Ensure Gold နဲ့အတူ ခွန်အားပြည့်ဝပြီး အမှီအခိုကင်းကင်း နေထိုင်ဖို့ရာ

သင့်ရဲ့ ရွှေရောင်နှစ်ကာလတွေလို့ ပြောလို့ရတဲ့ ငယ်ရွယ်စဉ်မှာ ကြွက်သားအကြောစနစ်က မရှိမဖြစ် လိုအပ်ပါတယ်။ ကြွက်သားထုထည်ကျဆင်းခြင်း (sarcopenia progression လို့ ခေါ်ပြီး အသက် ၄၀ နောက်ပိုင်းမှာ ဆယ်နှစ်စီတိုင်းမှာ ၈% နှုန်းထား ကျဆင်းပါတယ်) 4, 11 ကို မစစ်ဆေးဘဲနေမိပါက သင့်ရဲ့ လှုပ်ရှားနိုင်စွမ်းမှာ ချို့ယွင်းချက်များ ဖြစ်နိုင်ချေပိုရှိလာပြီး ရောဂါများ (သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ) 3, 4 ဖြစ်နိုင်ချေ ပိုများလာပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့တစ်ခုတည်းက အရေးကြီးတာမဟုတ်ဘဲ အရည်အသွေးပြည့်မီတဲ့ အစားအစာများ သို့မဟုတ် Ensure Gold ကဲ့သို့သော အသင့်သုံးဆောင်နိုင်တဲ့ အာဟာရဖြည့်စွက်စာများကိုလည်း စားသုံးရပါမယ်။ (Ensure Gold ဟာ ပရိုတင်း၊ HMB (β-Hydroxy-β-Methylbutyrate)၊6 ကာဘွန်ဟိုက်ဒရိတ်၊ ဖတ်တီအက်ဆစ်များနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး (ကိုယ်ခံစွမ်းအား အထောက်အကူပြု ၁၂ မျိုး) 9 တို့နဲ့ ဖော်စပ်ထားတာကြောင့် ပြည့်စုံပြီးမျှတတဲ့ အာဟာရကို ဖြည့်စွက်နိုင်ပါတယ်) လွယ်ကူပြီး အာဟာရပြည့်ဝတဲ့ နည်းလမ်းနဲ့ သင့်ရဲ့ခွန်အားကိုဖြည့်စည်းဖို့ အချိန်တိုအတွင်း အဆင်ပြေတာကြောင့် နေ့စဉ်ဘဝ လုပ်ငန်းစဉ်တွေကို ထိခိုက်မှုမရှိ လုပ်ဆောင်နိုင်ပါလိမ့်မယ်။7

 

အစားအစာများနဲ့အတူ Ensure သုံးဆောင်ပါ

အစားအစာ စားသောက်တိုင်းမှာ အရည်အသွေးပြည့်ဝတဲ့ အာဟာရတွေရရှိနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုအလေ့အကျင့်ဟာ အစပိုင်းမှာ ပျိုးထောင်ဖို့ ခက်ခဲတယ်ထင်ရပေမယ့် ကျင့်သားရပြီးချိန်မှာတော့ အဆင်ပြေသွားပါလိမ့်မယ်။ သင်ချစ်ရတဲ့ လူကြီး‌တွေ ကျန်းမာရေးကောင်းမွန်နေတဲ့ အချိန်တွေမှာ သူတို့ဟာ အာဟာရဖြည့်စွက်စာများ ပုံမှန်သုံးဆောင်နေတာကို သင် သတိထားမိပါလိမ့်မယ်။ အသက်အရွယ်အရ အစာစားချင်စိတ်လျော့နည်းလာခြင်းကြောင့် လစ်လပ်သွားတဲ့ အာဟာရတွေကို ဖြည့်ဆည်း ပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားပရိုတင်းပေါင်းစပ်မှု (ကြွက်သားပျက်စီးမှုကိုပြုပြင်ရန် ပရိုတင်းထုတ်လုပ်မှု) ကို လှုံဆော်ပေးနိုင်တဲ့ အာဟာရဓာတ်များ ပါဝင်တဲ့ Ensure ကို သုံးဆောင်ပါ။ ပရိုတင်းဟာ လူကြီးတွေအတွက် အင်မတန်အရေးကြီးတဲ့ macronutrient တစ်မျိုးဖြစ်ပြီး အထူးသဖြင့် sarcopenia ကြောင့် ကြွက်သားအရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။1, 2 ဘာကြောင့်လဲဆိုရင် သင့်ရဲ့ကြွက်သားတွေက ပရိုတင်းမှရရှိတဲ့ အမိုင်နိုအက်ဆစ်များကို လိုအပ်လို့ပါ။ Ensure Gold မှာ ကြွက်သားကျန်းမာရေးအတွက် အဓိကပါဝင်ပစ္စည်းက HMB ပါ။ ၎င်းသည် အမိုင်နိုအက်စစ် leucine ၏ ဇီဝဖြစ်စဉ် တစ်ခုဖြစ်ပြီး ကြွက်သားများကိုထိန်းသိမ်းရန်နှင့် လှုံဆော်ပေးရာတွင်ထိရောက်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ 4, 5 ဘာကြောင့် Ensure Gold မှ HMB က အထိရောက်ဆုံးဖြစ်တာလဲ… အစားအစာများမှာပါဝင်သည့်တိုင် လိုအပ်တဲ့ပမာဏက များပြားလွန်းတာကြောင့် မလုံလောက်ပါဘူး။ (ဥပမာ – HMB ၁.၅ ဂရမ် ရရှိနိုင်ဖို့ ငါးခူ အချပ် ၆၅၀ လိုအပ်ပါတယ်) ဒီပမာဏဟာ Ensure Gold ၂ ကြိမ် သုံးဆောင်ရုံနဲ့ ရရှိပါတယ်။7

 

Ensure Gold က ဘယ်လိုအကူအညီပေးလဲ

အမေရိကန်နိုင်ငံရဲ့ နံပါတ်(၁) သမားတော်ကြီးကိုယ်တိုင် အကြံပြုထားတဲ့ Ensure Gold8 ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး (ကိုယ်ခံစွမ်းအား အထောက်အကူပြု ၁၂ မျိုး) 9 နဲ့ သိပ္ပံနည်းကျ ဖော်စပ်ထားတာပါ။ ပရိုတင်းအပြင် သင့်ရဲ့အာဟာရစားသုံးမှုကို မျှတအောင် Ensure Gold က ကူညီပါတယ်။ အရသာခံစားမှု ဆုံးရှုံးလာခြင်းဟာ အသက်အရွယ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ၊ ဒီအတွက်ကြောင့် လူကြီးတွေဟာ ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှု လျော့နည်းသွားတဲ့အတွက်ကြောင့်3 အရသာကောင်းမွန်တဲ့ အာဟာရဓာတ်များကို အမြဲလိုအပ်ပါတယ်။ အချိန်ကြာမြင့်စွာ အစာမစားခြင်းက ကြွက်သားဆုံးရှုံးမှုကို ပိုမိုဆိုးရွားစေပြီး အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားတို့ကိုလည်း ထိခိုက်စေပါတယ်။ Ensure Gold မှာ အဓိကကျတဲ့ အာဟာရ ၂၈မျိုး ပါဝင်ပြီး ဗီတာမင် D (အရိုးများအတွက်)၊ Omega-3 (နှလုံးအတွက်)၊ အမိုင်နိုအက်ဆစ် (ကြွက်သားများအတွက်) နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခွန်အား၊ တက်ကြွမှုနဲ့ လှုပ်ရှားမှုတွေအတွက် ပံ့ပိုးကူညီပါတယ်၊ Ensure Gold က သင့်ရဲ့ အာဟာရအုတ်မြစ်ကို အခြေခိုင်စေပါတယ်။ Ensure Gold ကို တစ်နေ့လျှင် ၂ကြိမ် သုံးဆောင်ဖို့ အကြံပြုလိုပါတယ်၊ တစ်ကြိမ်လျှင် ရေ ၁၈၅ မီလီလီတာနဲ့အတူ Ensure Gold ၆ခွက်စာ ရောနှောပြီး အရသာရှိ အာဟာရပြည့်ဝစွာ သောက်သုံးနိုင်ပါတယ်။ 7

 

နို့အရသာ မနှစ်သက်ရင် ဘယ်လိုလုပ်မလဲ

“နို့များများ သောက်ပါ၊ အစာများများ စားပါ” ဆိုတာဟာ လူတိုင်းအတွက် လက်သုံးစကားဖြစ်ပေမယ့်လည်း နို့အရသာ မနှစ်သက်သူတွေအတွက် ဘယ်လိုလုပ်မလဲ… အသားမဟုတ်တဲ့ ပဲအမျိုးမျိုး၊ ပဲတို့ဟူး၊ ဆန်၊ ကောက်ပဲသီးနှံမျိုးစုံနဲ့ ခီနွာ4 ကဲသို့သော အခြား ပရိုတင်းရင်းမြစ်များ အများအပြားရှိတဲ့အတွက်ကြောင့် သက်သတ်လွတ်စားသုံးသူများအတွက် ကြွက်သားကျန်းမာရေးကိုထိန်းသိမ်းဖို့ မခက်ခဲလှပါဘူး။ နို့အရသာ မကြိုက်သူတွေအတွက် ပုံမှန် Ensure Gold အစား Ensure Gold Plant Based က အဆင်သင့်ရှိနေပါတယ်။ (တစ်ကြိမ်လျှင် ရေ ၁၈၇ မီလီလီတာနဲ့ Ensure Gold Plant Based ၆ခွက်စာ သုံးဆောင်နိုင်ပါတယ်) အပင်အခြေခံ ပရိုတင်းဖြစ်ပြီး ပဲပိစပ်၊ ဆန်၊ ခီနွာနဲ့ အာရှမှာ လူကြိုက်များတဲ့ ဗာဒံသီးအရသာ၊ HMB နဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈မျိုးလုံး ပါဝင်တဲ့အတွက်ကြောင့် အစွမ်းထက်တဲ့ အာဟာရတစ်ခု ဖြစ်ပါတယ်။ 7

 

နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်စာရင်းဟာလည်း လူကြီးတွေအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကြွက်သားကြီးထွားခြင်းကို ကူညီပြီး အစားအစာနဲ့ Ensure Gold ကတော့ ကြွက်သားထိန်းသိမ်းခြင်းကို အထောက်အပံ့ပေးပါတယ်။ Ensure Gold (သို့) Ensure Gold Plant Based သုံးဆောင်ခြင်းဟာ အာဟာရအုတ်မြစ်ကို အခြေခိုင်စေတာကြောင့် သင်ဟာ ဘဝကို ပေါ့ပါးပြည့်စုံစွာ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

 

Ensure Gold (သို့) Ensure Gold Plant Based နမူနာရယူရန် Ensure Myanmar သို့ အလည်လာဖို့ ဖိတ်ခေါ်ပါရစေ…

 

References:

  1. https://www.ncbi.nlm.nih.gov/pmc/articles/PMC7399875/
  2. https://www.nytimes.com/2022/05/24/well/eat/protein-powder-muscle-loss.html
  3. https://www.lifeextension.com/magazine/2007/1/report_muscle
  4. https://abbottnutrition.com.my/adult-nutrition/Secret-Aging-Strong
  5. https://www.verywellfit.com/muscle-protein-synthesis-and-muscle-growth-4148337
  6. https://www.nutritionnews.abbott/healthy-living/aging-well/why-hmb-is-important-for-aging-muscles/
  7. https://abbottnutrition.com.my/products/ensure-gold

No. 1 Physician Recommended Oral Nutritional Supplement in the U.S.

  1. IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.

12 of which support immunity

  1. Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.

high-quality protein to support strength, vitality and activity.

  1. Edington J et al. Clin Nutr. 2004 Apr;23(2):195-204.
  2. Flakoll et al. Nutrition. 2004.

Additional Readings:

  1. https://abbottnutrition.com.my/adult-nutrition/eat-balanced-vitamins-and-minerals