သက်ကြီးရွယ်အိုများ အတွက် ရောဂါတားဆီးရေးအချက်များ
![]() |
သက်ကြီးရွယ်အိုများ အတွက် ရောဂါတားဆီးရေးအချက်များ
ရောဂါပိုးမွှားများသည် ဘက်တီးယားများ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကပ်ပါးကောင်များကြောင့် အများဆုံးဖြစ်ပွားနိုင်သည်။ ၄င်းတို့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီဆိုလျှင် ဖျားနာခြင်းကိုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာများကိုလည်း အနှောင့်အယှက်ပေးပါသည်။ စိတ်ပူစရာတော့မလိုပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်းသည် ကူးစက်ရောက်ဂါနှင့် ရောဂါများဖြစ်ပွားမှု မှ ကာကွယ်ရန် ပထမဆုံးကာကွယ်မှုဖြစ်ပါသည်။
၁။ ကာကွယ်ဆေးထိုးခြင်း။ ကာကွယ်ဆေးထိုးခြင်းသည် ဥမာအားဖြင့် အဆုတ်ရောင်၊ တုပ်ကွေးနှင့် အသည်းရောင်အသားဝါ စသည့်ဖြင့် ကူးစက်ရောဂါများကို ရှောင်ရှားရန်နည်းလမ်းတစ်ခုဖြစ်ပါသည်။
၂။ လက်ကိုမကြာခဏဆေးကြောခြင်း။ ဆပ်ပြာ(သို့မဟုတ်) လက်သန့်စင်ဆေးရည်ဖြင့် လက်ဆေးကြောတဲ့အခါ လက်ဖဝါး၊ လက်ဖမိုးနှင့် လက်ကောက်ဝတ်နှင့် လက်ချောင်းကြားများ၊ လက်သည်းကြားများကိုပါ ပွတ်တိုက်ပါ။ ပြီးလျှင် ရေများများနှင့်ဆေးကြောပြီး လက်နှင့် လက်ကောက်ဝတ်များကို ခြောက်သွေ့အောင်လုပ်ပါ။
၃။ ချောင်းဆိုးခြင်း၊ နှာချေခြင်းများပြုလုပ်ပါက သင့်၏တန်တောင်ကွေးကို အသုံးပြုပါ။ (သို့မဟုတ်) တစ်ရှူး၊ လက်ကိုင်ပုဝါများကို အသုံးပြုပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် အခြားသူများထံရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်သည်။
၄။ သင့်ပတ်ဝန်းကျင်နှင့် သင်နေထိုင်ရာနေရာကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပါ။ ဖြစ်နိုင်လျှင် မမြင်နိုင်သော ပိုးမွှာများကို သေစေနိုင်ရန်အတွက် ပိုးသတ်ဆေးအသုံးပြုပြီး သန့်စင်ပါ။
၅။ အရွက်၊ အသား၊ အသီးနှင့် စသည့်များမှ တဆင့်ရောဂါပိုးများ ခန္ဓာကိုယ်ထဲသို့ဝင်နိုင်သောကြောင့် အစားသောက်များကိုသေချာစွာသန့်စင်ပြီးမှ စားသုံးပါ။
အထက်ပါအချက်များသည် ဖျားနာခြင်း(သို့မဟုတ်) ရောဂါကူးစက်ခြင်းကိုရှောင်ရှားနိုင်ရန် ရိုးရှင်းသောတစ်ကိုယ်ရည်အကြံပေးချက်များဖြစ်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းမွန်သည်ကို အမြဲသတိရပါ။.