စောင့်ရှောက်သူများသိထားသင့်သော လူကြီးများအတွက် အစားအစာနည်းစနစ်များ။
![]() |
စောင့်ရှောက်သူများသိထားသင့်သော လူကြီးများအတွက် အစားအစာနည်းစနစ်များ။
ကျွန်ုပ်တို့၏ အနံ့နှင့်အရသာ ခံစားမှုသည် အချို့သောအစားအစာများနှင့် လျှာပေါ်တွင်ထိတွေ့ခံစားမှုများ လက်ခံခြင်းကို ဆိုလိုသည်။ ဒါပေမယ့် ၎င်းတို့ပြောင်းလဲသွားပြီး ဆုံးရှုံးမှုတွေစဖြစ်လာသည့်အခါ အစားအသောက်တွေမှာ ပျော်စရာမရှိတော့ပါ။ ၎င်းသည် ကျွန်ုပ်တို့အား အစာစားချင်စိတ်ကို ဆုံးရှုံးစေသည်။ အစာစားချင်စိတ် ပျောက်ဆုံးခြင်းသည် လူကြီးများတွင် အာဟာရချို့တဲ့မှု အဖြစ်များဆုံးသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ လူတစ်ယောက်ကို အစားအစာပိုစားဖို့ ဘယ်လိုလုပ်မလဲ။ ပြောင်းလဲပြီး စိတ်လှုပ်ရှားမှုဖြစ်အောင် အောက်ပါနည်းလမ်းတစ်ချို့နှင့် စမ်းကြည့်ပါ။
စကားစမြည် ပြောဆိုပြီး ဆေးဘက်ဆိုင်ရာ အကြံဥာဏ်ကို အရင်ရယူပါ။
လူကြီးများကို ၎င်းတို့၏ အစာစားချင်စိတ်အကြောင်း ပြောဆိုခြင်းဖြင့် သင်သည် ၎င်းတို့အစာမစားလိုသည့် အကြောင်းရင်းကို သေသေချာချာ တိုင်းတာနိုင်သည်။ သူတို့နှစ်သက်သော အစားအစာများ နှင့်ယခုအခါ သူတို့မည်သို့ ထင်သည်ကိုမေးပါ။ မည်သည့်ပြောင်းလဲမှုကိုမဆို စောင့်ကြည့်ပြီး မည်သို့လုပ်ဆောင်သည်ကို ခြေရာခံပါ။ ၎င်းတို့က ပိုငန်သောအစားအစာကို တောင်းနေသလား။ ၎င်းတို့မကြာခဏ စားလေ့ရှိသော အစားအစာများ၏ အနံ့သည် ယခုအခါ သူတို့အတွက် မနှစ်မြို့ဖွယ်ဖြစ်နေစေလား။ အစားအစာပုံစံအသစ်များ (သို့) ပါဝင်ပစ္စည်းများ (သို့) ဖြည့်စွက်စာများမထည့်မီ၊ နှင့်ပြင်းထန်သော မည်သည့်ကျန်းမာရေးပြဿနာကိုမဆို ပထမဆုံးအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပါ။ ခံတွင်းခြောက်ခြင်း၊ ခံတွင်းကျန်းမာရေးမကောင်းခြင်း၊ ရောင်ရမ်းခြင်း၊ ရုတ်တရက်ဓာတ်မတည့်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ဝမ်းသွားခြင်းနှင့် ဆေးဝါးများသည် အစာစားချင်စိတ်ကို ထိခိုက်စေသည်။
လုပ်ရိုးလုပ်စဉ်များသည် အဓိကကြသည်။
ပုံမှန်မဟုတ်သော အစားအစာစားသုံးခြင်း အကြိမ်အရေအတွက်နှင့် အချိန်များသည် ဇီဝဖြစ်စဉ်နှင့် သွေးဂလူးကို့စ်အဆင့်ကို ထိခိုက်စေပြီး သွေးတိုးနှင့်ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်သည်။ ပုံမှန်အစားအစာများ စားခြင်းသည် ထိုအချိန်များတစ်ဝိုက်တွင် ဆာလောင်မှုအချက်ပြများကို လုပ်ဆောင်ရန် ခန္ဓာကိုယ်မှ ကူညီပေးသည်။ နံနက် ၉ နာရီမတိုင်မီတွင် နံနက်စာ၊ နံနက်စာစားပြီး ၄ နာရီခန့်အကြာတွင် နေ့လည်စာ စားသုံးရန်နှင့် ညနေ ၆:၃၀ ထက်နောက်မကျဘဲ ညစာစားသုံးရန်အချိန်ဇယားဆွဲပါ။ ဤအချိန်များသည် ငယ်ရွယ်သူတို့အတွက် အစောပိုင်းဟု ထင်ရသော်လည်း လူကြီးများအတွက် ၎င်းသည်သူတို့၏ နှေးကွေးသော ဇီဝဖြစ်ပျက်မှုနှင့် ကိုယ်တွင်းအင်္ဂါ စွမ်းဆောင်ရည်များ၏ အစာချက်ရန်သင့်တော်သည်။
တစ်လုတ်စာအရွယ်အစားနှင့် အသုံးအဆောင်များကို လျှော့ချပါ။
အစားအစာကြီးကြီးမားမား ထည့်ခြင်းသည် အချို့အသက်ကြီးသူများအတွက် အစာစားချင်စိတ်ကို ပိတ်စေနိုင်သည်။ အရွယ်အစားသေးငယ်သော အပိုင်းများသည် ဝါးရန်ပိုမိုလွယ်ကူစေရုံသာမက ၎င်းတို့ကို အရာများစွာစားသုံးရန်နှင့် များပြားစွာ စားရန်ရွေးချယ်ခွင့်ပေးသည်။ တစ်လုတ်စာအရွယ်အစားများဖြင့် ၎င်းတို့ကို စားသုံးရန်အားပေးသောပုံစံများ နှင့် ကျွေးမွေးခြင်းဖြင့် ၎င်းတို့စားသုံးအောင်ဖန်တီးနိုင်သည်။ ၎င်းတို့ကအမြင်အာရုံကို အရင်စားသည်ဟုပြောကြတယ်၊ ထို့ကြောင့် အစားအစာကစားလို့ကောင်းပုံရပါက ၎င်းတို့ကစားချင်ပါသည်။ ပန်းကန်ပြားများ၊ ဇွန်းများနှင့် ဓားများကို လျှော့ချခြင်းဖြင့် ၎င်းတို့အား လက်တုန်ခြင်း (သို့) ဆုပ်ကိုင်ခြင်းဆုံးရှုံးခြင်းကြောင့် ကိုင်တွယ်ရခက်ခဲခြင်းကို ၎င်းတို့အတွက် လည်းလျော့နည်းစေသည်။
ထမင်းစားချိန်တိုင်းသည် အစားအစာအမာများဖြစ်ရန်မလိုပါ။
လူကြီးများသည် ပျော့ပျောင်းသောအစားအစာ သို့မဟုတ် အရည်အစားအစာများကို ပိုမို၍ နှစ်သက်ကြသည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝါးရာတွင်အခက်အခဲရှိခြင်း နှင့် ကြွက်သားများကြောင့် မျိုချရာတွင်အခက်ခဲများရှိပြီး ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများသည်လူငယ်များကဲ့သို့ မသန်စွမ်းသောကြောင့် ဖြစ်သည်။ ဒီအတွက် သူတို့ကိုအစာစားတိုင်းတိုင်းမှာ အစာမာများ စားဖို့အတင်းအကျပ် လုပ်စရာမလိုပါ။ ဟင်းသီးဟင်းရွက်မွှေကြော်စားမည့်အစား ပူသောဟင်းသီးဟင်းရွက် ဟင်းချိုကိုကျွေးပါ။ ၎င်းတို့သည် ပူသောအစားအစာများကို စိတ်မဝင်စားပါက ပျော့ပျောင်းသောအစားအစာ နှင့် ဗီတာမင်နှင့်သတ္တုဓာတ်များ ပါ၀င်သောဟင်းသီးဟင်းရွက်နှင့် သစ်သီးဖျော်ရည်သည် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ပျော့ပျောင်းသောအစားအစာမှ အမျှင်ဓာတ်သည် အရည်ဖြစ်သော်လည်း ၎င်းတို့ကို ဗိုက်ပြည့်ဝစေ ရန်ကူညီလိမ့်မည်။ မည်သည့်ပေါင်းစပ်မှုကအကောင်းဆုံးဖြစ်မလဲ၊ များစွာသောအရာတွေကို စမ်းကြည့်ခြင်းအားဖြင့် သင်ချစ်မြတ်နိုးတဲ့သူ ဘယ်အရာကိုကြိုက်နှစ်သက်လဲဆိုတာ ကြည့်ရပါလိမ့်မည်။
လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ကန့်သတ်ပါက သင်၏ချက်ပြုတ်နည်းများတွင် အာဟာရဖြည့်စွက်စာများ ထည့်နိုင်သည်။ ဥပမာအားဖြင့် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသော Ensure ထုတ်ကုန်များကို နံနက်စာမှသည်အသားပေါင်မုန့်နှင့်ကြက်ဥ tart များကဲ့သို့ အဓိကအစားအစာများတွင် နို့ထွက်ပစ္စည်းများ အစားထိုးရာတွင် အလွယ်တကူစိတ်ကြိုက်ပြုလုပ်နိုင်သည်။ Ensure ထုတ်ကုန်များသည် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့်သတ္တုဓာတ်များ အားလုံးပါဝင်ရန် သိပ္ပံနည်းကျဖော်စပ်ထားပြီး ၎င်းတို့သည်အစားအစာများကို စားနေစဉ် သူတို့၏နေ့စဉ်လိုအပ်ချက်များ ကိုရရှိစေသည်။ ပြည့်စုံမျှတဖို့ အရေးကြီးသည်။ ဖြည့်စွက်စာများသည် ပုံမှန်အစားအစာအတွက် ၁၀၀% ဘယ်တော့မှမဖြစ်သင့်ဘဲ လိုအပ်သောနေရာတွင်သာဖြည့်ပါ။ ကာကွယ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် မည်သည့်အဓိကအစားအစာပြောင်းလဲမှုကို မဆိုမပြုလုပ်မီ ဆေးပညာရှင်တစ်ဦး နှင့်တိုင်ပင်ပါ။
References:
- https://www.parentgiving.com/elder-care/appetite-stimulation/
- https://dailycaring.com/6-ways-to-get-seniors-with-no-appetite-to-eat/
- https://ensure.com/recipes
Wow, that’s what I was seeking for, what a information! existing here at this webpage, thanks admin of this web page.|
Thanks for finally talking about > blog_title < Loved it!|
I’m not sure exactly why but this website is loading extremely slow for me. Is anyone else having this problem or is it a issue on my end? I’ll check back later and see if the problem still exists.|
Hey I am so excited I found your website, I really found you by mistake, while I was looking on Aol for something else, Anyhow I am here now and would just like to say thank you for a fantastic post and a all round entertaining blog (I also love the theme/design), I don’t have time to look over it all at the minute but I have saved it and also included your RSS feeds, so when I have time I will be back to read a great deal more, Please do keep up the excellent jo.|
I was recommended this website via my cousin. I am not sure whether this post is written by means of him as no one else understand such unique approximately my difficulty. You are amazing! Thanks!|
Now I am going to do my breakfast, after having my breakfast coming yet again to read further news.|
Great article. I will be facing many of these issues as well..|
Hello, i think that i saw you visited my website so i came to “return the favorâ€.I am trying to find things to enhance my web site!I suppose its ok to use some of your ideas!!|
Very nice article, totally what I was looking for.|
Really no matter if someone doesn’t be aware of then its up to other viewers that they will assist, so here it occurs.|
I do not even know how I ended up here, but I thought this post was great. I don’t know who you are but certainly you’re going to a famous blogger if you aren’t already 😉 Cheers!|
My brother recommended I may like this website. He was totally right. This post actually made my day. You can not consider just how a lot time I had spent for this info! Thank you!|