စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်
![]() |
စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်
လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီး ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကြာခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလို ရောဂါအမျိုးမျိုး ပေါ်ထွက်နေတဲ့အချိန်မှာဆိုရင် ကိုယ်ခံအားစနစ် စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။
ဒီကိုယ်ခံအားပေါ်ကို သက်ရောက်နေတဲ့အချက်ကလည်း တစ်ခုမကပါဘူး။ ဒီတော့ အမျိုးမျိုးသော ရောဂါတွေကိုတိုက်ထုတ်ဖို့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားကောင်းနေစေဖို့ ကောင်းမွန်တဲ့အစားအသောက်နဲ့ အာဟာရ ပြည့်ဖို့လိုအပ်ပါတယ်။
ကိုယ်ခံအား ဆိုတာက ဘာလဲ………
ကိုယ်ခံအားဆိုတာက နားလည်လွယ်အောင် ပြောပြရရင် ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ ကာကွယ်ပေးပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး ခိုင်မာတောင့်တင်းနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။
ကိုယ်ခံအားကောင်းစေဖို့ ဘာတွေလိုအပ်မလဲ………..
ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်စေဖို့ အရေးအကြီးဆုံး အချက်တစ်ခုက လုံလောက်ပြည့်ဝတဲ့ အာဟာရ ရရှိဖို့ပါ။ ဒါ့အပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု၊ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အရက် နဲ့ ဆေးလိပ်ကင်းစင်မှုတွေ အစရှိသဖြင့်လည်း လိုအပ်ပါမယ်။
အဲဒီထဲမှာမှ အခြေခံအကျဆုံးက လုံလောက်ပြည့်ဝတဲ့အာဟာရ ရရှိဖို့ပါ။
အစားစားတိုင်း အာဟာရပြည့်ဝတာ မဟုတ်ပါဘူး။ အာဟာရပြည့်ဝပြီး ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာ ဒါလေးတွေ ပါဝင်စေဖို့ ဂရုစိုက်သင့်ပါတယ်။
ပရိုတင်း
ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ နေ့စဉ်ကောင်းစွာ လှုပ်ရှားစေနိုင်ဖို့ရော အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ပါ လိုအပ်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်က တစ်ရှူးတွေကို တည်ဆောက်ရေးနဲ့ ပြုပြင်ရေးကို တာဝန်ယူထားတဲ့ အာဟာရဓာတ်တစ်မျိုးပါ။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့အတွက်လည်း အကောင်းဆုံးအား ဖြည့်ပေးပါသေးတယ်။ ခန္ဓာကိုယ် ရောဂါတွေဝင်မလာအောင် တားဆီးပေးနေတဲ့ antibodies တွေနဲ့ ကိုယ်ခံအားဆဲလ်တွေ ကလည်း ပရိုတင်းအပေါ်မှာ မှီခိုနေရတာပါ။ ပရိုတင်း လုံလောက်ပြည့်ဝစွာ မစားမိတဲ့အခါ ကိုယ်ခံအားက နည်းသွားမှာပါ။
ပရိုတင်းတွေကို အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေ၊ ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်ပါတယ်၊
ဗီတာမင် C
ဗီတာမင် C က ကိုယ်ခံအားကို ထောက်ကူပေးတယ်ဆိုတာ ပြောပြနေစရာမလိုအောင် သိပြီးဖြစ်မှာပါ။ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် C ပြည့်ဝလုံလောက်စွာ ပါဝင်စေဖို့ ဂရုစိုက်ရပါမယ်။ အအေးမိ၊ဖျားနာကစလို့ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ဗီတာမင် C ကအရေးပါပါတယ်။
ချဉ်တဲ့အသီးတွေဖြစ်ကြတဲ့ သံပရာသီး၊ လိမ္မော်သီး၊ မာလကာသီး အပြင် ကိုက်လန်၊ ငရုတ်ပွတို့ကနေလည်း ရရှိနိုင်ပါတယ်။
ဗီတာမင် E
ဗီတာမင် E ကလည်း ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။ အရေပြားပြဿနာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးပါတယ်။
အယ်လ်မွန်စေ့၊ မြေပဲ၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် A
အရောင်အသွေးလှတဲ့ အသီးအနှံလေးတွေမှာ ပါတတ်တဲ့ ဗီတာမင် A က ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ပေးနိုင်စေဖို့ အကောင်းဆုံး ပံ့ပိုးပေး ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစေပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါ တယ်။
မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေးတို့ကို စားသုံးပေးလို့ ရပါတယ်။
ဗီတာမင် D
ဗီတာမင် D ကလည်းကိုယ်ခံအားကောင်းချင်သူတိုင်း မေ့ထားလို့ မဖြစ်တဲ့ ဗီတာမင် တစ်ခုပါ။ ဒီ ဗီတာမင်က အစားအစာကဆိုတာထက် နေရောင်ခြည်ကနေ ပိုရနိုင်ပါတယ်။ သဘာဝရဲ့ ဗီတာမင် တစ်မျိုးပေါ့။
တူနာငါး၊ ကြက်ဥ အနှစ်တို့ကနေလည်း ရရှိနိုင်ပါတယ်။ မနက်ခင်းနေခြည်နုနုလေးကလည်း ဗီတာမင် D အရင်းအမြစ် တစ်ခုပေါ့။
ဖောလိတ်
ဖောလိတ် (ဖောလစ်အက်ဆစ်) က ကျန်းမာရေးအတွက် အကျိုးများသလို ကိုယ်ခံအားအတွက်လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်တွေကနေရရှိနိုင်သလို ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။
သံဓာတ်
ခန္ဓာကိုယ်က ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကိုယ်ခံအားကောင်းနေစေဖို့လည်း ထောက်ပံ့ပေးပါတယ်။
ကြက်သား၊ ကြက်ဆင်သား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ကနေ ရရှိနိုင်ပါတယ်။ သံဓာတ်ဖြည့်စွက် ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။
Selenium
ကိုယ်ခံအားအပေါ်မှာ တော်တော်လေး သက်ရောက်မှုရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ကင်ဆာအပါအဝင် ရောဂါတော်တော်များ များ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေ့စဉ် စားသုံးပေးနိုင်လေ ကိုယ်ခံအားအတွက်ကောင်းလေလေပါ။
ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်း၊ တူနာငါးတွေမှာ ပါဝင်နေပါတယ်။
ဇင့်
ကိုယ်ခံအားကို အားဖြည့်ပေးသလို နာကျင်မှု၊ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ရောဂါတွေကို ကာကွယ်တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ကမာ၊ ဂဏန်း၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။
နေ့ရက်တိုင်းမှာ အခုလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝလုံလောက်အောင် စားသုံးပါမှ ကျန်းမာတဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်လို့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်တော့မှာပေါ့။ ဒီလိုမျိုး အစာအုပ်စုအစုံအလင်ပါဝင်အောင် စားပေးလို့ရသလို အစားရွေးတတ်တဲ့သူတွေ အစာအုပ်စုအကုန်စုံအောင် မလုပ်နိုင်တဲ့သူတွေနဲ့ အစားသိပ်မဝင်တဲ့သူတွေအနေနဲ့လည်း အဲဒီအာဟာရတွေအကုန် ပြည့်စုံလုံလောက်အောင် ပါဝင်တဲ့ ဖြည့်စွက်အစားအစာနဲ့ ဖျော်ရည်တွေ သောက်သုံးပေးလို့ရပါတယ်။
ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်တွေရရှိနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်နေမှာဖြစ်ပြီး ရောဂါပိုးတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးနိုင်တာကြောင့် ရောဂါဆိုးတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးနေမှာပါ။
It’s appropriate time to make a few plans for the long run and it’s time to be happy. I’ve learn this submit and if I may I desire to recommend you some interesting things or suggestions. Maybe you could write subsequent articles relating to this article. I desire to read even more things approximately it!|
It’s perfect time to make some plans for the longer term and it’s time to be happy. I have read this put up and if I may just I wish to recommend you few interesting things or suggestions. Perhaps you can write subsequent articles relating to this article. I want to read even more things about it!|
I think this is one of the so much significant info for me. And i am glad studying your article. However wanna statement on some common issues, The site style is perfect, the articles is in point of fact excellent : D. Good process, cheers|
Thank you for the good writeup. It in fact was a amusement account it. Look advanced to more added agreeable from you! However, how could we communicate?|
Hi there! I could have sworn I’ve been to this website before but after going through many of the posts I realized it’s new to me. Anyhow, I’m definitely delighted I came across it and I’ll be bookmarking it and checking back frequently!|
Today, I went to the beachfront with my children. I found a sea shell and gave it to my 4 year old daughter and said “You can hear the ocean if you put this to your ear.” She put the shell to her ear and screamed. There was a hermit crab inside and it pinched her ear. She never wants to go back! LoL I know this is entirely off topic but I had to tell someone!|
Can I just say what a relief to find somebody that actually understands what they are discussing on the internet. You definitely realize how to bring a problem to light and make it important. More people really need to check this out and understand this side of the story. I can’t believe you’re not more popular since you certainly possess the gift.|
Highly descriptive post, I enjoyed that a lot. Will there be a part 2?|
What’s up it’s me, I am also visiting this website on a regular basis, this web site is in fact good and the visitors are actually sharing good thoughts.|
You have made some really good points there. I checked on the net for more info about the issue and found most people will go along with your views on this web site.|
I may need your help. I’ve been doing research on gate io recently, and I’ve tried a lot of different things. Later, I read your article, and I think your way of writing has given me some innovative ideas, thank you very much.