လူနာစောင့်များအတွက် ဟင်းချက်နည်းလမ်းများ
![]() |
လူနာစောင့်များအတွက် ဟင်းချက်နည်းလမ်းများ
ကောင်းမွန်စွာကြိုတင်စီစဥ်ခြင်းသည် ရလာဒ်ကောင်းများကို ဖန်တီးပေးသည်။ လူကြီးများ၏ အာဟာရလိုအပ်ချက်များသည် ကလေးများနှင့် ပုံမှန်အရွယ်ရောက်ပြီးသူများနှင့် မတူညီသောကြောင့် ပို၍အချိန်ယူလေ့လာပါ။
ဟင်းချက်ရာတွင် မည်သည့်ပါဝင်ပစ္စည်းများသုံးမည်ကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ၊ ဓာတ်မတည့်မှုသမိုင်းကြောင်းကို လေ့လာပါ၊ အမြောက်အများချက်ရန်နှင့် ၇ ရက်စာအတွက်ကိုပါ ကြိုတင်စဥ်းစားထားပါ။ ထိုသို့ လုပ်ခြင်းအားဖြင့် စနေ တနင်္ဂနွေပိတ်ရက်များတွင် စျေးဝယ်သွားနိုင်ပြီး အချိန်၊အရင်းအမြစ်များကို ချွေတာနိုင်ပါသည်။ အရေးအကြီးဆုံးမှာ လူကြီး၏ အချစ်ဆုံးသူနှင့် စကားပြော၍ သူကြိုက်တတ်သည်များကို အာဟာရပညာရှင် သို့မဟုတ် ဆေးပညာရှင်နှင့်တိုင်ပင်၍ အစားအသောက်များကို စီစဥ်ပါ။
ပိုမိုပြည့်စုံသောလမ်းညွှန်များကိုသိရှိနိုင်ရန်အတွက်အောက်ပါအကြံပေးချက်များကိုလိုက်နာပါ
အာဟာရအကြောင်းကိုအရင်သိအောင်ကြိုးစားပါ
အသက်အရွယ်ကြီးရင့်သူများအတွက်အလိုအပ်ဆုံးအာဟာရဓာတ်များ
ကယ်လ်ဆီယမ်နှင့်ဗီတာမင်(ဒီ) – အရိုးပမာဏမလျော့ကျစေရန် ကူညီပြီး အသက်အန္တရာယ်ရှိသည့် ကျိုးလွယ်ပျက်စီးလွယ်သော အရိုးများမှကာကွယ်ပေးသည်။
ဗီတာမင်ဘီ 12 – သွေးနီဥဆဲလ်များကို အာရုံကြောလုပ်ငန်းဆောင်တာအတွက် မြင့်မားစေသည်။ အကယ်၍ လူကြီးများတွင် ကျန်းမာသည့် အာရုံကြောများရှိပါက လှုပ်ရှားသွားလာခြင်း၊ အစားအစာဝါးစားခြင်းနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်ခြင်းများမှာ ပြဿနာမဟုတ်တော့ပါ။
ပိုတက်ဆီယမ် -ခန္ဓာကိုယ်ဆဲလ်များ၏ လုပ်ငန်းဆောင်တာများအတွက် အရေးပါသည်။ ၎င်းသည် သွေးကြောနံရံများ လျော့ပါးစေရန် ကူညီပေးခြင်းဖြင့် သွေးတိုးအန္တရာယ်ကို ကာကွယ်ပေးသည်။ ထို့ကြောင့် ၎င်းသည် သွေးလည်ပတ်မှုကို ထောက်ပံ့ပေးပြီး အလွန်အကြူးဖြစ်နိုင်သည့် အန္တရာယ်များကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးသည်။
အမျှင်ဓာတ် – အစာချေဖျက်မှုကို ကျန်းမာစေပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွင်းတွင်ရွေ့လျားစေသည်။
၎င်းသည် စုပ်ယူမှုကိုနှေးကွေးစေခြင်းဖြင့် ကိုလက်စထရောကိုထိန်းညှိပေးသည်။
ရေ – ရေသည် လူကြီးများတွင် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရာတွင် အဓိကသော့ချက်ဖြစ်ပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ဝမ်းပျော့စေရန် ကူညီပေးသည်။
နေ့စဥ် လိုအပ်သော အာဟာရ လိုအပ်ချက်များထက် အနည်းငယ်ပို၍ အကူအညီလိုအပ်ပါက အာဟာရဖြည့်စွက်စာများ ထည့်သွင်းသုံးစွဲနိုင်ပါသည်။ ထိုဖြည့်စွက်စာများသည် လူကြီးများအတွက် အထူးဖော်စပ်ထားသည့် ဖြည့်စွက်စာများဖြစ်ရန် လိုအပ်ပါသည်။ဥပမာအားဖြင့် Ensureမှ လူကြီးများအတွက် အာဟာရပြည့်ဝစွာ ဖြည့်စွက်ထားသော အာဟာရပြည့်ဖြည့်စွက်စာများကို သုံးစွဲရလွယ်ကူစေရန် အမှုန့်အရည် စသည်ဖြင့်
လွယ်ကူသောနည်းလမ်းများ
အစပိုင်းမှာတော့အလုပ်နဲနဲရှုပ်သော်လည်း လုပ်ပုံလုပ်နည်းများကို သိရှိလာပါက သင့်အတွက် အချိန်ကုန် သက်သာ၍ အဆင်ပြေလာပါလိမ့်မည်။ အကယ်၍ အပြောင်းအလဲတစ်ခုခုရှိခဲ့ပါက အရံအစီအစဥ်ရှိထားခြင်းကလည်း အထောက်အကူဖြစ်စေပါသည်။
၁။ပြင်ဆင်ရမြန်ဆန်သည့်အစားအစာမျိုးကိုပြင်ဆင်ပါ။ (ဥပမာ – ရေနွေးငွေ့နှင့်ပေါင်းခံခြင်း၊ အသားကိုခုတ်ပြီး မွှေကြော်ခြင်း)
၂။အစားအစာအားလုံးသည် အစိုင်အခဲဖြစ်ရန် မလိုပါ၊ ဟင်းချိုများ၊ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဖျော်ရည်များကိုစမ်းကြည့်ပါ။
၃။တတ်နိုင်သလောက် လတ်လတ်ဆတ်ဆတ်နှင့် သဘာဝဘက်သွားပါ။ ထိုအရာများသည် ပို၍အာဟာရပြည့်ဝပြီး တခြား မမြင်နိုင်သော ဖြည့်စွက်ပစ္စည်းများ မပါဝင်သောကြောင့်ဖြစ်သည်။ စည်သွပ်ဘူးများ သို့မဟုတ် သိုလှောင်ထားသောပစ္စည်းများကို သုံးရန်လိုအပ်လာပါက ခေါင်းစဥ်စာတမ်းများကိုဖတ်ပြီးနှိုင်းယှဥ်ပါ။
၄။အဆီမပါသော အနီရောင်အသားများ၊ အရေခွံမပါသောကြက်သား၊ အစေ့၊အဆန်များ၊ ပဲပင်များ ကိုရွေးချယ်ပြီး ဆီထဲသို့ နှစ်ကြော်ထားသောအရာများကို ရှောင်ကြဉ်ပါ။
၅။သင်၏ကိုယ်ပိုင်အမွှေးနံ့သာများကို ကြိတ်၍သုံးပါ။ စတိုးဆိုင်များတွင်ရှိသော ဆီသွပ်ဘူးများတွင် ဆိုဒီယမ်နှင့်ကြာရှည်ခံဆေးများ ပါဝင်နိုင်သောကြောင့် ဖြစ်သည်။
၆။အမြောက်အများချက်ပြုတ်ပြီး အပူပေး၍ အဆင်သင့်ပြန်စားရန် လွယ်ကူသောပမာဏများရအောင် အအေးခံ၍ ပြင်ဆင်ထားပါ။ ၎င်းသည် နောင်စားမည့် အစားအစာများအတွက် ပါဝင်ပစ္စည်းများ ဖြစ်သည်။
၇။မုန့် ပဲ သရေစာ အတွက် စီစဥ်ပါ၊ အသင့်ပြင်ဆင်ထားသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဆားမပါသော ရောစပ်ထားသည့် အခွံမာသီးများကိုလည်း ထားရှိပါ။ ထိုသို့ ထားရှိခြင်းဖြင့် အဆာပြေစားချင်စိတ်က ပုံမှန်အစားအစာများကို အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ပေးသည်။
၈။သက်တောင့်သက်သာဖြစ်စေမည့် အစာတစ်ခု နှစ်ခုကို အစားအစာတွင် ထည့်စီစဥ်ပါ။ ထိုသို့ လုပ်ခြင်းဖြင့် လူကြီးများ၏ စားချင်စိတ် ပိုမြှင့်တင်ပေးနိုင်သည်။
၉။လူကြီးများနှင့် အတူတကွ ချက်ပြုတ်ပါ။ ထိုသို့ ချက်ပြုတ်ခြင်းက သူတို့၏ လိုအပ်ချက်များကို ပိုမိုနားလည်နိုင်စေပြီး သူတို့အား စိတ်ပိုင်းဆိုင်ရာ တက်ကြွစေသော အရာအဖြစ်လည်း ထောက်ပံ့ပေးသည်။
References:
- https://www.heart.org/en/health-topics/caregiver-support/top-10-cooking-tips-for-caregivers
- https://www.homecarebyseniors.com/cooking-together-5-tips-cooking-seniors/
- https://www.webmd.com/healthy-aging/features/missing-nutrients#1
- https://ensureindia.in/our-story