လူကြီးများတွင် ဖြစ်တတ်သော ကြွက်သားဆုံးရှုံးခြင်း၏ နောက်ဆက်တွဲပြဿနာများ။

အလိုအလျောက်ကြွက်သားများဆုံးရှုံးခြင်း၊ ကြွက်သားတစ်ရှူး သေးသိမ်လာခြင်း သို့ ဆုံးရှုံးခြင်း၊ အရိုးစုကြွက်သားများဆုံးရှုံးခြင်းနှင့် ကြွက်သားထုဆုံးရှုံးခြင်းတို့သည် ဇီဝဖြစ်စဉ်များဟုမှတ်ယူနိုင်သည် သို့မဟုတ် Sarcopenia ဟုသတ်မှတ်နိုင်သည်။ သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုစတင်ပြောင်းလဲလာပြီး စွမ်းဆောင်ရည်နှေးလာသည့်အခါ ကြွက်သားများ သန်မာမှုနှင့် အာဟာရကို မထိန်းသိမ်းနိုင်ပါက ရွေ့လျားနိုင်မှုအတွက် ပြင်းထန်စွာအဟန့်အတားဖြစ်စေနိုင်ပါသည်။ ကြွက်သားဆုံးရှုံးမှုဖြစ်စေသည့် အကြောင်းအရင်းအတိအကျမရှိသော်လည်း သင်ရှာဖွေပြီး အကူအညီ ရယူနိုင်ပါသည်။ အထောက်အပံ့များကို လတ်ဆတ်သောအစားအစာများ၊ အာဟာရဖြည့်စွက်စာများ ( ဥပမာ – Ensure Gold with HMB) နှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းမှရရှိနိုင်ပါသည်။

ကြွက်သားများ ဆုံးရှုံးစေမည့် ဖြစ်နိုင်ချေရှိသော အခြေအနေများ။

Sarcopenia ၏ ဇီဝကမ္မဖြစ်စဉ်မှလွဲ၍ လူကြီးများတွင် ကြွက်သားများဆုံးရှုံးနိုင်သည်။

  • ရောဂါကြောင့်အချိန်ကြာကြာအိပ်ရာထဲမှ မထနိုင်ခြင်း။
  • ကြွက်သားများရောင်ရမ်းခြင်းနှင့် အနီကွက်များအမြဲရှိနေခြင်း။
  • ဒဏ်ရာများကိုကုသခြင်း။
  • အာဟာရချို့တဲ့မှုနှင့်ရင်ဆိုင်ရခြင်း။
  • နာကျင်မှုဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါရှိခြင်း။
  • အခြားအခြေအနေများကြောင့်ဘေးထွက်ဆိုးကျိုးပြင်းထန်သောဆေးများသောက်သုံးရခြင်း။
  • အရက်စွဲနေခြင်း

လူကြီးတစ်ယောက်အနေဖြင့်ဘယ်လိုပြဿနာတွေကို သတိထားသင့်သလဲ။

အစာစားချင်စိတ် – အစာမစားပါက ကြွက်သားများ ပြန်လည်ပြုပြင်ရန်နှင့် ပြန်လည်ကြီးထွားရန်လိုအပ်သော အာဟာရများကို ရရှိမည်မဟုတ်ပါ။ အကယ်၍ သင်သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦး သည် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် မကြာခဏ အစားအစာများကို ငြင်းပယ်ခြင်းများပြုလုပ်ပါက သူတို့စားသုံးသော အာဟာရများကို စစ်ဆေးပြီး ထောက်ပံ့ပေးပါ။ ဝါးခြင်းဆိုင်ရာပြဿနာများနှင့် အခြားကျန်းမာရေးဆိုင်ရာအခြေအနေများကြောင့် အရသာပျက်ခြင်း၊ အာဟာရများချို့တဲ့ခြင်းကြောင့် ကြွက်သားများဆုံးရှုံးခြင်းသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များပါသည်။

ရုပ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုများ – လမ်းလျှောက်ခြင်းဆိုင်ရာပြဿနာများအပြင် ကြွက်သားများဆုံးရှုံးခြင်းကြောင့် လူကြီးများ၏ အသက်ရှူစွမ်းရည်ကို ထိခိုက်စေနိုင်သည်။ ကြွက်သားများဆုံးရှုံးသည်ဖြစ်စေ၊ မဆုံးရှုံးသည် ဖြစ်စေ အမြင်အာရုံအပြောင်းအလဲများ၊ သတိလစ်သွားခြင်း သို့မဟုတ် အချို့သောကိုယ်အင်္ဂါအစိတ်အပိုင်းများ ရုတ်တရက် မလှုပ်ရှားနိုင်ခြင်း သည် လေဖြတ်ခြင်း၏ အစဖြစ်နိုင်သည်။ ကြွက်သားများဆုံးရှုံးခြင်းသည် ကိုယ်ခံအားတုံ့ပြန်မှု ကျဆင်းခြင်း၊ အရိုးချို့ယွင်းခြင်း၊ အနာကျက်မှု ကြာရှည်ခြင်း၊ ထုံကျဉ်ခြင်း နှင့် တုံ့ပြန်မှု အချိန်များနှေးကွေးခြင်းတို့ ဖြစ်စေနိုင်သည်။

စိတ်ပိုင်းဆိုင်ရာ – မည်သည့်ကျန်းမာရေးအခြေအနေမဆို၊ အထူးသဖြင့် လှုပ်ရှားနိုင်မှုကို ထိခိုက်စေနိုင်သော ကြွက်သားဆုံးရှုံးခြင်းသည် စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ လူကြီးတစ်ဦး၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ထိုင်ခုံမှာခြေချူပ်မိနေပြီး ပြုစုစောင့်ရှောက်မှု ခံယူနေရလျှင်ပင် မရင်းနှီးသောသူများ၏ စောင့်ရှောက်ခြင်းကို ခံရခြင်းပင်ဖြစ်သည်။ အသိဥာဏ်ချို့ယွင်းခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် တစ်ခုနှင့်တစ်ခု အကြောင်းရင်းနှင့် ရလဒ်ဖြစ်နိုင်သကဲ့သို့ နှစ်ခုစလုံး၏ ဦးတည်ချက်ဖြစ်သည်။

ငယ်ရွယ်စဉ်တွင် သင့်ခန္ဓာကိုယ်သည် အဆင်မပြေသည့်အလေ့အထများမှ အလွယ်တကူ ပြန်ကောင်းနိုင် သော်လည်း အသက်ကြီးလာသည့်အချိန်တွင် ၎င်း လက္ခဏာများပြန်ပေါ်လာတတ်ပြီး ပြန်ကောင်းနိုင်မည် မဟုတ်ပါ။ အိုမင်းရင့်ရော်ခြင်းကို မတားဆီးနိုင်သော်လည်း ကောင်းမွန်စွာဖြတ်သန်းနိုင်သည်။ တခါတရံတွင် အစားအသောက်များနှင့် သဘာဝပါဝင်ပစ္စည်းများသို့ ပြောင်းခြင်း၊ ပုံမှန်စီစဉ်ထားသော ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်များ၊ ဆေးဝါးများပြန်လည်ကြည့်ရှုခြင်းနှင့် ပံ့ပိုးကူညီမှုများပြုလုပ်ခြင်း စသည့် စားသောက်မှုအလေ့အထကို ရိုးရှင်းစွာပြောင်းလဲခြင်းဖြင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။ ကြွက်သားကြံ့ခိုင်မှုကို စမ်းသပ်ရန် လွယ်ကူသောနည်းလမ်းမှာ Stand Up for Strength Muscle Age Test ကို ဖြေဆိုခြင်းဖြစ်သည်။ ၎င်းသည်  အချိန်သတ်မှတ်ပြီး ကုလားထိုင်မှ ထိုင်ထအနည်းငယ်လုပ်ဆောင်ခြင်းပါဝင်သည်။ သင်ကိုယ်တိုင် မထိန်းချုပ်ပဲဘယ်လောက်မြန်မြန်လုပ်ဆောင်နိုင်သည်ပေါ်မူတည်၍ ၎င်းသည် သင့်ကြွက်သားအသက်အရွယ်ကို ဆုံးဖြတ်ပေးသည်။

၁။ သက်တောင့်သက်သာရှိသော ကုလားထိုင်ပေါ်တွင်ထိုင်၍ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ပခုံးပေါ်တွင်တင်ထားပြီး ခြေထောက်ကို ကြမ်းနှင့်ထိထားပါ။

၂။ ထိုင်ထ (၅) ကြိမ်ခန့်ပြုလုပ်ပါ။

၃။ ၅ ကြိမ်ပြုလုပ်ခြင်းသည် အချိန်ဘယ်လောက်ကြာသလဲဆိုတာကို သင့်ကိုယ်သင်အချိန်ပေးပါ။

၄။ သင်၏ အသက်အရွယ် ကျား၊ မ တို့နှင့်အတူ ကြွက်သားသန်မာမှု တွက်စက်ထဲသို့ သင်ပြုလုပ်သော ကြာချိန်ကို ထည့်သွင်းပါ။

၅။ ဖော်ပြသောအသက်သည် သင့်ကြွက်သားအသက်ပေါ်မူတည်ပါသည်။ သင့်အသက်အရွယ် လူများ၏ ပျမ်းမျှကြာချိန်ကို နှိုင်းယှဉ်ခြင်းဖြင့် သင်၏ အချိန်ကို တွက်ချက်နိုင်ပါသည်။

သို့သော် အချို့သော လူနေမှုအခြေအနေများနှင့် လတ်ဆတ်သော အစားအစာများကို စားသုံးခွင့် ကန့်သတ်ခြင်းကြောင့် သင့်လျော်သော အာဟာရ ရရှိရန် လူကြီးအချို့အတွက် ခက်ခဲနိုင်သည်။ ထို့ကြောင့် Ensure Gold with HMB ကဲ့သို့သော ကမ္ဘာပထမဆုံး HMB ပါဝင်သည့် ဖြည့်စွက်စာများသည် ပြည့်စုံမျှတသော အာဟာရကို ဖြည့်ဆည်းပေးပါသည်။ HMB ဆိုတာဘာလဲ။ Hydroxymethylbutyrate (HMB) သည် ကြွက်သားများ ပြုပြင်ရန်နှင့် ပြန်လည်တည်ဆောက်ရန် အရေးကြီးသော အမိုင်နိုအက်စစ် Leucine ၏ ဇီဝဖြစ်စဉ် တစ်ခုဖြစ်သည်။ ၎င်းအာဟာရဓာတ်သည် လူကြီးများအတွက် အထူးအရေးကြီးပြီး ကြွက်သားပြိုကွဲမှုကို နှေးကွေးစေပါသည်။ Ensure Gold with HMB ကို အမှုန့်၊အရည် ဖြင့်ရရှိနိုင်သည်။ လူကြီးများအား ၎င်းတို့၏ ကြွက်သားကျန်းမာရေးကို အပြည့်အဝထောက်ပံ့ပေးနေစဉ်တွင် အံ့ဝင်ခွင်ကျဖြစ်စေရန်နှင့် ၎င်းတို့လိုချင်သည့် ဘဝတွင် ကောင်းမွန်စွာနေထိုင်နိုင်ရန် လိုအပ်သည့်နည်းလမ်းများစွာကို လူကြီးများ ရွေးချယ်နိုင်ပါသည်။

အခမဲ့ နမူနာ ရယူပါ။

References:

  1. https://academic.oup.com/jn/article/129/1/256S/4723305
  2. https://www.senioradvisor.com/blog/2016/03/what-causes-loss-of-appetite-in-elderly/
  3. https://www.healthgrades.com/right-care/bones-joints-and-muscles/muscle-atrophy
  4. https://musculardystrophynews.com/2017/07/17/complications-muscular-dystrophy/
  5. https://europepmc.org/article/PMC/5971168
  6. https://abbott-campaigns.com/ensure-stand4strength/
  7. https://abbottfamily.com.sg/brands/ensure/ensure-gold-hmb-liquid