်- နှစ်ခုလုံးမှာ ကိုယ်ခံအားတိုးတက်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၁၂ မျိုး^ပါဝင်တဲ့အတွက် အစားအသောက်ကနေပဲမရနိုင်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။.1, 3, 8

 

ဆေးဝါးများအမြဲအသင့် ရှိနေပါစေ

လူကြီးတစ်ချို့ဟာ ဆေးသောက်ဖို့တစ်ရက်၊နှစ်ရက်လောက်မေ့သွားတာမျိုး ဒါမှမဟုတ်လည်း သောက်ရမယ့်အချိန်၊ ပမာဏ ထက်ပိုပြီးသောက်မိနေတာမျိုးဟာ သိပ်စိုးရိမ်စရာမရှိဘူးလို့ထင်တတ်ကြပါတယ် ဒါပေမဲ့ ဒါမျိုးတွေဟာအန္တရာယ်ရှိနိုင်ပါတယ်။ဘယ်လိုပဲဖြစ်စေကာမူ  ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို ကျွမ်းကျင်သူများနဲ့ဆွေးနွေးပြီးတော့ ၁ လမှ ၃ လလောက်သုံးစွဲနိုင်တဲ့ပမာဏ လောက်အသင့်ရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။ အမြဲရှိနေသင့်တဲ့ဆေးဝါးတွေကတော့ အကိုက်အခဲပျောက်ဆေး၊အဖျားကျဆေး ချောင်းဆိုးပျောက်ဆေးနဲ့ အခြားကျန်းမာရေးအခြေအနေတွေအတွက် ဆရာဝန်ပေးထားတဲ့ဆေးတွေဖြစ်ပါတယ်။1, 2, 3

ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေးပြုလုပ်တဲ့ဆေးပစ္စည်းများလည်းရှိထားသင့်ပါတယ်၊ ခုခံအားနည်းပါးနေတဲ့ လူကြီးတွေအတွက် ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ လူကြီးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစားအသောက်များပြင်ဆင်ပေးခြင်း၊ သန့်စင်ခန်းသွားခြင်း တို့မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးချိန်များ၊ ပြင်ပသို့သွားရောက်ပြီးချိန်တို့မှာ လက်ကို စက္ကန့် ၂၀ ခန့်ဆေးဖို့ အရေးကြီးပါတယ်။.1, 3

ခပ်ခွာခွာနေဖို့လိုပေမယ့် အထီးမကျန်စေအောင်ဂရုစိုက်ပါ

စိတ်ကျန်မာရေးအခြေအနေဟာ အိပ်ရေးပျက်ခြင်း၊အလွန်အမင်း စိတ်ဖိစီးမှုများခြင်း၊ကျန်းမာရေးနဲ့မညီညွတ်သောစားသုံးမှုပုံစံ ၊ လှုမှုရေးဖိအားတွေနဲ့ အလားတူ လူတွေရဲ့ ကိုယ်ခံအားပေါ်သက်ရောက်မှုများရှိပါတယ်။ စိတ်ဖိစီးမှုရဲ့ အဓိက အကြောင်းအရင်းဟာ ခန္ဓာကိုယ်ကို ယောင်ရမ်းမှုကိုဖြစ်စေတဲ့ ပရိုတင်းအမျိုးအစားတစ်ခုကြောင့်ဖြစ်ပြီးတော့ နှလုံး၊ဦးနှောက် နဲ့ အခြားကိုယ်အင်္ဂါများအပေါ် ဖိအားတွေဖြစ်ပေါ်စေပါတယ်။4, 5

လူကြီးတွေဟာ မိသားစုတွေ မိတ်ဆွေတွေ နဲ့ တွေ့ဆုံရတဲ့ အချိန်များကိုတန်ဖိုးထားတတ်ကြပါတယ်။အဲဒီအတွက် ခပ်ခွာခွာနေဖို့လိုပေမယ့် ပြောဆိုဆက်ဆံမှုမရှိတာမျိုးမဖြစ်ပါစေနဲ့။ အထီးကျန်မှု လျော့နည်းစေဖို့အတွက် အမြဲအပြုံးနဲ့ဆက်ဆံတာ၊ စကားစမြည်ပြောပေးတာတို့အပြင် မိတ်ဆွေတွေနဲ့ video call ခေါ်ပေးတာတို့လုပ်ပေးသင့်ပါတယ်။ အပြင်ထွက်လည်ပတ်မယ့်အစား နည်းပညာနဲ့အလှမ်းမဝေးအောင် သင်ပြပေးပြီး Social Media အသုံးပြုခြင်းကို ရင်းနှီးစေရန်နှင့် ဖြစ်နိုင်ရင် လွယ်ကူတဲ့အွန်လိုင်းဂိမ်းလေးတွေလည်းသင်ပြပေးနိုင်ပါတယ်။ ဒိုင်ယာရီရေးတာ၊ချည်ထိုးတာ၊အပ်ချုပ်တာ သို့မဟုတ် ရိုးရှင်းတဲ့ အပင်စိုက်တာတို့လိုမျိုး  စိတ်ပိုင်းဆိုင်ရာရော၊ခန္ဓာကိုယ်ရော တက်ကြွမှုရှိစေမယ့်အရာများလည်း လုပ်ဖို့အားပေးနိုင်ပါတယ်။1, 4, 5

ကိုယ်ခံအားနဲ့ ကြွက်သားများကိုအားဖြည့်ပေးပြီး အထားခံတဲ့ အစားအသောက်များအမြဲအသင့်ရှိနေပါစေ

မုန်လာဥနီ၊ကန်စွန်းဥ၊ရွှေဖရုံသီးနှင့် ဖရုံအနွယ်ဝင်အသီးအနှံ လိုမျိုး ဗီတာမင်Aကြွယ်ဝတဲ့ အသီးအနှံများ ရှိနေပါစေ။ ဗီတာမင်Aဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကိုယ်ခံအားဆဲလ်တွေရဲ့လုပ်ဆောင်မှုတွေ တိုးတက်စေဖို့အတွက်အရေးပါ ပါတယ်။ ကိုယ်ခံအားဆဲလ်တွေဟာ ပြင်ပမှဝင်ရောက်နိုင်တဲ့ပိုးတွေအတွက် ရှေ့ဆုံးမှာရှိနေတဲ့အကာအကွယ်တွေဖြစ်ပါတယ်။ ကိုယ်ခံအားတိုးတက်စေတဲ့ နောက်ထပ် ဗီတာမင်တစ်မျိုးကတော့ ဗီတာမင် C ဖြစ်ပြီးတော့ ချဉ်တဲ့အသီးအများစုကရနိုင်ပါတယ်၊ဒီအသီးတွေဟာ ရေခဲသတ္တာထဲထည့်ထားရင်ဖြစ်စေ၊ အခြောက်ခံထားရင်ဖြစ်စေ ပိုကြာကြာအထားခံပါတယ်။ ဒီလိုအသီးတွေကို အဆင်သင့်ရှိနေမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာပြေဖြစ်စေ၊ အချိုပွဲအနေနဲ့ဖြစ်စေ စားသုံးလို့ရစေမှာပါ။ ပဲအခြောက်များ၊ ဆန်၊ ခီနွာ (QUINOA)  နဲ့ ပဲပိစပ်ကရတဲ့အစားအသောက်များ က ခွက်တစ်ဝက် မှာ ပရိုတင်း ၈ ဂရမ်လောက်စီပါတဲ့အတွက် မိမိချစ်ခင်ရတဲ့လူကြီးတွေ အသားမစားချင်တဲ့အခါမှာ ကျွေးနိုင်မှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့အစားအသောက်တွေဟာ ကြိုတင်ပြင်ဆင်ထားပြီး သိုလှောင်ထားမယ်ဆိုရင် လူအများကြီးရှိတဲ့ဆိုင်တွေ၊ နေရာတွေကို ခဏခဏသွားရောက်ပြီးဝယ်ရမယ့် အချိန်လည်းသက်သာစေမှာဖြစ်ပါတယ်။3, 6, 7

မိမိပြုစုစောင့်ရှောက်နေတဲ့လူကြီးတွေနဲ့အတူ အစားအစာချက်ပြုတ်ပြင်ဆင်ခြင်းကလည်း လူကြီးတွေအတွက်အတူတူလုပ်ဆောင်ရတဲ့ ခံစားမှုကိုရစေနိုင်မယ့်အပြင် သူတို့တွေကျန်းမာဖို့အတွက်ဘာတွေစားဖို့လိုအပ်လည်းဆိုတာလည်း သိလာစေနိုင်မှာပါ။ အစားအစာ အများကြီးမစားနိုင်တဲ့အသက်အရွယ်ရောက်ရှိနေတဲ့ လူကြီးတွေအတွက်ဆိုရင် Ensure Gold လိုဖြည့်စွက်စာများကိုသုံးစွဲနိုင်ပါတယ်။ Ensure Gold ဟာ အမေရိကန်နိုင်ငံမှ ဆရာဝန်များ ထောက်ခံမှုအများဆုံး နံပါတ်(၁) အာဟာရဖြည့်စွက်စာ**ဖြစ်ပြီးတော့ လူကြီးတွေ ကိုယ်ခံအားတိုးတက်^ဖို့ကူညီပေးနိုင်ပါတယ်။ သိပ္ပံနည်းကျထုတ်လုပ်ထားပြီးတော့ အရည်သွေးမြင့် ပရိုတင်းများ၊ HMB(ကြွက်သားကျန်းမာရေးအတွက်အရေးပါသော အမိုင်နိုအက်စစ်လူစင်းကို ခြေဖျက်ရာမှာ ဖြစ်ပေါ်လာသောဓာတ်) တို့အပြင် ကိုယ်ခံအားတိုးတက်စေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် (၁၂) မျိုး^အပါအဝင် မရှိမဖြစ်လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈မျိုး (ဥပမာ ဗီတာမင် အေ၊ စီ၊ ဒီ နဲ့ ပရိုတင်း) တွေက ကြွက်သားစွမ်းဆောင်ရည်နဲ့ခွန်အားကိုလည်းတိုးတက်စေနိုင်ပါတယ်။ ခြေထောက်ကြွက်သားများရဲ့ ခွန်အားတိုးတက်မှုကိုလေ့လာရာမှာ လေ့ကျင့်ခန်းပါပြုလုပ်မယ်ဆိုရင် အစောဆုံးအနေနဲ့ ၈ ပတ်အတွင်းမှာတင် သိသိသာသာ တိုးတက်လာတာကိုတွေ့ရပါတယ်။8

ကြိုတင်ပြင်ဆင်ထားခြင်းက ရှိရင်းစွဲ ကျန်းမာရေးအခြေအနေများပိုမဆိုးလာဖို့ ကာကွယ်ပေးမယ့်အပြင် အခြားရောဂါများမဖြစ်ပေါ်လာဖို့အတွက်လည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ လူကြီးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များပြင်ဆင်ပေးခြင်းက လိုအပ်တဲ့အာဟာရများရရှိစေမှာဖြစ်ပြီး သူတို့နဲ့ အမြဲ ပြောဆိုဆက်ဆံနေခြင်းကလည်း စိတ်ပိုင်းဆိုင်ရာအရ ခံစားမှုကောင်းစေမှာဖြစ်ပါတယ်။ Ensure Gold ကိုအစားအစာ အစားထိုးဖြစ်စေ၊ အစာနဲ့တွဲဖက်ပြီးဖြစ်စေ တစ်နေ့နှစ်ကြိမ် ရေ ၁၈၅ml ကို ၆ဇွန်း ထည့်ဖျော်ပြီးတော့သောက်သုံးနိုင်ပါတယ်။ နို့မကြိုက်တဲ့သူများအတွက် ပဲပိစပ်၊ဆန်၊ခီနွာ (QUINOA) တို့ကနေထုတ်လုပ်ထားတဲ့ Ensure Gold အပင်အခြေခံပရိုတင်း ကိုအသုံးပြုခြင်းဖြင့်လည်း နှစ်ပေါင်းများစွာ ကျန်းမာသန်စွမ်းတဲ့ အသက်တာကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ Ensure နမူနာများရရှိနိုင်ဖို့ အတွက် Ensure Myanmarကို ဒီနေ့ပဲဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။8

 

References:

  1. https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-caregiving-for-the-elderly
  2. https://www.lcplfa.org/blog/15-essential-items-emergency-preparedness-kits-seniors
  3. https://www.healthline.com/health/stocking-up-for-covid-19#sick-day-essentials
  4. https://www.nhs.uk/mental-health/feelings-symptoms-behaviours/feelings-and-symptoms/loneliness-in-older-people/
  5. https://www.dispatchhealth.com/blog/how-depression-affects-your-immune-system/
  6. https://www.healthline.com/health-news/foods-with-a-long-shelf-life#Healthier-choices
  7. https://www.dancemagazine.com/food-for-immune-system/
  8. https://www.ensuremyanmar.com/eng/ensure-powder/

^ Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system)

** IQVIA, using the ProVoice Survey, fielded to 14,459 physicians from January 1, 2021 to December 31, 2021.

## Ensure Gold contains scientifically evaluated level of protein which has been shown to improve strength

Additional Readings:

https://www.ensuremyanmar.com/ensure-careline/