ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။
![]() |
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။
ခန္ဓာကိုယ်မှာ ပြင်ပက ရောဂါတစ်ခုခု သို့မဟုတ် အဆိပ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခု ဝင်လာပြီဆို ခုခံအားက တိုက်ထုတ်ပေးရပါတယ်။
ဒီလို တိုက်ထုတ်တဲ့ နေရာမှာ ရောဂါပိုး ဝင်ဝင်လာချင်း တိုက်ထုတ်ပေးတဲ့ မွေးရာပါ ရှေ့တန်းခုခံအားရယ်၊ ရောဂါပိုး ပထမအကြိမ်ဝင်တဲ့ချိန်မှာ ပိုးကို မှတ်သားထားပြီး နောက်တစ်ကြိမ်ဝင်လာတဲ့အခါ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ပြီး တိုက်ခိုက်နိုင်တဲ့ တန်ပြန်ခုခံအား ဆိုပြီး (၂) မျိုး ရှိပါတယ်။
ခုပြောမှာက ရှေ့တန်းက ခုခံအားတွေ အကြောင်းပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ။ ဒီခုခံအား စနစ် ကောင်းမွန်အောင် ဘာလုပ်လို့ရလဲ ဆိုတာ ပြောပြပေးပါ့မယ်။
ရှေ့တန်း ခုခံအား များ
ရှေ့တန်းခုခံအား ဆိုတာ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ အပြင်ဆုံးမှာ ရှိတဲ့ဟာနဲ့ ရောဂါ အရင်ဆုံးဝင်နိုင်တဲ့ အပေါက်တွေမှာ ရှေ့တန်း ခုခံအားတွေရှိပါတယ်။ ဘာတွေပါလဲဆိုတော့
(၁) အရေပြား
အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းပါ။ ပြင်ပက ဝင်လာမယ့် ပိုးတွေကို တံတိုင်းကြီးလိုမျိုး ကာကွယ်ထားပါတယ်။ ဒါ့ပြင် ရေစိုခံ အကာအကွယ်ကြီးလည်း ဖြစ်ပါတယ်။ သဘာဝအရ အရေပြားပေါ်မှာ ကောင်းတဲ့ပိုးတွေရော မကောင်းတဲ့ ပိုးတွေရော နေပေမယ့် အရေပြားသာ မပျက်စီးရင် သူတို့တွေ အထဲကို ဝင်မလာနိုင်ပါဘူး။
(၂) အသက်ရှူလမ်းကြောင်း
အသက်ရှူလမ်းကြောင်းမှာ သဘာဝက ပေးတဲ့ အရံအတားတွေ အများကြီးရှိပါတယ်။ နှာခေါင်းထဲကို တစ်ခုခုဝင်လာရင် နှာချေပြီး ရောဂါပိုးတွေကို မှုတ်ထုတ်ပါတယ်။ ဒါမှမရရင် အချွဲတွေထွက်ပြီး ရောဂါပိုးကို ဝါးမျိုလိုက်ပါတယ်။ ဒါကြောင့် နှာရည်ယိုတာ၊ ချွဲထွက်တာ ဖြစ်တာပေါ့။ ဒါနဲ့မှ မရသေးဘူး ဆိုရင်လည်း အထဲက လေပြွန်ထဲမှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ အမွေးအမျှင်လေးတွေ (cilia) ရှိပါတယ်။ သူတို့က ရောဂါပိုးတွေကို အပြင်ကို လှည်းထုတ်ပစ်မှာပါ။
(၃) အစာခြေစနစ်
အစာခြေစနစ်မှာလည်း ကိုယ်ပိုင် ခုခံအားရှိနေပါတယ်။ တစ်ခုခု မတည့်တာ စားမိလို့ အန်တယ်ဆိုတာ မကောင်းတာတွေ အပြင်ကို ထွက်သွားအောင် ခန္ဓာကိုယ်က လှုံ့ဆော်တာပါ။ ဒါ့ပြင် အစာအိမ်မှာ ရောဂါပိုးတွေ အလွယ်တကူ သွေးထဲရောက်မသွားအောင် ကာထားတဲ့ အချွဲအမြှေးပါးလည်း ရှိပါတယ်။ ဝင်လာတဲ့ ပိုးတွေကို သတ်ပစ်ဖို့ အစာခြေအက်စစ်ကလည်း အသင့်စောင့်နေပါတယ်။
အူလမ်းကြောင်း တစ်လျှောက်မှာလည်း အကျိုးပြု ဘက်တီးရီးယားတွေ အများကြီး ရှိနေပါတယ်။ တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အညစ်ပတ်ဆုံး ကိုယ်တွင်းကလီစာတွေလို့ ပြောလို့ရပါတယ်။ ဒီနေရာတွေကနေ ရောဂါမပြန့်ပွားအောင် အစောင့်အကြပ်တွေ အပြည့်ချထားတာပါ။
ရှေ့တန်း ခုခံအား ကောင်းအောင် ဘာလုပ်ကြမလဲ။
(၁) အရေပြား
- အရေပြားကို ပျက်စီးစေတဲ့ အထဲမှာ နေရောင်ခြည်က ထိပ်ဆုံးပါ။ နေရောင်ခြည်ကြောင့် ဓာတ်တိုးပစ္စည်းတွေ ထွက်လာခဲ့ရင် အသားအရည်ပျက်စီးပြီး ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်း ကျသွားပါမယ်။ ဒါကြောင့် နေရောင်ကာခရင်မ် လိမ်းတာ၊ antioxidantsတွေဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီး ပေါကြွယ်ဝတာတွေ စားပေးဖို့ လိုပါတယ်။
- ရေဓာတ်ခမ်းခြောက်ရင်လည်း အရေးအကြောင်းတွေဖြစ်ပြီး ရောဂါပိုး ဝင်လွယ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ရေများများသောက်ဖို့ လိုအပ်ပါတယ်။
- အရေပြားဆိုတာ အမြဲတမ်း အသစ်ဖြစ်နေရမှာပါ။ ဆဲလ်ဟောင်းကွာပြီး ဆဲလ်သစ်ဝင်လာမှ ရောဂါပိုးတွေကို အပြည့်အဝ ကာကွယ်နိုင်မှာပါ။ ဒီလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့ အမိုင်နိုအက်စစ်လိုပါတယ်။ အမိုင်နိုအက်စစ်ရဖို့ ပရိုတင်းကို လုံလုံလောက်လောက် စားပေးရမှာပါ။
- အရေပြားမှာ အနာဖြစ်တဲ့ အခါ ပိုးဝင်လွယ်ပါတယ်။ အနာဖြစ်တဲ့အခါ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်ဖို့ ကူညီပေးနိုင်တာက ကော်လာဂျင်ပါ။ ကော်လာဂျင်ကောင်းကောင်းထွက်ဖို့ ဆိုရင် ဗီတာမင်စီပါတာတွေကို များများစားပေးပါ။ ဇင့်ဓာတ်ကလည်း အနာကျက်မြန်စေတာကြောင့် သူ့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
(၂) အသက်ရှူလမ်းကြောင်း
တစ်နေ့ တစ်နေ့ ရှူလိုက်တဲ့ လေထဲမှာ ဖုန်တွေ၊ အမှုန်တွေအပြင် ရောဂါပိုးပေါင်းစုံပါနေမှာပါ။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ဆိုရင် အသက်ရှူလမ်းကြောင်းရဲ့ ရှေ့တန်းခုခံအားကို မြှင့်တင်ထားဖို့ လိုပါတယ်။
- ဗီတာမင်အီး- အစေ့အဆန်တွေမှာပါတဲ့ ဗီတာမင်အီးက လေပြွန်တွေကို ပွင့်စေပြီး ဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် အဆုတ်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်သယ်တာကိုလည်း ပိုကောင်းစေပါတယ်။
- ဗီတာမင်အေ- အစိမ်းရောင်အရွက်၊ အဝါရောင် အသီးတွေမှာ အများဆုံးတွေ့ရပြီး ပန်းနာရင်ကြပ်ကို သက်သာစေပါတယ်။ ဒါ့ပြင် ဆဲလ်တွေ မပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။
- ဗီတာမင်စီ- ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးပါတယ်။
- မဂ္ဂနီဆီယမ်- လေပြွန်တွေကို ပျော့ပျောင်းစေပြီး အဆုတ်ထဲကို လေပိုဝင်စေပါတယ်။
(၃) အစာခြေစနစ်
- အကျိုးပြု ဘက်တီးရီးယား- Probiotics လို့ခေါ်ကြပြီး နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ အများဆုံးတွေ့ရပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ များနေမှ ဝမ်းလျှောတာ၊ ဝမ်းပျက်တာ မဖြစ်မှာပါ။
- အကျိုးပြု ဘက်တီးရီးယားအစာ- Prebiotics လို့ ခေါ်ကြပြီး အချဉ်ဖောက်ထားတဲ့ အစားအစာ (ဥပမာ ကင်ချီ) တွေမှာ အများဆုံးတွေ့ရပါတယ်။ အူလမ်းကြောင်း ကျန်းမာနေဖို့ အပြင်ကနေ Probiotics ဖြည့်ဖို့ လိုသလို ရှိပြီးသား အကောင်လေးတွေ ပွားနိုင်ဖို့ Prebiotics လည်း လိုပါတယ်။
- ဗီတာမင်စီ- အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။
- ဇင့်- အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ အနာတွေကို မြန်မြန်ကျက်အောင် ကူညီပေးပါတယ်။ ဝမ်းသွားရင်လည်း မြန်မြန် နာလန်ထနိုင်ဖို့ ဇင့်သောက်ပေး ရပါတယ်။
ရှေ့တန်း ခုခံအားတွေ ကျန်းမာနေမှသာ ရောဂါပိုးတွေက လွယ်လွယ် ဝင်မလာမှာပါ။ အပေါ်က နည်းလမ်းတွေ၊ အစားအစာတွေက ရှေ့တန်း ခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ သဘာဝအစားအစာကို စားနိုင်ရင် အကောင်းဆုံးပါ။ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိလို့ စားဖို့ မလွယ်ဘူးဆိုရင်လည်း ဖြည့်စွက်အာဟာရတွေ၊ ဖြည့်စွက်ဆေးတွေ သောက်ပြီး ခုခံအားကို မြှင့်တင်နိုင်ပါတယ်။
Ref:
https://www.sciencelearn.org.nz/resources/177-the-body-s-first-line-of-defence
https://lpi.oregonstate.edu/mic/health-disease/skin-health
https://www.sierrastar.com/news/article87801312.html
https://www.bbc.co.uk/food/articles/what_should_you_eat_for_a_healthy_gut
I am in fact happy to glance at this website posts which consists of lots of valuable data, thanks for providing such information.|
Hi, i believe that i saw you visited my web site so i came to return the prefer?.I’m trying to to find things to improve my web site!I assume its good enough to use a few of your ideas!!|
What’s up Dear, are you really visiting this site on a regular basis, if so afterward you will without doubt get pleasant knowledge.|
Hello! I just wanted to ask if you ever have any issues with hackers? My last blog (wordpress) was hacked and I ended up losing months of hard work due to no data backup. Do you have any solutions to stop hackers?|
It’s an remarkable paragraph in favor of all the internet people; they will get benefit from it I am sure.|
Your style is really unique in comparison to other folks I have read stuff from. Thanks for posting when you’ve got the opportunity, Guess I’ll just bookmark this blog.|
Wow, this piece of writing is good, my younger sister is analyzing these kinds of things, so I am going to inform her.|
Whoa! This blog looks exactly like my old one! It’s on a totally different topic but it has pretty much the same layout and design. Outstanding choice of colors!|
Hey! This post could not be written any better! Reading through this post reminds me of my previous room mate! He always kept chatting about this. I will forward this page to him. Fairly certain he will have a good read. Many thanks for sharing!|
Today, I went to the beach with my children. I found a sea shell and gave it to my 4 year old daughter and said “You can hear the ocean if you put this to your ear.” She put the shell to her ear and screamed. There was a hermit crab inside and it pinched her ear. She never wants to go back! LoL I know this is completely off topic but I had to tell someone!|
Hey! Quick question that’s totally off topic. Do you know how to make your site mobile friendly? My website looks weird when browsing from my iphone4. I’m trying to find a template or plugin that might be able to resolve this problem. If you have any recommendations, please share. Cheers!|
Hello very nice web site!! Man .. Beautiful .. Superb .. I’ll bookmark your site and take the feeds also? I am glad to search out a lot of helpful information right here in the submit, we need develop extra strategies on this regard, thanks for sharing. . . . . .|