သက်ကြီးရွယ်အိုများအတွက် အရေးပေါ်အခြေအနေ မရှိမဖြစ် ပစ္စည်းများ ပြင်ဆင်ပေးရန် လိုအပ်ခြင်း
![]() |
သက်ကြီးရွယ်အိုများအတွက် အရေးပေါ်အခြေအနေ မရှိမဖြစ် ပစ္စည်းများ ပြင်ဆင်ပေးရန် လိုအပ်ခြင်း
တစ်ကမ္ဘာလုံး ဖြစ်ပွားလျှက်ရှိသည့် COVID-19 ရောဂါသည် သက်ကြီးရွယ်အိုများအတွက် ကာကွယ်နိုင်စွမ်း နည်းပါးပြီး ကူးစက်နိုင်ချေ အင်မတန်များပါသည်။ နှလုံးရောဂါ၊ ဆီးချို နှင့် ကင်ဆာရောဂါရှိသည့် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အိုများသည် ကူးစက်နိုင်ချေ ပိုမိုများပြားကြောင်း လေ့လာမှုအရ့ တွေ့ရှိရသည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုးတွင် သက်ကြီးရွယ်အိုများအား အထူးဂရုစိုက်ရန် လိုအပ်သည်။
COVID-19 ရောဂါကို ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းသည် သူတို့အား လူစုလူဝေး ဝေးဝေးနေစေခြင်း(social distancing) ဖြစ်သည်။ ဥပမာ- ချစ်သူခင်သူများနှင့် အဆက်ဖြတ်ထားခြင်း မဟုတ်ဘဲ ယင်းတို့ အလည်အပတ်ပြုလုပ်ခြင်းအား ကန့်သတ်ပြီး လူထူထပ်သောနေရာများသို့ မသွားစေခြင်းဖြစ်သည်။ Social Distancing ကို ကျင့်သုံးသလို သက်ကြီးရွယ်အိုများအား အိမ်တွင်းမှာသာ နေစေပြီး Self Quarantine လုပ်လျှင် သာ၍ကောင်းမွန်သည်။
ထို့သို့ဆိုလျှင် ယင်းတို့အတွက် မရှိမဖြစ် ပစ္စည်းများကို ပြင်ဆင်ထားရန် လိုအပ်သည်။ ထိုသို့ပြင်ဆင်ရန် လိုအပ်သည်များမှာ
၁။ ၁ လ မှ ၃ လ စာအတွက် လုံလောက်သည့် ဆေးဝါး
၂။ ၂ ပတ်စာ ဖူလုံသည့် မပုတ်သိုးနိုင်သော အစားအစာ
အခြောက်ခံ (သို့) စည်သွပ်ထားသော စားစရာများ: ဟင်းချို၊ စည်သွပ်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများသည် အာဟာရဖြစ်ပြီး ပိုမို အထားခံသည်။
အေးခဲထားသော အစားအစာများ: ဟင်းသီးဟင်းရွက်နှင့် သစ်သီးများအား အေးခဲထားခြင်းက ပုတ်သိုးမှာကို စိုးရိမ်စရာ မလိုစေပါ။
အခြောက်ခံ (သို့) အေးခဲ အခြောက်ခံထားသော အစားအစာများ: အခြောက်ခံထားသော သစ်သီးများသည် အကောင်းဆုံး သွားရည်စာဖြစ်သည်။ ပဲခြောက်များသည် စျေးပေါသလို အာဟာရလည်းဖြစ်စေပြီး ချက်ပြုတ်ရန်အတွက် အနည်းငယ် အချိန်ပေးပြီး အားထုတ်ရန် လိုအပ်သည်။ လွယ်ကူရန်အတွက် အေးခဲအခြောက်ခံထားသော အစားအသောက်များကို သိမ်းဆည်းထားသင့်သည်။
Pasta နှင့် ဆန်: ဆန်နှင့် Pasta သည် ချက်ပြုတ်ရန် လွယ်ကူသလို အစာချေဖျက်ရန်လည်း လွယ်ကူသည်။ ကြာရှည် အထားခံပြီး ဝယ်ယူရန်လည်း စျေးသက်သာ လွယ်ကူသည်။
ပေါင်မုန့်နှင့် ဘီစကွတ်: ကာဗိုဟိုက်ဒရိတ်ဓာတ်အား ကြွယ်ဝစွာ ပေးစွမ်းမည့် အစားအစာများ ဖြစ်သည်။
၃။ ၂ ပတ်စာ အတွက် လုံလောက်သော ရေ
၄။ ဆေးစာမလိုသော ဆေးဝါးများ
အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး နှင့် ချောင်းဆိုးပျောက်ဆေးများ
၅။ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းအစုံအလင် (ပိုးသတ်ဆေးနှင့် လက်ဆေးရည်များ အထူးလိုအပ်)
၆။ ဖုန်းအားသွင်းကြိုးနှင့် ဖုန်းတို့အပြင် အခြားဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ
ချစ်သူခင်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများကို ပဋိပက္ခဖြစ်စဉ်အတွင်းမှာ စောင့်ရှောက်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်းက အထူးအရေးကြီးပါတယ်။ ကြိုတင်မမြင်နိုင်တဲ့ အခြေအနေအတွင်းမှာ သူ၏လိုအပ်ချက်ကိုလည်း အရေးပေါ် ပစ္စည်းများ ပြင်ဆင်သည့်အခါ ထည့်သွင်းစဉ်းစားပေးပါ။