လူကြီးများ ထိခိုက်ခြင်းနဲ့ လဲကျခြင်းဖြစ်စေနိုင်သောအကြောင်းအရာများ
![]() |
လူကြီးများ ထိခိုက်ခြင်းနဲ့ လဲကျခြင်းဖြစ်စေနိုင်သောအကြောင်းအရာများ
လူကြီးများကို ပြုစုစောင့်ရှောက်ပေးနေသူတစ်ယောက်အနေနဲ့ မိမိစောင့်ကြည့်နေသူဟာ လဲကျခြင်း(ချော်လဲခြင်း)ဖြစ်ပေါ်တယ်ဆိုရင် နောက်တစ်ခါမဖြစ်စေဖို့အတွက် ဘာကြောင့်လဲကျရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပြီးကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူကြီးများ လဲကျရခြင်း ၅ ခုမှာ ၁ ခုဟာ ပြန်လည်ကောင်းမွန်ဖို့ခက်ခဲတဲ့အရိုးထိခိုက်ခြင်း ဒါမှမဟုတ် ပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာတဲ့ ဦးခေါင်းထိခိုက်မှုတို့ ဖြစ်တတ်တာကြောင့်ပါ။ များသောအားဖြင့် လဲကျခြင်းဟာ သတိမထားမိဘဲ အာဟာရချို့တဲ့ခြင်း ဒါမှမဟုတ် လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့်ဖြစ်ပါတယ်။ လူကြီးတွေရဲ့ အမြင်အာရုံအခြေအနေကိုလည်း အမြဲစစ်ဆေးနေဖို့လိုအပ်ပြီး ကြွက်သားသန်မာမှုကိုအထောက်အကူပေးတဲ့ အရည်အသွေးမြင့်မားသောပရိုတိန်း၊ ကိုယ်ခံအားတိုးစေသောအာဟာရများ နဲ့ အာဟာရအစားထိုးဖြည့်စွက်စာများ(ဥပမာ-Ensure) ကိုလည်း ကျန်းမာရေးကောင်းမွန်ဖို့အတွက် စားသုံးစေရမှာဖြစ်ပါတယ်။1, 6
အမြင်အာရုံစစ်ဆေးမှုများကို ပုံမှန်မပြုလုပ်ခြင်း
အနည်းငယ်သော အမြင်အာရုံချို့ယွင်းခြင်းရှိနေခြင်းဟာ ချော်လဲဖို့၊လှေကားပေါ်က ပြုတ်ကျဖို့အတွက် လက်တကမ်းသာလိုတော့တယ်လို့ပြောလို့ရပါတယ်။ အသက်အရွယ်ကြီးရင့်လာသူတစ်ယောက်ရဲ့ မျက်ကြည်လွှာဟာ အလင်းရောင်ကို ငယ်ရွယ်သူများကဲ့သို့ပြတ်သားစွာမြင်နိုင်စွမ်းမရှိတော့တဲ့အတွက် အနီးအဝေးအတိမ်အနက်ကိုမြင်နိုင်စွမ်းပြဿနာများ နဲ့အလင်းရောင်နည်းပါးတဲ့နေရာများမှာအခက်အခဲများရှိတတ်ပါတယ်။ ရေတိမ်နဲ့အတွင်းတိမ်ကဲ့သို့ အမြင်အာရုံအခြေအနေများရှိနေတဲ့အခါမှာ အမြင်အာရုံချို့ယွင်းမှုကိုပိုဆိုးစေပါတယ်။ မိမိချစ်ခင်ရတဲ့လူကြီးများကို ပုံမှန်အမြင်အာရုံစစ်ဆေးမှုများပြုလုပ်ဖို့(အနည်းဆုံးတစ်နှစ်တစ်ခါ)နဲ့ မျက်မှန်ကိုလည်းပုံမှန်အသစ်လဲဖို့ အားပေးပါ။ အိမ်ပတ်ဝန်းကျင်မှာ အန္တရာယ်ဖြစ်စေနိုင်ချေရှိတဲ့အရာများကိုလေ့လာဆန်းစစ်ပါ။ ကော်ဇောများကိုဖယ်ရှားခြင်း၊ဗီဒိုများကိုနေရာရွေ့ခြင်း နဲ့ လူကြီးများအိမ်တွင်းမှာ အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့ လက်ကိုင်တန်းများတပ်ခြင်းတို့ကိုပြုလုပ်ပေးသင့်ပါတယ်။1, 2, 4
ဆေးဝါးများအလွန်အကျွံအသုံးပြုခြင်း
ဆေးဝါးများသုံးစွဲခြင်းမှာ အိပ်ငိုက်ခြင်း၊မူးဝေခြင်း၊ကြွက်တက်ခြင်း၊ဖောရောင်ခြင်း နဲ့ သွေးပေါင်ချိန်ကျခြင်းတို့လိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပြီး၊ဒီဆိုးကျိုးတွေဟာ လဲကျခြင်းကို တွန်းအားပေးနိုင်ပါတယ်။ ဆေးဝါးများရဲ့ဆိုးကျိုးများမှာ အရေးပါသောအာဟာရများစုပ်ယူခြင်းကိုအတားအဆီးဖြစ်စေနိုင်တာမျိုးပါဖြစ်စေနိုင်ပါတယ်(အရသာခံနိုင်စွမ်းနဲ့အစာချေဖျက်ခြင်းကိုသက်ရောက်စေခြင်း)။ မိမိချစ်ခင်ရသောလူကြီးများကို ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးများခံစားနေရသလားလို့မေးပါ၊ ကုသမှုများအတွက်ဆေးဝါးများသုံးစွဲနေပါကလည်းထိရောက်မှုရှိစေဖို့ ဆေးဝါးကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးပါ။2, 3, 4
ဆေးဝါးများဟာ အရသာခံစားမှုနှင့် အစားစားချင်စိတ်အပေါ်သက်ရောက်မှုရှိစေတဲ့အတွက် ပြည့်ဝမျှတသော စားသောက်မှုပုံစံရှိစေဖို့အရေးကြီးပါတယ်။စွမ်းအင်(energy)တိုးတက်စေဖို့အဓိကဖြစ်တဲ့ ဗီတာမင်ဟာ ဗီတာမင်B ဖြစ်ပြီး ဗီတာမင် A,Cနဲ့E တို့ကတော့ မျက်လုံးကျန်းမာရေးကောင်းစေမှာဖြစ်ပါတယ်။ ဒီဗီတာမင်တွေကို အနီရောင်ရှိသောအသား၊ငါး၊ကြက်သား၊ကြက်ဥ၊ချဉ်သောအသီးများ နဲ့ အစိမ်းရောင်အရွက်များမှာတွေ့ရတဲ့အတွက် ခက်ခက်ခဲခဲရှာဖွေစားသောက်စရာတော့မလိုပါဘူး။
စားသောက်မှုပမာဏအတွက်တော့ Healthy Plate Principle (ပန်းကန်တစ်ချပ်တွင် အသီးအနှံနှင့်အရွက် ၂ပုံ၁ပုံ၊ပရိုတိန်း ၄ပုံ၁ပုံ၊ အစေ့အဆန် ၄ပုံ၁ပုံ)အတိုင်းစားသုံးနိုင်ပါတယ်။7
လူကြီးများအနေနဲ့ စားသောက်မှုပုံစံတစ်ခုနဲ့ အသားကျအောင်စတင်စားသောက်နေချိန်မှာ အာဟာရဖြည့်စွက်စာများကလည်းအကူအညီပေးနိုင်ပါတယ်။ ဥပမာ- Ensure Gold ဟာ ပြည့်ဝမျှတတဲ့ အာဟာရဓာတ်များပေးစွမ်းနိုင်ဖို့အတွက် သိပ္ပံနည်းကျထုတ်လုပ်ထားပြီး ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈မျိုး(ကိုယ်ခံစွမ်းအားတိုးတက်စေသော ဗီတာမင် ၁၂ မျိုး#အပါအဝင်)ပါဝင်ပါတယ်။ 6
Ensure Gold တစ်ခွက်မှာ ၂၆၂ ကယ်လိုရီပါဝင်ပြီး တစ်နေ့ ၂ ခွက်သောက်သုံးခြင်းဖြင့် ကျန်းမာရေးအခြေအနေနဲ့ ဘဝနေထိုင်မှုအရည်အသွေးကို ရက်၉၀လောက်မှာတင်တိုးတက်**လာစေမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းနိုင်မှုကျဆင်းလာခြင်း
အသက် ၄၀ အရွယ်ကျော်လာတဲ့အခါမှာလူကြီးများဟာ ဆယ်စုနှစ်တစ်ခုကို ကြွက်သားပမာဏ ၈ ရာခိုင်နှုန်း^^လောက်ဆုံးရှုံးပါတယ်။ထိုကဲ့သို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စဉ်ကို sarcopenia လို့ခေါ်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ကြွက်သားဆုံးရှုံးမှုဟာပိုမိုများပြားနိုင်ပါတယ်။ ခွန်အားကျဆင်းခြင်း၊အရိုးအရွယ်အစားကျုံ့ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ချိန်ဆနိုင်မှုနည်းပါးခြင်း၊ ကြွက်သားနဲ့ အဆစ်များတောင့်တင်းခြင်းများဖြစ်နိုင်ပါတယ်။ အချို့လူကြီးများအနေနဲ့ လဲကျမှာကိုကြောက်တဲ့စိတ်ကြောင့်လှုပ်ရှားမှုမပြုလုပ်ခြင်းများလည်းရှိတတ်ပါတယ်။ 2, 3, 4 မိမိတို့ကြည့်ရှုပေးနေတဲ့လူကြီးများ လမ်းလျှောက်ရာမှာ နံရံများကိုအားပြုခြင်း၊ အထိုင်အထများတွင်အချိန်ယူနေခြင်းများတွေ့ရပါက အရည်အသွေးမြင့်ပရိုတင်းဓါတ်ပါဝင်သောကောင်းမွန်သည့်အာဟာရများကို စားသုံးခြင်းဖြင့် ကြွက်သားခွန်အားကို ထောက်ပံ့မှု ပေးနိုင်သည်။ ဒါအပြင် ဆေးပညာကျွမ်းကျင်သူထံသို့သွားရောက်စစ်ဆေးသင့်ပါတယ်။လူကြီးများအနေနဲ့ HMB(Hydroxymethylbutyrate) ဓာတ်ပိုမိုရရှိရန်လိုအပ်ပါတယ်၊ HMB ဟာ အသားများကို စားသုံးရာမှရရှိသော အမိုင်နိုအက်ဆစ်လူဆင်း (Leucine) ကိုချေဖျက်လာမှထွက်ပေါ်လာသောဓာတ်ဖြစ်ပြီး ကြွက်သားထိန်းသိမ်းဖို့အတွက်လုပ်ဆောင်ပေးပါတယ်။ HMB ကို Ensure Gold မှလည်းထောက်ပံ့ပေးနိုင်ပါတယ်။ Ensure Gold ဟာ အမေရိကန်နိုင်ငံမှ ဆရာဝန်များထောက်ခံမှု နံပါတ်(၁) အာဟာရဖြည့်စွက်စာ^ဖြစ်ပြီး HMB(လိုအပ်သောပမာဏကို အစားအစာမှလုံလောက်စွာရရှိရန်ခက်ခဲ) နဲ့ကြွက်သားခွန်အားတိုးတက်စေမယ့် အာဟာရများပါဝင်ပြီး ကြွက်သားခွန်အားကို ၈ ပတ်အတွင်းတိုးတက်##စေမှာဖြစ်ပါတယ်။
လူကြီးများလဲကျခြင်းကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာများကိုသိထားခြင်းက မိမိကြည့်ရှုပေးနေသူများ လဲကျမှုဖြစ်နိုင်ချေကိုလျော့ကျစေမှာဖြစ်ပါတယ်။ လဲကျခြင်းဟာ အကြောင်းအရာတစ်ခုထဲကြောင့်ဖြစ်ပေါ်ခြင်းမျိုးမဟုတ်ဘဲ များစွာသောအကြောင်းအရာများစုပေါင်းပြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး လူကြီးများကို အာဟာရ ပြည့်ဝမျှတတဲ့ စားသုံးမှုပုံစံရှိစေပါ။ ပုံမှန် (အလွန်မပြင်းထန်သော)လှုပ်ရှားမှုများလည်းလုပ်ဆောင်စေပါ။ အစားအစာများစားသောက်ခြင်းမှ ပရိုတိန်းကြွယ်ဝစွာရရှိဖို့ ခက်ခဲတဲ့လူကြီးများအတွက် Ensure ကို နံနက်စာဖြစ်စေ၊နေ့လည်စာ၊ညစာ ဒါမှမဟုတ် အဆာပြေဖြစ်စေ သောက်သုံးနိုင်ပါတယ်။ နို့အရသာကိုမကြိုက်သူများအတွက် အယ်မွန်အရသာနှင့် Ensure Gold အပင်အခြေခံပရိုတင်း ရှိပြီးတော့ ပဲပိစပ်၊ဆန် နဲ့ Quinoa မှထုတ်လုပ်ထားပါတယ်။ Ensure Gold နည်းတူ ကြွက်သားခွန်အားတိုးတက်စေတဲ့HMB၊ကိုယ်ခံအားတိုးတက်စေတဲ့ အာဟာရများပါဝင်တဲ့ Ensure Gold Plant Based ဟာ လူကြီးများအားထားနိုင်တဲ့ အလုံးစုံပါဝင်သောအာဟာရရင်းမြစ်ပဲဖြစ်ပါတယ်။
Ensure နမူနာများရရှိနိုင်ဖို့အတွက် Ensure Myanmar ကိုဝင်ရောက်လေ့လာပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
References:
- https://www.cdc.gov/homeandrecreationalsafety/falls/adultfalls.html
- https://www.agingcare.com/articles/falls-in-elderly-people-133953.htm
- https://www.healthxchange.sg/seniors/ageing-concerns/fall-prevention-elderly
- https://www.ncoa.org/healthy-aging/falls-prevention/preventing-falls-tips-for-older-adults-and-caregivers/6-steps-to-protect-your-older-loved-one-from-a-fall/
- https://www.eatwellnutrition.com.au/preventing-malnutrition/falls-prevention-and-nutrition
- https://www.ensuremyanmar.com/eng/ensure-powder/
- https://www.hsph.harvard.edu/nutritionsource/healthy-eating-plate/
**Olveira – 2016
^IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.
^^Flakoll et al. Nutrition. 2004.
##Berton et al. PLoS One. 2015.
#Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.
~Ensure provides all-in-one nutrition and contains nutrients and ingredients to support muscle, bone, heart, immune and digestive tract health.
Additional Readings:
Wow that was unusual. I just wrote an extremely long comment but after I clicked submit my comment didn’t show up. Grrrr… well I’m not writing all that over again. Regardless, just wanted to say excellent blog!
Would you be excited by exchanging links?
Do you mind if I quote a few of your articles as long as I provide credit and sources back to your webpage? My blog site is in the exact same area of interest as yours and my visitors would certainly benefit from a lot of the information you present here. Please let me know if this alright with you. Cheers!